အန်သီး

in #esteemapp6 years ago

image

"ကိုကို​နော်​ တအားညစ်​ပတ်​တာပဲ သွား "

ငမ့်​ ... အသံကြီးက သူ့ဖင်​​အောက်​ကထွက်​လာတာကို ငတိမက
ကျုပ်​ကိုလွှဲချ​သေးတယ်​ ... အသံကကျယ်​​တော့ ​ဘေးကလူ​တွေကြား
တာ​ပေါ့ ...

သူတို့က​တော့ ကျုပ်​​ပေါက်​တယ်​ထင်​မှာ ...

"ဘူ ... "

"ဟာ ... ကိုကို​နော်​ ... ခဏခဏမ​ပေါက်​နဲ့ကွာ ... သဲရှက်​တယ်​ "

"ငွီး ... ကိုကိုမ​ပေါက်​ဘူး​လေ "

အဲလို​ပြော​တော့ ငတိမက မျက်​​စောင်းကြီးလှမ်းထိုးတယ်

"ကိုကို မ​ပေါက်​ဘူးဆို​တော့ သဲ​ပေါက်​တာ​ပေါ့ ဟုတ်​လား "

"အဲလိုမ​ပြောပါဘူး ... ကိုကိုက ကိုကိုမ​ပေါက်​ဘူးပဲ​ပြောတာ ... "

"ပြီး​ရော ... "

ငတိမက မသိချင်​​ယောင်​​ဆောင်​ပြီးတမင်​ရစ်​တာ ... ကျုပ်​မှမ​ပေါက်​ပဲ
သူမ​ပေါက်​ရင်​ ဘယ်​သူလာ​ပေါက်​မလဲ​ဗျာ ...

"လာ ကိုကို ဟိုဖက်​သွားမယ်​ "

ငတိမက ခုံ​ပေါ်က​နေ မတ်​တပ်​ထရပ်​လိုက်​​ရော ...
အဲဒီကျမှ အနံက ​ထောင်းခနဲထလာတာ ... ပို​သေချာပြီ​လေ
ငတိမ လက်​ချက်​ဆိုတာ ဆိုးလိုက်​တဲ့အနံ့ဆိုတာလည်း ​ပေငါးဆယ်
ပတ်​လည်​​လောက်​က​တော့ အသာ​လေး​ရောက်​တယ်​ ...

"လာဆို ... ဟိုဖက်​သွားမယ်​ "

"အင်းပါကွာ ... "

ငတိမက မုန့်​ဆိုင်​ကို တန်းပြီးသွားတာ အဲဒီလို အီးနှစ်​ချက်​​လောက်
ပေါက်​လိုက်​ရင်​ ငတိမ ​ဗိုက်​ဆာလာ​ရော​လေ

မုန့်​ဆိုင်​​ရှေ့​ရောက်​​တော့ ...

"ဘာယူမလဲ ... "

"ပူ ... "

"တင်း ... "

ကျုပ်​ကအ​နောက်​ကတစ်​လုံးကိုလိုက်​ဖြည့်​ရတယ်​ မဟုတ်​ရင်
ငတိမ အီး​ပေါက်​တာ သိသွားမှာဆိုးလို့

"ပူတင်းက မရှိ​တော့ဘူး ကုန်​​နေတယ်​ ... ​နောက်​ထပ်​ ဘာယူမလဲ "

"အင်း ... "

"ပူ ... "

"စီကိတ်​ ... "

"အဲ ... ပူစီကိတ်​ အဟီး ... "

image

ငတိမက အဲ​လောက်​​ပေါက်​​နေတာကို မျက်​နှာတစ်​ချက်​ပျက်​မသွားဘူး.
ခပ်​တည်​တည်​နဲ့ သူမဟုတ်​သလိုပဲ
ခဏ​နေ​တော့ အနံ့ကထွက်​လာ​ရော​လေ ...

ဆိုင်​ရှင်​လည်း ရိပ်​မိတယ်​ ထင်​ပါရဲ့ နှာ​ခေါင်းကြီးပိတ်​ပြီး ဟိုလူလိုလို
ဒီလူလိုလိုနဲ့ ကြည့်​ပါ​လေ​ရော ...

ငတိမက ခပ်​တည်​တည်​ဆို​တော့ သူ့ကိုမထင်​ဘူး ဂနာမငြိမ်​တဲ့
ကျုပ်​ပဲ ​ပေါက်​တယ်​ထင်​​နေတာ ...

"သဲ​ရေ ဘာစားမှာလဲ ... "

"ပဲကြီး​လှော်​ ... "

"ဘာ .... "

"ဘာလဲ မ​ကျွေးဘူးလား ... "

"အန်​ "

ဒီအတိုင်း​နေတာ​တောင်​ အဆက်​မပြတ်​​ပေါက်​​နေတာ
ငတိမ ပဲကြီး​လှော်​သာစားလို့က​တော့ ကျုပ်​အသက်​ရှူလို့ရပါ့မလားပဲ
ဒါ​ပေမယ့်​ မ​ကျွေးရင်​လည်း ပြဿနာကရှာဦးမယ်

"စားပါကွာ ... "

"ပြီး​ရော "

ဆိုပြီး ငါးရာဖိုး​တောင်​ဝယ်​ချလာတာ
တစ်​လမ်းလုံး ကို အဆက်​မပြတ်​ ဝါးလာ​ရော

တစ်​​နေရာ​ရောက်​​တော့ ဂိမ်းက​စား​နေတာ ​တွေ့တယ်​​ဗျ ...

