ကျားကြီးသော်ခြေရာကြီးသည်

in #esteem7 years ago

ယူနီကုတ်
ကျားကြီးသော်ခြေရာကြီးသည်
lovesteem.jpg
ကျားအကောင်ကြီးလေလေသူ့မှာသူနှင့်လိုက်ဖက်သောခြေထောက်ရှိသည်။
ထို့ကြောင့်ကျားကြီးလျှင်ခြေရာမှာလည်းကြီးပေလိမ့်မည်ဟုဆိုလိုသည်။
ကျားကြီးသည်နှင့်အမျှလိုက်ဖက်အောင်ခြေရာလည်းကြီးသည်ဟုဆိုလိုသည်။
မိမိတို့ပတ်ဝန်းကျင်တွင်ပြောလေ့ရှိကြပါသည်။
ဟေ့ကောင်ကြီးကောင်းစားနေတာပါလား။
ခုတော်တော်အဆင်ပြေနေတယ်ပေါ့ဟုပြောလျှင် အပြောခံရသူက ပြေတော့ပြေပါတယ်ကွာ။
ဒီလိုပါပဲ။
ကျားကြီးတော့ခြေရာလည်းကြီးတယ်ဟေ့။သိပ်ပြီးအဆင်ပြေလှတယ်ကြီးလည်းမဟုတ်ပါ ဘူးဟုပြန်လည်ဖြေဆိုကြလေ့ရှိသည်ကိုကြားဖူးကြပေလိမ့်မည်။
မိမိတို့၏ဝင်ငွေ၊စည်းပွား၊ရာထူး၊လစာအစရှိသဖြင့်များပြားလာကြသည်။
ထိုသို့များပြားလာသည့်အလျောက်အသုံးစရိတ်တို့မှာလည်းလိုက်ပြီးမြင့်တက်လာကာအမှီလိုက်လာလေ့ရှိကြသောအခါမျိုးတွင်လည်းသုံးကြသည်။
ဝင်ငွေနည်းပါးသောသူကလည်းနည်းပါးသည့်အလျောက်အသုံးစရိတ်ရှိသည်။
ဝင်ငွေများပြားသောသူကလည်းများပြားလာသည့်အလျောက်သုံးစရာနေရာတွေကပိုလာလေ့ရှိသည်။
ထိုကဲ့သို့သောအခြေအနေများကိုပုံနှိုင်းပြီးပြောလိုရင်းဖြစ်သည်။

ဇော်​ဂျီ

ဒီလိုပါပဲ။

ဆက်​လက်​​ဖော်​ပြပါအုံးမည်​။
G_20180408_0919068.gif

အားလုံးကျန်းမာချမ်းသာကြပါ​စေ
ရဲသီဟ​ကျော်
@yethihakyaw
10.4.2018,Tue

Sort:  

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

မှန်ပါ့ကွာ ကိုယ့်ဆီလာတဲ့သူတွေများတော့ အကုန်လိုက်မပြတ်နိုင်ခင် ပါဝါတွေ ကုန်ကုန်သွားတယ်။

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.034
BTC 110663.51
ETH 4371.64
SBD 0.84