ဓာတ်​ဖမ်း

in #esteem8 years ago

ဆွဲဆောင်မှုရှိတဲ့ Pose တွေ ကိုယ့်စိတ်တိုင်းကျဖန်တီးနိုင်ဖို့အတွက် ဒီလိုအချက်လေးတွေက အထောက်အကူဖြစ်စေမှာပါ။
(၁) ကိုယ်နှစ်သက်တဲ့ ဓာတ်ပုံဆရာရိုက်ထားတဲ့ ဓာတ်ပုံထဲက Pose တွေကိုကြည့်ပြီး ကိုယ့်ရဲ့ဖုန်းထဲမှာ Download လုပ်ထားလိုက်ပါ။

(၂) ဓာတ်ပုံမရိုက်ခင်မှာလည်း ကိုယ်နှစ်သက်တဲ့ Pose တွေကိုအစမ်းရိုက်ကြည့်ပါ။ စိတ်တိုင်းကျပြီဆိုမှ ပုံကိုသိမ်းထားလိုက်ပါ။

(၃) အွန်လိုင်းကနေလည်း Pose ကောင်းကောင်းတွေတင်ထားတဲ့ Website တွေကိုရှာကြည့်ပြီး ကိုယ်ရိုက်ချင်တဲ့ Idea ကောင်းကောင်းလေးတွေကိုရှာနိုင်ပါတယ်။

(၄) သဘာဝကျတဲ့ Pose လေးတွေပေးနိုင်ဖို့ဆိုရင် ရိုက်နေတဲ့ကင်မရာအပေါ်ကို အာရုံသိပ်မထားဘဲနဲ့ လွတ်လပ်ပေါ့ပါးနေတဲ့ ပုံစံလေးတွေကပိုပြီး အထာကျစေမှာပါ။

(၅) ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့လိုက်ဖက်တဲ့ပုံစံတွေကို ရိုက်မယ်ဆိုရင် ကိုယ်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မယ့် ဝတ်စုံကိုဝတ်ဆင်ပြီး ရိုက်တဲ့အခါ Cute ပုံစံ၊ ဒါမှမဟုတ် ရင့်ကျက်တဲ့ပုံစံ စသဖြင့်ကိုယ်ဝတ်ထားတဲ့ ဝတ်စုံပေါ်မူတည်ပြီး Pose ပေးဖို့အိုင်ဒီယာတွေအများကြီးရနိုင်ပါတယ်။

(၆) တစ်ကိုယ်လုံးပေါ်တဲ့ ဓာတ်ပုံရိုက်တဲ့အခါလက်ကိုဘေးမှာချထားပြီးတော့ တောင့်တောင့်ကြီးမနေဘဲ ကိုယ့်ရဲ့လက်အနေအထားကို ပေါ့ပေါ့ပါးပါးပုံစံထားပါ။

(၇) အရုပ်လေးတွေ၊ ပန်းစည်းလေးတွေကိုင်ထားပြီး ရိုက်မယ်ဆိုရင်လည်း ရိုမန်းတစ်ဆန်တဲ့ Pose လှလှလေးတွေကိုရနိုင်မှာဖြစ်ပါတယ်။

ဒီလိုအချက်လေးတွေကိုသုံးပြီးတော့ ပုံကောင်းကောင်းလှလှလေးတွေ ရအောင်ဖန်တီးနိုင်ပါတယ်။

Sort:  

This user is on the @buildawhale blacklist for one or more of the following reasons:

  • Spam
  • Plagiarism
  • Scam or Fraud

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 64869.25
ETH 1924.05
USDT 1.00
SBD 0.38