တွေ့သမျှကူးချ.၉.
အပိုင်း.၂.၂
ဟင်...´´ အောက်ထပ်အခန်း ဝင်လိုက်သည်နှင့် အစီအစဉ်နီးနေပီ ဖြစ်၍ ဖိုးကိုတို့  အုပ်စုက အဝတ်အစားလဲ အလှပြင်ပီးနေ သော မင်းသမီးများနှင့် အခန်းဝ မှ အပေါ်ထပ်သို့ တက် ရန် အဆင်သင့်ဖြစ်နေသည်ကို တွေ့ရသည်..လင်းလင်း ကို မတွေ့...
မင်းတို့  အဆင်သင့်ဖြစ်ပလား ဖိုးကို..ဘာပြသနာ
ရှိသေးလည်း´´
ရန်က အလောတကြီးမေးသည်..ဒီလည်းစိတ်ပူ..အပေါ်
ထပ်လည်း စိတ်မချ..ရန် ပျာယာခတ်နေသည်..သူ့ အမေး
ကို ဖိုးကိုက မဲ့၍ အတွင်းဘက်ညွှန်ရင်း...
ငါတို့  အဆင်သင့်ဖြစ်နေတာ နာရီဝက်လောက်ရှိ ပြီ ရန်..မင်းရဲ့ ရွှေမင်းသမီး ထွက်တော်မမူသေးလို့  စောင့် နေတာ´´ လင်းလင်း ကို ရည်ရွယ်ပီးပြောသည် ကို သိသည်.. ရန်က...
လင်းလင်းက ဘာဖြစ်လို့  ကြာနေတာလဲ ဖိုးကို..
ခု သူ ဘယ်မှာလဲ´´
ဘယ်မှာရမလည်း မှန်ရှေ့မှာပေါ့ကွ..ဘာလုပ် နေတာလဲ ဆိုတော့ မင်းကို မရ ရအောင်ခေါ်ပေးပါတဲ.. မင်းမလာရင် သူအပြင်မထွက်နိုင်သေးဘူးတဲ့´´ ရန် အံ့အားသင့်သွားရသည်...
ဟောဗျာ...ဘာလုပ်မလို့ တဲ့လဲ´´
ဘယ်သိပါ့မလဲ..မင်းတို့ ကိစ္စ မင်းတို့ ပဲသိမှာပေါ့ ငါကတော့ မင်း မင်းသမီးကို နိုင်လည်းမနိုင်ဘူး..ပြော လည်း မပြောရဲဘူး..မင်းဟာမင်း သွားရှင်းပီး ခေါ်လာပေး ပေတော့´´ ရန် ခေါင်းကုတ်သည်...
ဒုက္ခပါပဲ..ခုမှ ဘာလိုနေလည်း မသိပါဘူး´´
ပြောပြောဆိုဆိုနှင့် အလှပြင်ခန်းဘက် လျှောက်သွား
သည်..
ဖိုးကိုက ရန့် ကိုကြည့်၍ ရယ်ရင်း...
``သိပ်တော့ မပူနေပါနဲ့ရန် ရာ..ဖြစ်နိုင်တာက
တော့ အတွင်းခံ ဘောင်းဘီ မလျှော်ရသေးလို့  မင်းကို
ကမန်းကတန်း လျှော်ခိုင်းမလို့  ခေါ်တာ ဖြစ်မှာပေါ့´´
သောင်းထိုက်နှင့် မင်းသမီးများက ဝါးကနဲ ရယ်၏...
ရန် ဘာမှ ပြန်မပြောရဲ..ပြန်မပြောဖြစ်...
ဖိုးကို ပြောသလို ဖြစ်မဖြစ် ဘယ်သူက ပြောနိုင်ပါ့မလည်း
လေ ။
To get upvote from @wafrica, the post needs at least 300 characters! Please describe your work in detail ;-)