Cooperative learning Part 4

in #esteem6 years ago

Cooperative Learning
ပူးပေါင်းပါဝင်သင်ယူခြင်း
2.3.1 Cooperative Learning Effects
ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်၏ အကျိုးသက်ရောက်မှုများ
There are three effects of cooperative learning according to Arends (2007). They are:

၂၀၀၇ ခုနှစ် သုတေသနပြုချက်များအရ ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်အပေါ် သက်ရောက်မှု ၃ မျိုးရှိသည်။

Effects on Academic Achievement
၁. ပညာရေးဆိုင်ရာ ပြီးမြောက်အောင်မြင်မှုအပေါ် အကျိုးသက်ရောက်မှု
One of the important aspects of cooperative learning is that while it is helping promote cooperative behavior and better group relations among students, it simultaneously helps students with their academic learning. Of forty-five studies reviewed, thirty-seven showed that cooperative learning classes significantly out-performed control group classes in academic achievement. Most developer of cooperative learning argues that learning in heterogeneous groups is beneficial for all students. A strong theoretical and empirical framework for cooperative learning reflects the perspective that humans learn from their experience and that active participation in small groups helps students learn important social skills while simultaneously developing academic skill and democratic attitudes.

ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်၏ အရေးကြီးသောရှုထောင့်များထဲများထဲမှ တစ်ခုသည် ပူးပေါင်းပါဝင်သင်ယူခြင်း အလေ့အထကို တိုးတက်စေပြီး အသင်းအဖွဲ့အတွင်းရှိ ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ကျောင်းသားများ၏ ပညာရေးဆိုင်ရာ သင်ယူလေ့လာမှုအား ကူညီထောက်ပံ့ပေးသည်။ လေ့လာမှုပေါင်း ၄၅ခုတွင် ၃၇ခုသည် ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်ကို အသုံးပြုခြင်းအားဖြင့် ပညာရေးဆိုင်ရာ ပြီးမြောက်အောင်မြင်မှုကို သိသိသာသာ ထိန်းချုပ်တိုးတက်စေနိုင်ကြောင်း သက်သေပြခဲ့သည်။ ဤစနစ်ကို တိုးတက်စေရန် ကြိုးစားသူအများစုသည် သောင်းပြောင်းထွေလာရောနှောနေသော အုပ်စုများဖွဲ့၍ သင်ယူခြင်းသည် ကျောင်းသားအားလုံးကို အကျိုးဖြစ်ထွန်းစေသည်ဟု ဆိုကြသည်။ ပူးပေါင်းပါဝင်သင်ယူခြင်းစနစ်အတွက် အားကောင်းသော သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ဖွဲ့စည်းမှုသည် လူသားများကို အတွေ့အကြုံမှသင်ယူစေနိုင်သည့် ရှုထောင့်အမြင်သို့ရောက်ရှိနိုင်ရန် ရောင်ပြန်ဟပ်စေသည်။ ထို့အပြင် ကျောင်းသားများအား မိမိတို့အဖွဲ့ငယ်လေးများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားစေခြင်းသည် လူမှုဆက်ဆံရေးဆိုင်ရာ အရေးကြီးစွမ်းရည်များ သင်ယူလေ့လာခြင်း၌ ကူညီပေးသည့်အပြင် တစ်ချိန်တည်းမှာပင် ပညာရေးဆိုင်ရာ စွမ်းရည်များနှင့် ဒီမိုကရေစီသဘောထားခံယူချက်များကိုပါ တိုးတက်စေသည်။

Effects on Cooperative Behavior
(၂) ပူးပေါင်းဆောင်ရွက်သောအပြုအမူအပေါ်သက်ရောက်မှုများ

Twenty-first century living is characterized by global, interdependent communities and by complex social institutions that require high degree of cooperative among members. Consequently, most people prize cooperative behavior and believe it to be an important goal for education. Sharan and his colleagues (1984, 1999, cited in Arends, 2007) have developed a particular approach to cooperative learning and tested it to see if its use would improve social relations. Sharan’s studies showed clearly that the instructional methods influenced the students’ cooperative and competitive behavior. Cooperative learning generated more cooperative behavior that did whole-class teaching. Students from cooperative-learning classrooms displayed less competitive behavior and more cross-ethnic cooperation than those who came from whole-class teaching classrooms.

