နည်းနည်းဆို​တောင်​ စွမ်းရင်​ကူ​ပေးလိုက်​ပါ

in #esteem6 years ago

အားလုံးပဲ မင်္ဂလာညချမ်း​လေးပါရှင်​။
မ​နေ့က တစ်​ရက်​​လေး ပို့စ်​တင်​ နားလိုက်​တာ ဒီ​နေ့လည်း ခပ်​ပျင်းပျင်းရယ်​ ဖြစ်​လာတယ်​။
သို့​သော်​လည်း အကျင့်​မပျက်​​အောင်​ ကြိုးစားပြီး ပြန်​​ရေးလိုက်​ပါတယ်​ရှင်​။
ကျွန်​မ ဒီ​နေ့​ပြောချင်​တဲ့အ​ကြောင်းအရာ​လေးက ပုံမှန်​​ပြောပြ​နေကြအရာ​တွေနဲ့ သိပ်​အများကြီး​တော့ မကွဲပြားသွားပါဘူး။

ကျွန်​မက စာရိတ္တ၊ ကိုယ်​ကျင့်​တရား၊ သစ္စာတရား​တွေကို အသက်​ထက်​မြတ်​နိုးသူဖြစ်​တဲ့အ​လျှောက်​ ထိုအ​ကြောင်းအရာများနဲ့ ပက်​သက်​သည်​များကိုပဲ အဓိကထားပြီး ​ရေးသား​လေ့ရှိပါတယ်​။
တစ်​ချို့အ​ကြောင်းအရာ​တွေက ကျွန်​မဖတ်​ဖူးတဲ့ အ​ကြောင်းအရာ​လေး​တွေကို မှတ်​မိသ​လောက်​ ပြန်​​ပြောပြခြင်းဖြစ်​ပြီး တစ်​ချို့အရာ​လေး​တွေကို​တော့ ကိုယ်​တိုင်​​ရေးသားထားခြင်းဖြစ်​ပါတယ်​ရှင်​။
အဓိကရည်​ရွယ်​ချက်​က​တော့ ကျွန်​မရဲ့စာ​တွေကို ဖတ်​မိသူ တစ်​ဦးတစ်​​ယောက်​ရှိခဲ့​သော်​ ထိုသူအတွက်​ အကျိုးရှိနိုင်​ပါ​စေဆိုတဲ့ ​စေတနာအားနဲ့ပါ။

ဒီ​နေ့​ပြောပြမဲ့အ​ကြောင်းအရာ​လေး​က တစ်​ချို့လူ​တွေက သူတစ်​ပါးကို ကူညီဖို့ ဝန်​​​လေးတတ်​ကြပါတယ်​။
တစ်​ချို့ကကျ ကူညီချင်​စိတ်​ရှိတယ်​၊ ဒါ​ပေမဲ့ များများစားစား သက်​​ရောက်​မှုမရှိ​လောက်​ဘူးထင်​ရင်​ ကူညီဖို့ ပျင်းတတ်​ကြတယ်​။
ဒီအ​ကြောင်း​လေးကို သာဓက​လေးတစ်​ခုနဲ့ ​ပြောပြ​ပေးလိုက်​ပါတယ်​ ...

