လက်ခံလိုက်ပါ

in #esteemapp6 years ago

image

လက်ခံလိုက်ပါ

 What is acceptance?
လက်ခံတယ် ဆိုတာ ဘာလဲ။ 
လက်ခံတယ်ဆိုတာ မငြင်းပယ်တော့တာ တစ်နည်းအားဖြင့် အရှိကိုအရှိအတိုင်းနားလည်ပြီး ကျေနပ်လိုက်တာ နော်။ 
  ဆက်ဆံရေးမှာခံစားရတာတွေ .. ကိုယ့်ဘဝပေးအခြေအနေ ... မဖြေသိမ့်နိုင်သေးတဲ့ခံစားချက်တွေ .. ရင်ဆိုင်နေရတဲ့ပြဿနာတွေ ဒုက္ခတွေ .. ကိုယ့်ဝင်ငွေကို ကျေနပ်မှုမရှိတာတွေ.. လုပ်နေရတဲ့အလုပ်ကိုမကြိုက်ဘူး ဖြစ်နေတာတွေ ..  အကောင်အထည်ပေါ်မလာတဲ့ ကိုယ့်အိမ်မက်တွေ..  
ဒါတွေအားလုံးအပေါ် အရှိအတိုင်း လက်ခံလိုက်ပြီးတော့... စိတ်ထဲမှာ ရှိပါစေတော့လေ.. လို့ ကျေနပ်လိုက်တယ်... ပြီးတော့ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်တယ် ... 
Acceptance ဆိုတာ မျက်စိကိုအသာလေးမှိတ်ပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်တာနော် ..။ လူမသိသူမသိ ကျတဲ့ မျက်ရည်တွေကို alright လို့ ပြောလိုက်တာ ။ reality ကို လက်ခံပါတယ်လို့.. ပြောလိုက်တာ ။  ဘဝမှာရှိလာတဲ့ အရာရာတိုင်းကို ငြင်းပယ်မနေတော့ဘူး .. ။ ကိုယ့်ဒုက္ခတွေရော မျက်ရည်တွေရောကို ပွေ့ဖက်လိုက်တယ်...  ပြီးတော့ လက်လွှတ်လိုက်တယ်။ 

အဲလို လက်ခံလိုက်ပြီ .. alright လို့ ပြောနိုင်ပြီး ဆိုရင် ဘာဖြစ်မလဲ။
ရင်ထဲမှာ ပြည့်ကျပ်နေတာကြီး လျော့သွားတယ်။ ခေါင်းထဲမှာ ကျပ်ခဲနေတာကြီး သက်သာသွားတယ်။ ဥာဏ်ထဲမှာလည်း ပွင့်သွားတယ်နော်။ 
 မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့ သိပြီး လက်လွှတ်လိုက်နိုင်တယ်။ မဖြစ်နိုင်တာကို လက်လွှတ်နိုင်တော့ ဖြစ်နိုင်တာ ဘာလဲ ဆိုတာ ပိုသိလိုက်ရတယ်။ 
  လက်မခံနိုင်တဲ့ စိတ် အတွေးတွေထဲမှာ ပိတ်မနေတော့ အနာဂါတ်ကို လှမ်းမြင်နိုင်တယ်။
ခု လက်ရှိအခြေအနေနဲ့ ရှေ့မှာဖြစ်နိုင်ခြေ နှစ်ခုကို ပေါင်းစပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်အသစ်တစ်ခု ချနိုင်တယ်။
 ပျောက်ဆုံးနေတဲ့ ကိုယ့် energy တွေ ကိုယ် ပြန်တွေ့လိုက်တယ် ပြန်ရလိုက်တယ်။
 ပရမ်းပတာခုန်နေတဲ့ ကိုယ်နှလုံးခုန်စည်းချက်တွေကို ကိုယ်ပြန်လည်ထိန်းချုပ်နိုင်တယ်။ 

Reality ကို နားလည် လက်ခံတဲ့အခါ .. လောကကြီးဟာ ကိုယ့်လောကကြီး ပြန်ဖြစ်သွားတယ်။
image
အခြေအနေကို နားလည်လိုက်တယ် သဘောပေါက်လိုက်တယ် .. ပြီးတော့ လက်ခံလိုက်တယ် ဆိုတာ အင်မတန်အစွမ်းထက်တဲ့ အတွေ့အကြုံပါ။
မကျေနပ်တဲ့စိတ် မရှိတော့ပဲနဲ့ .. စိတ်အေးအေး ခေါင်းအေးအေးနဲ့ကို နားလည်လိုက်တယ် သဘောပေါက်လိုက်တယ် .. ။ ကိုယ့်ရဲ့ brain က အဲဒါကို သိပ်ရချင်တယ် သိပ်ကြိုက်တယ်နော်။
အမှန်ကို ခေါင်းအေးအေးနဲ့ မြင်ပြီ လက်ခံပြီ ဆိုတာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းတဲ့ hormone တွေ ချက်ချင်း ထုတ်ပေးတယ်။ ဦးနှောက်ထဲမှာ ဓာတ်တစ်မျိုးထွက်လာတယ်။ အဲဒီဓာတ် ထွက်လာရင် လက်ဖျားခြေဖျားထိတိုင်အောင် energy ကို ခံစားလို့ရတယ်။ လက်မခံနိုင်သေးသ၍ ပိတ်ဆို့နေတဲ့ neurons တွေကို လမ်းရှင်းပေးတယ် လမ်းကြောင်းအသစ် ရှာပေးတယ် ။
အသိအမြင် ပွင့်သွားတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်တယ်။ ရည်မှန်းချက် အသစ်တစ်ခု ထားနိုင်တယ်။ အမြင်သစ် အတွေးသစ် ရသွားတယ်။ လူဟာ အားသစ်အင်သစ် ဖြစ်တယ်နော်။
အဲဒီအားသစ်အင်သစ်ကသာ ကိုယ့်ကို next step ကို ရောက်အောင် ခေါ်သွားမှာပါ။

 ဒီနေ့ လက်ရှိ ဘာကြီးပဲ ဖြစ်နေနေ ကိုယ့်ကိုယ်ကိုယ် လက်ခံလိုက်ရအောင် Alright လို့ ပြောရအောင်နော်။ 

လက်ခံလိုက်ပါ။ 
ကိုယ့်ကိုယ်ကိုယ်တစ်ဆင့် မြှင့်လိုက်ပါ။
ဒီဘဝဟာ ငါ့ဘဝ ။
ဒီနေ့ဟာ ငါ့ရဲ့နေ့ ။
မှန်ကန်တဲ့အသိအမြင်ဟာ ငါ့ရဲ့လမ်းပြ ။ 
I'm ready to move on. 
ရှေ့ဆက်သွားဖို့ အဆင်သင့် ။

photo: facebook

image

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60578.94
ETH 2625.05
USDT 1.00
SBD 2.54