တန်​ဖိုးထားသင့်​​သော လက်​​ဆောင်

in #esteem6 years ago

တစ်​ခါက ​ဘွဲ့ယူခါနီး လူငယ်​​လေးတစ်​​ယောက်​က သူ့ဖခင်​ကို ကားတစ်​စီး ပူဆာလိုက်​တယ်​။
သူ့အ​ဖေမှာ ဒီကားဝယ်​​ပေးဖို့ လုံ​လောက်​တဲ့ ပိုက်​ဆံရှိ​နေမယ်​လို့ သူထင်​ခဲ့တယ်​။

ဘွဲ့ယူတဲ့​နေ့​ရောက်​​တော့ လူငယ်​​လေးက သူ့အ​ဖေဆီက လက်​​ဆောင်​ကို ​မျှော်​လင့်​ပြီး စိတ်​လှုပ်​ရှား​နေခဲ့တယ်​။
သူ့အ​ဖေက​ ​သူ့ကို သီးသန့်​စကား​ပြောဖို့ ဆွဲ​ခေါ်သွားပြီး သားဖြစ်​သူအတွက် ဂုဏ်​ယူ​ကြောင်း၊ သူအရမ်း​ပျော်​​နေ​ကြောင်း၊ သားကို အရမ်းချစ်​​ကြောင်း​တွေသာ ​ပြော​နေခဲ့တယ်​။
ကားလက်​​ဆောင်​ ​မျှော်​လင့်​ထားတဲ့လူငယ်​​လေးက စိတ်​မရှည်​​တော့ဘဲ ကျွန်​​တော်​အတွက်​ လက်​​ဆောင်​​ရောမပါဘူးလားအ​ဖေ လို့​မေးလိုက်​တယ်​။

သူ့အ​ဖေက သူ့လက်​ထဲကို လက်​​ဆောင်​ဘူးတစ်​ခုထည့်​​ပေးလိုက်​တယ်​။
လူငယ်​​လေးက ဘူးကိုဖွင့်​ကြည့်​လိုက်​တဲ့အခါ ဘုရားစာအုပ်​တစ်​အုပ်​ကို စ​တွေ့သွားခဲ့တယ်​။
သူ့အ​ဖေက ကားဝယ်​​ပေးနိုင်​ရဲ့သားနဲ့ မဝယ်​​ပေးဘဲ တရားစာအုပ်​လက်​​ဆောင်​​ပေးတာကို မြင်​မိပြီး ​လူငယ်​​လေးက အရမ်း​ဒေါသထွက်​သွားတယ်​။
လက်​​ဆောင်​ဘူးကို ​မြေ​ပေါ် ပစ်​ချပြီး သူက အသံကုန်​​အောင်​ သူ့အ​ဖေကို စိတ်​ပျက်​မုန်းတီး​ကြောင်း ​​အော်​ပြောပြီး ထွက်​သွားခဲ့တယ်​။

အဲ့ဒီ​နောက်​ လူငယ်​​လေးက သူ့အ​ဖေဆီ တစ်​ခါမှ ပြန်​မလာ​တော့ဘူး။
အချိန်​​တွေကြာလာ​တော့ လူငယ်​​လေးက စီးပွား​ရေးလုပ်​ငန်း​တွေမှာ အ​တော်​အသင့်​ ​အောင်​မြင်​လာခဲ့တယ်​။
အိမ်​​ကောင်း​ကောင်းတစ်​လုံးနဲ့ ​ပျော်​ရွှင်​စရာ မိသားစုဘဝ​လေးတစ်​ခု သူပိုင်​ဆိုင်​လာခဲ့တယ်​။
အ​ဖေ​နေရာကို ​ရောက်​လာတဲ့သူက သူ့​အ​ဖေကိုလည်း သတိရလာမိတယ်​။
သူ့အ​ဖေလည်း အ​တော်​အိုမင်းလာ​လောက်​ပြီဆိုတာ သူ​တွေးမိခဲ့တယ်​။
သူ့အ​ဖေဆီ သွား​တွေ့သင့်ပြီလို့လည်း သူထင်​လာခဲ့တယ်​။
ဘွဲ့ယူတဲ့​နေ့​နောက်​ပိုင်းကစပြီး သူ့အ​ဖေနဲ့ မ​တွေ့ဖြစ်​ခဲ့ကြ​တော့ဘူး​လေ။

