တရားစာ​ပေ ​ရေးမည်​ကြံ

in #esteem6 years ago

မနက်​ဖြန်​ နံနက်​မှ စ၍
အမရပူရ ​တောင်​မြို့
မဟာဂန္ဓာရုံ ဆရာ​တော်
အရှင်​ဇနကာဘိဝံသ ၏
အ​ခြေပြု ပဋ္ဌာန်း တရား​တော်​ကို
ရေးသားပူ​ဇော်​ပါ့မယ်
စာအုပ်​အ​နေနဲ့ ဖတ်​မှတ်​ နာကြားရုံမျှဖြင့်
အားမရလို့
ကိုယ်​တိုင်​​ရေးသားပူ​ဇော်​ချင်​တဲ့
ဆန္ဒ​ကြောင့်​ပါ
ကျမ်းစာအုပ်​တွင်
ရေးသားပူ​ဇော်​ရာမှာ
ဆရာ​တော်​ကြီး၏ ​ဟောကြားချက်​ကို
တိတ်​​ခွေဖြင့်​ဖမ်းယူပြီးမှ
ပြန်​လည်​​ရေးသားပြုစုခြင်းဖြစ်​၍
ဆရာ​တော်​ကြီး၏
စိတ်​တွင်းရှိသမျှ စကားများ အကြံများကို
အကြားအလပ်​မရှိ တစပ်​တည်း
ဟော​ပြောထားသမျှကို
လက်​​တွေနာကြားရသလို
ကြည်​ညိုဖွယ်​ ဖြစ်​လှပါတယ်
ဆရာ​တော်​ကြီး သည်​ ယခု ပူ​ဇော်​မည့်
အ​ခြေခံပဋ္ဌာန်းတရား​တော်​ကို
၁၉၇၃ ခုနှစ်​ ဧပြီလ ၉ ရက်​၊
၁၃၃၄ ခုနှစ် ​​နှောင်းတန်​ခူးလဆန်း ၇ ရက်
နေ့မှ စ၍ ၁၇ ရက်​တိတိ ​ဟောကြား
ခဲ့ပါတယ်
မဟာဂန္ဓာရုံ ​ကျောင်းတိုက်​ ဆွမ်းစား​ကျောင်း၌ နံနက်​​စော​စော အရုဏ်​ဆွမ်း
ဘုန်း​ပေးပြီးစအချိန်​ တွင်
ရဟန်းသာမ​ဏေတပည့်​များနှင့်
လူဒါယကာ ဒါယိကာမများကို
ဟောကြားခဲ့ခြင်းဖြစ်​ပါတယ်
(အ​ခြေပြု ပဋ္ဌာန်း တရား​တော်​ စာအုပ်​မှ)
မိတ်​​ဆွေများလည်း
ကြည်​ညိုနိုင်​​စေခြင်းငှါ
ရေးသားပူ​ဇော်​ခြင်း ဖြစ်​ပါတယ်
ကိုယ်​စိတ်​နှလုံး ​အေးချမ်းကြပါ​စေ
image image
@yemin
photo credit:google

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 60946.76
ETH 3395.14
USDT 1.00
SBD 2.57