နာရီနှင့် လူအကြောင်း

in #esteem8 years ago

ကျနော်အသက် ၆ နှစ်ပြည့်မှာ မေမေက နာရီကြည့်နည်း သင်ပေးပါတယ်။

image
Google

ဒီလိုသားရဲ့ လက်တံ အရွယ် ၃ မျိုး ကိုတွေ့တယ်မဟုတ်လား
အေး လက်တံအရှည်ဆံုးက စက္ကန့်တံလို့ခေါ်တယ် သူကတော့ အလုပ်အများဆံုး ပေါ့
ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့
သူမှ မလုပ်မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ်မလုပ်တော့ဘူးပေါ့တဲ့
ဒါဆို သူက အဓိကပေါ့နော်မေမေ..ဟု ကျနော် စောဒက တတ်မိတယ်
မဟုတ်ဘူး သားရဲ့

အချိန်ကိုပြောရင် စက္ကန့်ထည့်မပြောဘူး
ကျနော်က ထပ်မေးတယ်
မေမေ ပြောတော့ စက္ကန့်တံက အလုပ်အများဆံုးဆို သူ့ကို ပါပြောရမှာပေါ့လို့
မေမေက ပြန်ပြောတယ်
အလုပ်သာများတယ် သူလုပ်တာကို ဘယ်သူမှ ဂုဏ်ဖော်ပြီးမပြောဘူး မလိုအပ်ဘူးလို့ထင်နေကြတယ်လေ လူတန်းစားအနေနဲ့ကြည့်ရင် အောက်ခြေလူတန်းစားမျိုးပေါ့တဲ့။
အမေက ဆက်ပြောတယ် စက္ကန့်တံထက်နည်းနည်း တိုတာတွေ့လား အဲဒါက မိနစ်တံလို့ ခေါ်တယ်သားရဲ့
သူကတော့ စက္ကန့်တံလေး လှည့်နေတာ ၁ ပတ်ပြည့်မှ နည့်နည်းပဲရွေ့တာတဲ့
သူလဲ အလုပ်လုပ်ရပေမယ့် သူကတော့ သူနာမည်ကိုရအောင်ယူတတ်တော့ နာရီကြည့်ရင် သူ့နာမည်ပါထည့်ပြောရတယ်တဲ့။

စက္ကန့်လေး ကျိုးစားသမှျ သူက သာသာလေး နာမည်ယူရံုပဲတဲ့
လူတန်းစားအနေနဲ့ပြောရင် ပညာတတ်လူတန်းစားပေါ့တဲ့
နောက်ဆံုး အတိုဆံုး လက်တံလေးတွေ့လား အဲဒါ နာရီ လက်တံပဲ သား ။
သူကတော့ မိနစ်တံလေး တပတ်ပြည့်မှ ဂဏန်းအခုကနေတခု သိသိသာသာပြောင်းတယ်တဲ့
အဲ့လို လူမျိုးကျတော့ အုပ်ချုပ်သူ လူတန်းစားပေါ့တဲ့ စက္ကန့်ရပ်နေတယ် ပျက်နေတယ်လို့ မပြောဘူး နာရီပျက်နေတယ်လို့ပဲပြောတယ်တဲ့။
နာရီဆိုတာ အဲ့ဒိအတိုဆံုး အချောင်းလေးပေါ့ သားရယ်တဲ့။

image
Google

ကျနော် အရွယ်ရောက်တော့ လုပ်ငန်းခွင်ထဲမှာ အမေပြောတဲ့ လူ ၃ မျိုး ကိုတွေ့ရတယ်။ ကျနော်တွေ့တာ တော့ အလွှာပေါင်းစံုမှာ စက္ကန့်လို လူတွေတွေ့ရတယ် ။
အလုပ်အရမ်းလုပ်တယ် အကောင်းအပြော မခံရဘူး။
ဘေးထုတ်ထားကြတယ်
ဒါပေမယ့် သူအလုပ်သူပံုမှန်လုပ်တယ်။
မိနစ်လိုလူမျိုးကျပြန်တော့ အလုပ်လုပ်တယ်။ ဆရာကြီးဝင်လုပ်တယ်
တခါတလေမှ လုပ်တတ်တယ် ။
သူ့တို့ကြတော့ နေရာ အသင့်တင့်ရကြတယ်။
ဘာမှ မယ်မယ်ရရ မလုပ် သူများလုပ်တာတွေအကုန် သူလုပ်သလိုလို ဆရာကြီးဝင်လုပ် နာမည်ယူတတ်သူများကျတော့ နာရီလိုလူမျိုးပေါ့
လူကြီးချစ် အပေါ်ဖားအောက်ဖိ နဲ့ လူမျိုးတွေပါ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by zinnech from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

no time to wait for success

No time to wait for man

for successful life no time to long.
do it now

time time...
before do not know the time, the age is grow up.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 62242.59
ETH 1769.70
USDT 1.00
SBD 0.38