Mother language Learning part (2)

in #esteem6 years ago

မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားတို့ရှိ ​ဝေါဟာရတို့ကို နှိုင်းယှဉ်​​လေ့လာတင်​ရာ၌ ​ဝေါဟာရတို့၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်​စပ်​မှုတို့အ​ပေါ် အ​ခြေခံ၍ ​လေ့လာထားပါသည်​။
၁။ အ​လေ့လာခံ​ဒေသများ
၂။ ​ဒေသိယစကားများ
၃။ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားနှိုင်းယှဉ်​​လေ့လာချက်
၎။ ခြုံငုံသုံးသပ်​ချက်​ဟူ၍ အပိုင်းများခွဲကာ တင်​ပြမည်​ဖြစ်​ပါသည်​။
၁။ အ​လေ့လာခံ​ဒေသများ
မြောက်​ဦး​ဒေသိယစကားသည်​ မြန်​မာနိုင်​ငံ၏ အ​နောက်​ပိုင်းတွင်​ရှိပြီး ဗန်း​မော်​ခရိုင်​သည်​ မြန်​မာနိုင်​ငံ၏ ​မြောက်​ပိုင်းတွင်​ရှိ​သော ​ဒေသဖြစ်​ပါသည်​။ မြန်​မာနိုင်​ငံ၏ အ​နောက်​ပိုင်းတွင်​ရှိ ​မြောက်​ဦး​ဒေသိယစကားနှင့်​ မြန်​မာနိုင်​ငံ၏ ​မြောက်​ပိုင်းတွင်​ရှိ​သော ဗန်း​မော်​​ဒေသိယစကား တို့ကို နှိုင်းယှဉ်​​လေ့လာတင်​ပြမည်​ဖြစ်​ပါသည်​။
၂။ ​ဒေသိယစကား
ဘာသာစကားများတွင်​ ​ယေဘုယျအားဖြင့်​ ​ပြောဆိုသုံးနှုန်းမှု အ​ပေါ်မူတည်​၍ စံစကားနှင့်​ ​ဒေသိယစကားဟူ၍ နှစ်​မျိုးရှိသည်​။
စံစကားကို မြန်​မာပြည်​ရှိ လူအများနားလည်​လက်​ခံနိုင်​​သော စကား၊ လူအများ​ပြောဆို​နေ​သောစကား၊ ​ကျောင်းသုံး၊ ရုံးသုံးစကားဟု အဓိပ္ပါယ်​ သတ်​မှတ်​နိုင်​ပါသည်။
ဒေသိယစကားနှင့်​ပတ်​သက်​၍ ပညာရှင်​များ၏ အယူအဆကိုတင်​ပြရလျှင်​ ``​ဒေသိယစကား သည်​ သဒ္ဒါ၊ ​ဝေါဟာရအားဖြင့်​ သီးခြားဖြစ်​ပြီး ​ဒေသနှင့်​လူ့အဖွဲ့ အစည်း ဆိုင်​ရာတို့၏ ကွာခြားမှု​ကြောင့်​ ဖြစ်​​ပေါ်လာ​သော အသွင်​ကွဲ ဘာသာစကားဖြစ်​သည်​။ အ​ပြော​ဒေသိယစကားသည်​ ​လေသံ သို့မဟုတ်​ ကွဲပြား​နေ​သော အသံထွက်​များ ပါဝင်​သည်​။
လူ့အဖွဲ့အစည်း၏ အစိတ်​အပိုင်းတစ်​ရပ်​ သို့မဟုတ်​ သွားလာရန်​ခက်​ခဲ့​သော ​ရေ​မြေ​ဒေသရှိ လူအများ​ပြောဆို​နေ​သောစကားသည်​ မည်​သည့်​ဘာသာစကားတွင်​မဆို ​ဒေသိယစကားဖြစ်​လာနိုင်​ပါသည်​"ဟူ၍ ဖွင့်​ဆိုထားပါသည်​။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by zawhtet from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58404.34
ETH 2367.70
USDT 1.00
SBD 2.45