သူ့အ​ဖေဆီ သွား​တွေ့ဖို့ သူမစီစဉ်​နိုင်​​သေးမှာပဲ သူ့ဆီကို ​ရှေ့​နေ့တစ်​ဦးက ဆက်​သွယ်​ပြီး
သူ့ဖခင်​ ကွယ်​လွန်​သွားပြီဆိုတာ ​ပြောပြခဲ့တယ်​။
သူထွက်​ခွာခဲ့တာကြာပြီဖြစ်​တဲ့ အိမ်​​လေးကို တစ်​ခါပြန်​​ရောက်​တဲ့အခါ သူ့စိတ်​ထဲ လွမ်းဆွတ်​ ဝမ်းနည်းမှုကို ခံစားလိုက်​ရတယ်​။

သူ့အ​ဖေရဲ့ ပစ္စည်း​တွေကို သိမ်းဆည်းရင်း သူဘွဲ့ယူတဲ့​နေ့က သူ့အ​ဖေ​ပေးခဲ့တဲ့ လက်​​ဆောင်​ဘူး​လေးကို ​တွေ့သွားတယ်​။
ဘုရားစာအုပ်​​လေးကို သူထုတ်​ကြည့်​လိုက်​တဲ့အခါ စာအုပ်​ကြားက​နေ ​ကား​သော့တစ်​​ချောင်း ထွက်​ကျလာခဲ့တယ်​။
စာအုပ်​ရဲ့​အောက်​မှာ​တော့ စာချုပ်​​လေးတစ်​ခုကို သူ​တွေ့လိုက်​ရတယ်​။
သူအရမ်းလိုချင်​လို့ ပူဆာခဲ့တဲ့ ကား​လေးကို သူဘွဲ့ယူတဲ့​နေ့က ​ဝယ်​ထားတဲ့ စာချုပ်​​လေး ဖြစ်​​နေခဲ့တယ်​။

သူ့အ​ဖေရဲ့ စာရွက်​စာတမ်း​တွေကို ဆက်​ရှာ​ဖွေရင်းနဲ့ သူ့အ​ဖေက သူတို့အိမ်​ကို ဘဏ်​မှာ​ပေါင်​ထားတဲ့ စာချုပ်​ကို သူ ထပ်​​တွေ့လိုက်​ရတယ်​။
တူညီစွာပဲ သူလိုချင်​ခဲ့တဲ့ကားရဲ့ တန်​ဖိုးနဲ့ တစ်​ညီထဲ ​ငွေပမာဏကို သူဘွဲ့မယူခင်​တစ်​ရက်​က သူ့အ​ဖေက ​ချေးယူခဲ့တာမှန်း သူသိသွားခဲ့တယ်​။
သူမျက်​ရည်​​တွေ စီးကျလာပြီး အ​ဖေဖြစ်​သူကို ပိုလွမ်းဆွတ်​လာမိတယ်​။
ဒါ​ပေမဲ့ အချိန်​က ​နှောင်းသွားခဲ့ပါတယ်​။

ဒီပုံပြင်​​လေးနဲ့အတူ ​ပေးလိုက်​ချင်​တဲ့ msgက​တော့ ဘယ်​အရာကိုမှ ကိုယ့်​အ​တွေး ကိုယ့်​အမြင်​တစ်​ခုထဲနဲ့ မ​သေချာ​သေးဘဲ မဆုံးဖြတ်​လိုက်​ပါနဲ့။
တစ်​ချို့ ဆုံးရှုံးမှု​တွေက အစားပြန်​မရနိုင်​​လောက်​​အောင်​ တန်​ဖိုးကြီးလို့ပါ။
image

ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64341.19
ETH 3145.13
USDT 1.00
SBD 4.00