၂၁ရာစုနေထိုင်မှု ဘဝကို ကမ္ဘာ္ဘအနှံ့ အပြန်အလှန် အမှီဟဲပြုနေသော လူမှုအဖွဲ့ အစည်းများဟုလည်းကောင်း အဖွဲ့ ဝင်များအကြား အဆင့်မြင့်သောပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် ရှုပ်ထွေးသောလူမှုအဖွဲ့ အစည်းဟု လည်းကောင်း ဖော်ပြပါသည်။
တစ်ဆက်တည်းမှာပင် အများစုသည် ပူးပေါင်းဆောင်ရွက်သော အပြုအမူကို အထူးတန်ဖိုးထားကြပြီး ပညာရေးအတွက် အရေးကြီးသောပန်းတိုင်တခု ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ရှရန် နှင့် လုပ်ဖော်ကိုင်ဖတ်များသည် (၁၉၈၄|၁၉၉၉| အရန်စ် တွင်ကိုးကားချက် ၂၀၀၇) ပူးပေါင်းသင်ယူလေ့လာခြင်းသို့ သီးခြားချဉ်းကပ်နည်းတစ်ခု ဖန်တီးခဲ့ပြီး ၎င်းကို အသုံးပြုခြင်းက လူမှုဆက်ဆံရေး ကောင်းမွန်တိုးတက်မှုရှိ မရှိ စမ်းသပ်ခဲ့ကြသည်။ ပညာပေးသော ညွှန်ကြားချက်ပေးသော နည်းလမ်းများသည် ကျောင်းသားကျောင်းသူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နိုင်လို စိတ်ပြင်းသော အပြုအမူများကို သက်ရောက်လွှမ်းမိုးနိုင်ကြောင်း ရှရန်၏ လေ့လာချက်များက ထင်ရှားစွာပြသထားပါသည်။ပူးပေါင်းသင်ယူလေ့လာခြင်းသည် သမရိုးကျ တိုက်ရိုက်သင်ကြားသည့် ပူးပေါင်းဆောင်ရွက်သော အပြုအမူကို ပို၍ ဖြစ်ပေါ်စေပါသည်။
ပူးပေါင်းသင်ယူလေ့လာသောစာသင်ခန်းမှ ကျောင်းသား/သူများသည် သမရိုးကျတိုက်ရိုက်စာသင်ကြားသော စာသင်ခန်းများမှ ကျောင်းသား/သူများထက် နိုင်လိုစိတ်ပြင်းသော အပြုအမူများ နည်းပါလားပြီး မတူညီသော လူမျိုးအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ပို၍ ပြသကြသည်။

Effects on Tolerance for Diversity
အမျိုးမျိုးကွဲပြားမှုအပေါ် သီးခံခြင်း၏ သက်ရောက်မှုများ
Some researchers argued that closer contact might even increase prejudice and stereotyping. A critical factor on producing more positive attitudes and behaviors seemed to be the way the interaction between disabled and nondisabled students was structured. Studies similar to the Johnson’s research (Gilles, 2002; Vedder & Veendrick, 2003, cited in Arends, 2007) have shown that not only can cooperative learning influences tolerance and wider acceptance of students with special needs, but it also can promote better relationships among students of varying races and ethnicities.

ပို၍ရင်းနှီးသော ဆက်သွယ်မှုသည် မလိုမုန်းထားခြင်းနှင့် ဖြစ်နေကျပုံစံအတိုင်းဖြစ်ခြင်းကို ပို၍တောင် တိုးများစေနိုင်ကြောင်း သုတေသီအချို့ က သုံးသပ်ခဲ့ကြပါသည်။ အပြုသဘောဆောင်သော သဘောထားများနှင့် အပြုအမူများ ပိုမိုပေါ်ထွက်လာခြင်းအပေါ် ဝေဖန်ဆန်းစစ်သည့်အကြောင်းရင်းသည် မသန်စွမ်းကျောင်းသား/သူများနှင့် မသန်စွမ်းမဟုတ်သော ကျောင်းသား/သူများအကြား အပြန်အလှန်ပြုမူဆက်ဆံမှုကို တည်ဆောက်ထားသော နည်းလမ်းဖြစ်နိုင်ပေသည်။ဂျွန်စန်၏ သုတေသနပြုခြင်း(ဂေးလ်စ်၂၀၀၂|ဗက်ဒါနှင့် ဗီးန်ဒရစ်ခ် ၂၀၀၃| အရန်စ် တွင် ကိုးကားထားချက် ၂၀၀၃) နှင့်ဆင်တူသောလေ့လာချက်များက ဖော်ပြထားခဲ့ပြီးဖြစ်ပါသည်။ပူးပေါင်းသင်ယူလေ့လာခြင်းသည် သီးခံခြင်းနှင့် အထူးလိုအပ်ချက်များရှိသော ကျောင်းသား/သူများ၏ ပိုမိုကျယ်ပြန်သောလက်ခံခြင်းတို့ အား လွှမ်းမိုးနိုင်ရုံသာမက လူမျိုးနှင့်မျိုးနွယ်စုများကွဲပြားကြသည့်ကျောင်းသား/သူများအကြားပိုကောင်းသော ဆက်ဆံရေးကို တိုးမြှင့်ပေးနိုင်ပါသည်။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 68512.18
ETH 3825.56
USDT 1.00
SBD 3.66