တွေ့သမျှကူးချ..
ဒီနေ့ အတွက်တော့ စာရေးဆရာ နွမ်ဂျာသိုင်း ရဲ့ဝတ္ထုကို အပိုင်းလိုက် ရေးတင်ဖို့ လုပ်ထားပါတယ်။ဖတ်လို့ အဆင်မပြေပါက ပြန်ရေးတင်တဲ့သူအပစ်လို့ ပဲပြောရမှာပါ...။...အချစ်များဖြင့် ပျော်ပါစေ...
ရင်ထဲမှာ တမာမရှိ
အစဉ်အမြဲသာ ကြင်နာ၏..
နှလုံသားမှာ အမုန်းမထားပါ
အပြုံးစကားသာ စေတနာဖြင့်
အပစ်တံခါး ဖွင့်မခေါ်ပါချေ..
အနှစ်တရားနှင့် လျော်စွာလေ့
အချစ်များစွာဖြင့် ပျော်ပါစေ...
...နိဒါန်း...
သို့ 
ဦးရန်ကျော်
အထက်တန်းပြဆရာ
တွဲဖက်အထက်တန်းကျောင်း..ခန်းပတ်
တမူးမြို့နယ်..စစ်ကိုင်းတိုင်း။
စာအိပ်ပေါ်မှအမည်နှင့်လိပ်စာကို တခေါက်ပြန်ဖတ်နေမိသည်..စာက နံနက်စောစောကားကြုံဖြင့်ပါလာသဖြင့်ခုမှရောက်သည်..သို့ သော် အတွင်းစာရွက်ပေါ်၌ ဆယ့်ငါးရက်ကတည်းက ပို့ လိုက်ဖြစ်လေ၏ ။
ဤသည်ကပင် သည်ရက်လောက်နှင့်ရောက်လာတာတော်သေးသည်ဟု စိတ်ထဲအောက်မေ့မိ၏..ဒီလမ်းနှင့်ဒီခရီးကိုစာတစောင်ရောက်ဖို့ က လွယ်သည်မဟုတ်..မိုးကုန်စလမ်းများ သာစ အချိန်မို့ ပင်..မိုးတွေသည်းသည်းထန်ထန်ရွာနေသောကာလပိုင်းကသာဆို တစ်လခွဲ..နှစ်လနှင့်ရောက်ဖို့ ပင်မလွယ်..။
မိုးတွင်းဆိုလျင် ကလေးနှင့်ခန်းပတ်..ခန်းပတ်နှင့်တမူးကြားလမ်းသည် ဂျစ်ကားတစ်စင်းလုံး မြုပ်သွားနိုင်သော ရွှံ့ အိုင်..ချိုင့်ခွက်များမရေမတွက်နိုင်အောင် ရှိနေတတ်သည်..။
ပတ်ဝန်းကျင်ကလည်း လွင်တီးခေါင်ဆန်လှသည်..မြန်မာပြည်နယ်နိမိတ်ဆုံးရန်မိုင်သုံးလေးဆယ်သာကျန်တော့သည့်အရပ်မို့  ပြည်မနှင့် မြို့တော်မှ အစစတွင် အလှမ်းဝေးလှသည်..
ရန့် စိတ်ကလေးသည် လျင်မြန်သောနှုန်းတစ်ခုဖြင့်မိုင်ပေါင်းရာပေါင်းများစွာဖြတ်သန်းပီး ရန်ကုန်မြို့သို့ ပြေးထွက်သွားပီးစူးစမ်းနေမိသည်..မေးခွန်းတ ခုလည်းခေါင်းထဲသို့ အလိုလိုရောက်လာ၏..