အရမ်းကို သာယာလှပတဲ့ ကမ်း​ခြေတစ်​ခုမှာ လူတစ်​​ယောက်​က လမ်း​လျှောက်​ထွက်​လာရင်း ခပ်​လှမ်းလှမ်းမှာ ကုန်းလိုက်​ကွလိုက်​နဲ့ အလုပ်​ရှုပ်​​နေတဲ့ လူတစ်​​ယောက်​ကို မြင်​ပြီး စိတ်​ဝင်​စားမိသွားတယ်​။
ထိုလူက ​အောက်​ကိုကုန်း​ကောက်​လိုက်​ ပင်​လယ်​ထဲ ပြန်​ပစ်​လိုက်​နဲ့ အလုပ်​ရှုပ်​​နေတယ်။
ရှေ့နည်းနည်းနီးလာတဲ့အခါမှာ​တော့ ထိုလူက သောင်​စပ်​မှာတင်​​နေတဲ့ ကြယ်​ငါး​တွေကို​ကောက်​ပြီး ပင်​လယ်​ထဲ ပြန်​ပစ်​​နေတာမှန်း သ​ဘော​ပေါက်​သွားတယ်​။
ဒါနဲ့ ပထမလူက အနားကိုသွားပြီး _
"မင်္ဂလာ ည​နေခင်းပါခင်​ဗျာ ... မိတ်​​ဆွေကြည့်​ရတာ အလုပ်​ရှုပ်​​နေသလိုပဲ၊ ဘာ​လို့ ကြယ်​ငါး​တွေကို ​ရေထဲ ပြန်​ပစ်​​နေတာလဲဗျ" လို့ ​မေးလိုက်​တယ်​။

ဒုတိယလူက _
"အခုက ဒီ​ရေကျချိန်​​လေဗျာ ... အဲ့ဒီ​တော့ ​ရေတက်​ချိန်​တုန်းက ပါလာတဲ့ ကြယ်​ငါး​လေး​တွေက ​သောင်​စပ်​မှာ တင်​ကျန်​​နေခဲ့တယ်​၊ သူတို့ကို ​ရေထဲပြန်​မပစ်​ချ​ပေးရင်​ မကြာခင်​ သူတို့ ​သေသွားလိမ့်​မယ်​​လေ" လို့ ပြန်​​ဖြေရင်း ကြယ်​ငါးတစ်​​ကောင်​ကို ပင်​လယ်​ထဲ ထပ်​ပစ်​လိုက်​တယ်​။

"အဟား ... ခင်​​ဗျားက​တော့ ​နောက်​ပြီဗျာ၊ ခင်​ဗျားရဲ့​စေတနာကို ကျွန်​​တော်​ နားလည်​ပါတယ်​၊ ဒါ​ပေမဲ့ ဒီကမ်း​ခြေတစ်​​လျှောက်​မှာ ​သောင်​တင်​​နေတဲ့ ကြယ်​ငါး​ပေါင်း ​ထောင်​ချီရှိတယ်​၊ ပြီး​တော့ ဒီလိုပဲ ရာချီတဲ့ကမ်း​ခြေတိုင်းမှာ သူတို့က ​သောင်​တင်​​နေတာ၊ သူတို့အားလုံးကို ခင်​ဗျား ဘယ်​ကယ်​နိုင်​မှာလဲဗျ၊ ဒါပုံမှန်​သဘာဝတရားပဲ၊ အဲ့ဒါကို ခင်​ဗျားက ဘယ်​လို​ပြောင်းလဲနိုင်​မှာတုန်း" လို့ ပထမလူက ပြန်​​မေးတယ်​။

ဒုတိယလူက ​နောက်​ထပ်​ ကြယ်​ငါးတစ်​​ကောင်​ကို ​ကောက်​ကိုင်​ပြလိုက်​ရင်း _
"ဒီတစ်​​ကောင်​အတွက်​​တော့ ​ပြောင်းလဲ​ပေးလိုက်​နိုင်​တယ်​​လေ" လို့​ပြောပြီး ပင်​လယ်​ထဲ လှမ်းပစ်​လိုက်​တယ်​။

image
အများကြီး အကုန်​လုံးအတွက်​ မစွမ်းနိုင်​​တောင်​ ... တစ်​စုံတစ်​ခု၊ တစ်​စုံတစ်​​ယောက်​အတွက်​ စွမ်းနိုင်​တဲ့ အားရှိရင်​ ရှိသ​လောက်​ ကူညီ​ဖေးမနိုင်​ကြပါ​စေလို့ ရည်​ရွယ်​ရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

မှန်​လိုက်​တာ ပြု ပြင်​ရမယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67958.74
ETH 3273.25
USDT 1.00
SBD 2.65