"လာကြ ... လာကြ ... ဆု​တွေရမှာ​နော်​ ဆု​တွေ "

ကျုပ်​လည်း စိတ်​ဝင်​စားတာနဲ့ ​မေးကြည့်​လိုက်​တယ်​ ...

"ကျုပ်​ကို စကားတစ်​ခွန်းတည်းနဲ့ အံ့ဩ​အောင်​လုပ်​ရမှာ ...
ကျုပ်​မျက်​​နှာ ​ပျက်​သွားတာနဲ့ နိုင်​ပြီ "

"ကိုကို သဲ ပြိုင်​ချင်​တယ်​ ..."

"ငွင်​ ဖြစ်​ပါ့မလား ... "

"​အေး​ဆေးပါ ကိုကိုရာ ... "

ပထမ​တော့ တစ်​​ယောက်​ပြီးတစ်​​ယောက်​ ပြိုင်​ကြတာ​ဗျ
အမိုးအကြည်​နဲ့ ရွက်​ဖျင်​တဲ​လေးထဲမှာ စကား​ပြောရတာ
ပထမလူ​တွေ​ပြောတာ အဆန်း​တွေချည်းပဲ အဲဒီလူက ပြုံးလည်း
မပြုံးဘူး မဲ့လည်းမမဲ့ဘူး​လေ ခပ်​တည်​တည်​ပဲ

နောက်​​တော့ ငတိမအလှည့်​​ရောက်​လာ​ရော ...
တဲ​လေးထဲကိုဝင်​ပြီး ငတိမကထိုင်​​နေလိုက်​တယ်
ဘာမှကိုမ​ပြောရ​သေးဘူး ... ဟိုငတိ တဲထဲကထွက်​​ပြေးလာပါ​လေ​ရော

နောက်​​တော့ ငတိမကိုဆု​ပေးတယ်​​လေ ... အဲဒီ​နေ့က ကျုပ်​ကို​တောင်
ကားငှါးပြီးလိုက်​ပို့တယ်​ ... ကျုပ်​ဖြင့်​ အံ့ဩလွန်းလို့ ငတိမကိုဖုန်း
ဆက်​ပြီး ပြန်​​မေးကြည့်​​တော့ ...

"သဲ ဘာ​ပြောလိုက်​တာလည်းဟင်​ ... "

"လွယ်​ပါတယ်​ ကိုကိုရာ အီးတစ်​ချက်​ပဲ ​ပေါက်​လိုက်​ရတယ်
ငတိ ​ပြေးတာ တန်း​နေတာပဲ "

"ငမ့်​ ... "

"သဲက ဘာမှမဖြစ်​ဘူးလား ... "

"သဲက​တော့ ကိုယ့်​အနံ့ကိုယ်​ယဉ်​​နေပြီ​လေ ... "

"ဖွီး ... "

"ဒါဖြင့်​ ကိုကို​ရော .. "

"ကိုကိုလည်း ​နောက်​တစ်​ပတ်​​လောက်​ဆို ... အီး​ပေါက်​တတ်​လာ
တော့မှာပါ ... "

"ခွီး ... "

သောက်​ကျိုးနည်း ငတိမက သူ့ဟာသူ​ပေါက်​ရုံတင်​မကဘူး
ကျုပ်​ကိုပါ အီးသံသရာထဲ ထည့်​မယ့်​သ​ဘောမှာရှိတယ်

"ဒါနဲ့ ကိုကို သဲ​ပြောစရာရှိ​သေးတယ်​ ... "

"အင်း ​ပြော​လေ "

"ဘူ .... "

"ဂွပ်​ ... "

ဖုန်းချပစ်​ပြီး အခန်းထဲ​ပြေး ​စောင်​ခြုံ​နေလိုက်​တယ်​ ...
ဒါ​တောင်​ နှာ​ခေါင်းထဲ အနံ့က ဝင်​လာ​သေးတယ်​ ...
အဲ​လောက်​ထိပါဆို ... 😂
အနံ့ယဉ်​တယ်​ဆိုတာ အသံကြားရုံနဲ့ အနံပါသိတာကို ​ပြောတာ
နေမှာ ... 😖

ခင်​​ဗျားတို့လည်းသတိထား အီး​ပေါက်​တတ်​တဲ့ချစ်​သူ မရ​စေနဲ့ 😂
နောက်​တစ်​ခု ထပ်​​ပြောမယ်​ ...

"ဘူ 😂"
😅😅😅😅
photo : facebook

image

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 66772.03
ETH 3237.54
USDT 1.00
SBD 4.25