သို့ အမေစု

in #esteem7 years ago

image

အခင်းအကျင်းတွေဒီလောက်လှမှတော့
ဒီကောင်တွေက
ပါးစပ်အဟောင်းသားဖြစ်တယ် အမေ
ဘာပြောရမလဲ
ဘာကို ဖွဲ့ရမလဲ
ဘာမှပြောစရာဖွဲ့စရာမလိုလောက်အောင်
ဒီဇာတ်ညွှန်းက ပြည့်စုံ
ဒီဆက်တင်က ခမ်းနား
ဒီညှို့ချက်တွေက ဆန်းပြားနေခဲ့ပေါ့ ။

ဒီလိုပါ အမေ
အမေခါးရင် ထပ်တူခါးခဲ့
အမေသွားရင် ထပ်တူသွားခဲ့
အမေပြောရင် နာခံခဲ့
ဒီလို.....
ပန်းတစ်ပွင့်ပွင့်လိုက်တိုင်း
ရနံ့ပေါင်းစုံ ရလိုက်သလို ....။

အမေ ဘာကစားကွက်သုံးမလဲ
မသိခဲ့
ဘယ်သူမှမသိခဲ့
ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့
ကွင်းထဲဝင်မှ ဘာဆိုတာသိခဲ့
နောက်ဆုံးတော့လည်း
ကျွန်တော်တို့အမေက
ကစားကွက်အသာစီးနဲ့ ။

ပွဲဆက်တွေ များတယ် အမေ
ပွဲကျန်တွေ ရှိသေးတယ် အမေ
အမေ နေကောင်းမှဖြစ်မယ်
အမေ လက်သံပြောင်မှရမယ်
ဒီဥယျာဉ်ကြီးထဲက ပန်း တွေ
လန်း နေ
ဝေ နေ
ရနံ့ကြိုင် နေ ဖို့
.....
.....
......

အားတင်းထားအမေ
ဒီမှာ
ပလာပလီအသစ်တွေ နဲ့
ဒါဘီစစ်စစ် ပွဲတွေ
အမေဆက်နွှဲ ရအုံးမယ် မဟုတ်လား ။

၂၁ ၃ ၂၀၁၈
သမ္မတ=ဦးထင်ကျော်နှုတ်ထွက်တဲ့နေ့

Sort:  

Wow....စတီးမစ်မှာ..ဒီလိုအတွေးအခေါ်ကောင်းကိုမြင်တွေ့
လိုက်ရပီ။ြုကိုဆိုပါတယ်...။လူငယ်တွေနဲ့လူတွေမှာ..ဒီလိုအမှန်တရားကိုမြင်ပီးသုံးသပ်
တတ်တဲ့ပညာ၊ဆုံးဖြတ်ရပ်တည်ရဲတဲ့ဆုံးဖြတ်ချက်စိတ်ဓာတ်..ဒါတွေကို
အန်တီမျော်လင့်တာ။ဝမ်းသာလိုက်တာကွာ...။
Congratulation..။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83