လင်းလင်း ဘာများဖြစ်နေလို့ လဲ…´ စာအိပ်ထဲတွင်ပြန်လည်ရောက်ရှိနေပီ ဖြစ်သော ဖိုးကို ၏ စာထဲမှ အကြောင်းအရာအချို့ခေါင်းထဲရောက်လာ၏...။ သူငယ်ချင်းရန် .. ကိစ္စလေးတစ်ခုကြောင့် ငါ စာရေးလိုက်တယ်.. ပြီးခဲ့တဲ့ ဆယ့်ငါးရက်က လင်းလင်းနဲ့ ငါ သွားဆုံတယ်.. ငါ့ကိစ္စနဲ့ငါ သွားရင်းလာရင်း တွေ့မိတာပါ..အခြေအနေ မကောင်းဘူးကွာ..လင်းလင်းကို မြင်ရတာ ငါတစက်မှ စိတ်မချမ်းသာဘူး..။လူလည်းရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင်ကျသွားတယ်..စိတ်ဓာတ်လည်း အတော်ထိခိုက်ပျက်စီးသွားပုံရတယ်...။ ငါနဲ့ ခဏတဖြုတ်ရပ်စကားပြောရင်းနဲ့တောင် မျက်ရည် ကျတယ်..မင်းအကြောင်းလည်းမေးတယ်..မင်းဘယ်ရောက်နေလဲ.ဘာလုပ်နေလဲ.နေထိုင်ကောင်းရဲ့လားပေါ့ကွာ...။ပထမတော့ ဒီအကြောင်းတွေ မင်းကိုပြောမပြတော့ပါဘူး မင်းဟာမင်း အေးအေးချမ်းချမ်း အရပ်ဒေသမှာ လူရော.စိတ်ရော ချမ်းချမ်းသာသာ ရှိပါစေဆိုပီး ဒီအတိုင်းထားလိုက်တော့မလို့ ပါပဲ...ဒါပေမယ့် နောက်ပိုင်းငါသိလာရတဲ့ အခြေအနေတွေကိုမင်းလည်း သိချင်မှာပဲဆိုတဲ့ အတွေးနဲ့ ငါစာရေးလိုက်တာ..ဒီစာနဲ့အတူ မင်းသိသင့်သိထိုက်တဲ့ ဒိုင်ယာရီ စာရွက်လေးတွေ ကိုလည်း ထည့်ပေးလိုက်တယ်..။ အားလုံး ကို ခြုံပီး မင်းစဉ်းစားကြည့်နိုင်အောင်ပေါ့ကွာ..။ ရင်မောမောနှင့်ပင် သက်ပြင်းတချက်ရှိုက်၏.. လောကကြီး၏ မြန်ဆန်လှသော တုံ့ ပြန်မှုကိုလည်း အံ့သြနေမိသည်..တနေ့ တချိန်ချိန်တွင် ဒီသတင်းမျိုးကြားရ လိမ့်မည်ဟု စိတ်ထဲတွင် ရှေးဦးမဆွကပင်သိနှင်နေပီသား...သို့ သော် သည်လောက်လျင်မြန်သော အချိန်ပိုင်းတွင်း သည်လို ဖြစ်လာမည်ဟုတော့ မထင်မိခဲ့...ဘာပြောပြော သူ့ စရိုက်..သူ့ ပတ်ဝန်းကျင်နှင့် သူ လင်းလင် တစ်ယောက် စိတ်ချမ်းသာ လက်ချမ်းသာရှိနေမည်ဟု ပင် ဆုတောင်းပေးမိခဲသေးသည်...။ ရန်..သက်ပြင်းချ၏..။ ရန့် နုတ်ဖျားမှသည် လေသံဝဲဝဲသာထွက်လျက် လှုပ်ရှားသည်ဆိုရုံကလေး လှုပ်ရှားသွားသည်..။
သိပ်မိုက်တာပဲ လင်းလင်းရယ်...လင်းလင်းဘာဖြစ်လို့ အဲ့လောက်မိုက်ရတာလဲ´
ကျောင်းရုံးခန်းထဲမှ ပြတင်းကိုဖြတ်၍ အပြင်သို့ လှမ်းကြည့်သည်..ပင်ကြီးနည်းပါးသော ကွင်းဆန်ဆန် အရပ်၌ ရှိနေသည်မို့  မြင်ကွင်းများသည် အဝေးအဝေး အထိရောက် ရှိသွားသည်။
ဆောင်းကူးစရက်မို့  မြူခိုးများ ဝေဝေမှိုင်းမှိုင်းဖြစ်နေ၏..တောင်ယာတဲ တချို့ဆီမှလည်း မီးခိုးငွေ့လေးများ တလူလူတက်နေသည်..ရာသီဥတုသာမက အစစ အရာရာ အေးမြငြိမ်းချမ်းနေသောဒေသပင်…။
``ဂလောင်..ဂလောင်..ဂလောင်´´
ထိုစဉ် ရုံးခန်ဘက်မှ ကျောင်းတက်ခေါင်းလောင်းသံကြားရသည်..။
စိတ်ထဲမှလည်း အတိတ်မှ ခေါင်းလောင်းသံတစ်ခုနှင့်အတူ အထက်တန်းကျောင်းတစ်ခု ၏ မြင်ကွင်း ပီပြင် ထင်ရှားစွာ လှုပ်ရှားမြင်ယောင်လာတော့၏...။
[ အစမ်းတင်သည့်အတွက်mso ကိုtag မထည့်ထားပါ..အဆင်ပြေမယ်လို့ ထင်ပါတယ်..အားလုံးကိုကျေးဇူးပါ ]
အားပေးနေမှာပါ