ကံ မမုန်းစေချင်ပါ

in #esteem8 years ago

လူတစ်ယောက်မုန်းရင် မဆက်ဆံဘဲ နေလို့ရတယ်

ကံ မုန်းရင်တော့ ရှောင်လွဲလို့ မရပါဘူး။



ကံ ဆိုတာက ကံကောင်းမယ် ကံဆိုးမယ်ဆိုတာ

လက်​ဆုပ်​လက်​ကိုင်​ ပြလို့မရပေမယ့် ကံ မဆိုးအောင်တော့

ကျြိုတင် ကာကွယ်သင့်ပါတယ်။



ကံ မဆိုးအောင် ဘာလုပ်ကြမလဲ....?

စိတ်ကောင်းမွေးပါ

စေတနာထားပါ

ကိုယ်ကျင့်သီလကို ခိုင်မာအောင်ဆောက်တည်ပါ

မိဘကျေးဇူးသိတတ်ပြီး မိဘစိတ်ချမ်းသာအောင် ထားပါ

ခင်ပွန်းကြီးဆယ်ပါးကို မပြစ်မှားမိအောင် သတိထားပါ

လှူ တန်းပါ

နတ်ကိုးကွယ်ခြင်းထက် ဘုရားတရားကို ယုံကြည်ကိုးကွယ်ပါ

မိမိကြောင့် အခြားသူဘဝမပျက်အောင် သတိထားပါ။



ကံ ဆိုတာ စေတနာပေါ်မူတည်သလို စိတ်ကောင်းရှိရင်

ကံဆိုးမှူတွေ ပပျောက်လာပါလိမ့်မယ်။

"စိတ်ကောင်းရှိဖို့က ပထမပါ"



ကံဆိုးမှူကို လျော့ချနိုင်သော နည်းလမ်းနောက်တစ်ခုမှာ

အတွေးအခေါ်ဆိုသော ဆင်ခြင်တုံတရား ပါ။



အရာရာကို သတိလေးကပ်ပြီး စိတ်ကောင်းမွေးရင်

ကံဆိုးနေလည်း ခဏပါ။ အချိန်တန်ရင် ကံ မုန်းမှူတွေ

ဝေးကွာလာပြီး နေ့ရက်တိုင်းက lucky day တွေ

ဖြစ်လာပါလိမ့်မယ်။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.086
BTC 59400.15
ETH 1585.26
USDT 1.00
SBD 0.41