ရင့်ကျက်လာခြင်းရဲ့ သင်္ကေတ

in #esteem6 years ago

ဝမ်းနည်းချိန်ဆိုရင် အရမ်းကြေကွဲနေရင်တောင်မှ

ကိုယ့်စိတ်ရဲ့ ခံစားချက်ကို လူမမြင်အောင် ပြုံးပြတတ်လာခြင်းက

အခြားသူကိုပါ စိတ်ချမ်းသာစေသလို ရင့်ကျက်လာဖို့အတွက်

ပထမခြေလှမ်းပါ။



ပျော်စရာရှိရင် အရမ်းပျော်ပြီး ငိုစရာရှိရင်လည်း အရမ်းငိုမနေပါနဲ့

ပျော်စရာရှိရင် တည်တည်ငြိမ်ငြိမ်ပျော်ရွှင်ခြင်းက ငိုစရာရှိရင်လည်း

မျက်ရည်မကျအောင် ထိမ်းတတ်လာပါလိမ့်မယ်။

တည်ငြိမ်ခြင်းဆိုတာ ရင့်ကျက်လာခြင်းရဲ့ ဒုတိယခြေလှမ်းပါ။



လူသားတိုင်းမှာ နာကျင်မှူဆိုတာ မွေးလာကတည်းက ငိုအောင်

အသံထွက်အောင် တင်ပါးကို ရိုက်ခံခဲ့ကြရတယ်။ နာကျင်တိုင်း

သာ ကြေကွဲနေမိရင်၊ လူသိအောင် ထုတ်ပြနေမိရင် သင့်ဒဏ်ရာကို

ဆေးထည့်ပေးမည့်သူက နည်းပါတယ် အနာကို ဆား လာဖြူးးမယ့်

လူက အများသားရယ်။နာကျင်မှူရှိလည်း ဟန်ဆောင်တတ်ခြင်းက

ရင့်ကျက်လာခြင်းရဲ့ တတိယခြေလှမ်းပါ။



လူသားတိုင်းမှာ မွေးလာကတည်းက အားငယ်မှူဆိုတာ ပါလာပါတယ်

လူုကြီးအနားမှာ မရှိရင် ကလေးဆိုတာ ငိုမှာပဲလေ

ကလေးတစ်ယောက် အားငယ်လို့ငိုနေတာ သဘာဝဖြစ်ပေမယ့်

အရွယ်ရောက်သူတစ်ယောက် အားငယ်လို့ ငိုနေမိရင်တော့

ရှက်စရာဖြစ်နေပါလိမ့်မယ်။အားငယ်စရာကြုံတိုင်း ကိုယ့်ထက်နိမ့်ပါး

နေသူတွေရဲ့ ဘဝကို မြင်အောင်ကြည့်ပြီး အားတင်းပါ။

အားငယ်တဲ့စိတ်ကို အောင်နိုင်ခြင်းက အောင်မြင်မှူ အတွက်

အဓိက ပင်စည်ဖြစ်သလို ရင့်ကျက်လာခြင်းရဲ့ စတုတ္ထခြေလှမ်းပါ။



လူသားတိုင်းသည် မိမိတို့ ကိုယ်ပိုင် ဘဝစာမျက်နှာတွေကို

လေ့လာကျက်မှတ်ရင်း ဘဝ ဆိုတဲ့ လောကဓံစာမေးပွဲကို ဖြေဆိုနေကြရပါ

တယ်။ မေးခွန်းမပေါက်သော စာမေးပွဲဖြစ်လို့ ကိုယ်ဖြေချင်တဲ့ အဖြေကို

ရဲရဲဝံ့ဝံ့ ပြတ်သားစွာ ဖြေဆိုဖို့လိုပါတယ်။ဆုံးဖြတ်ချက်တိုင်းက

စာ​မေးပွဲ အအောင်/အရူံးဖြစ်နေလို့ ပြတ်သားမှန်ကန်ဖို့ လိုအပ်ပါတယ်။

ဘဝစာမေးပွဲ ဆိုတာ ဆုံးဖြတ်ချက်တစ်ခုမှားသွားရင် ဘဝပါ

ယိုယွင်းတိမ်းစောင်းတတ်တာကြောင့် ပြတ်သားမှန်ကန်ဖို့ လိုပါတယ်။

ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းမှာ နောင်တ အနည်းဆုံးဖြစ်အောင်

ပြတ်သားစွာ လုပ်ကိုင်တတ်ခြင်းက ရင့်ကျက်လာခြင်းရဲ့

အနှစ်သာရ ဖြစ်ပါတယ်။



လူတစ်ယောက်က စိတ်ဓာတ်ကြံ့ခိုင်လာလေ ကိုယ့်ကိုယ်ကို

ယုံကြည်မှူမြင့်မားလာပြီး ကိုယ့်ကို အရမ်းထိခိုက်လာရင် အသုံးပြုဖို့

ရိက္ခာ "မာန "ဆိုတာရှိပါတယ်။ထုတ်သုံးသင့်တဲ့ ကိစ္စ ဆိုရင်

ထားသင့်တဲ့ ဒိုင်း အကာ" မာန "ဟာ ရင့်ကျက်သူတိုင်းမှာ

ရှိနေပါတယ်။ထားသင့်တဲ့ မာန ဆိုတာ ရင့်ကျက်နေသူတစ်ယောက်ရဲ့

စည်းရိုးဆိုရင်လည်း မှန်ပါတယ်။



လူသားတော်တော်များကို အလိုက်အထိုက်ပေါင်းသင်းလာတတ်ပြီး

ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်လာသလို အခက်အခဲများနှင့်

စိတ်ခံစားမှူများကို ပါးပါးနပ်​နပ်​ ဖြေရှင်းလာနိုင်ပြီဆိုရင်

သင်.....ရင့်ကျက်နေသူတစ်ယောက်ဖြစ်နေပီလေ။

Sort:  

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 54640.80
ETH 2444.53
USDT 1.00
SBD 2.16