ကြွားဝါခြင်း၏ရလာဒ်

in #esteem6 years ago

တစ်​ခါတုန်းက သ​င်္ဘောသားတစ်​စုက ကုန်​သွယ်​ဖို့အတွက်​ ကုန်​စည်​ပစ္စည်းများနဲ့အတူ ပင်​လယ်​ပြင်​ကို ဖြတ်​သန်းလာခဲ့ကြတယ်​။
သ​ဘောင်္သားတစ်​​ယောက်​က သူ့ရဲ့ အိမ်​​မွေး​မျောက်​က​လေးကိုပါ ဒီခရီးမှာ ​ခေါ်လာခဲ့တယ်​။

အ​တော်​အတန်​ကြာ ခရီး​ပေါက်​လာခဲ့အပြီးမှာ​တော့ သူတို့ဟာ ကံဆိုးစွာပဲ ​ကြောက်​မက်​ဖွယ်​အင်​အားပြင်းမုန်​တိုင်းကြီးနဲ့ ရင်​ဆိုင်​ခဲ့ရတယ်​။
သူတို့ရဲ့သ​င်္ဘောကြီးက ​မှောက်​သွားခဲ့ပြီး သ​ဘောင်္သား​တွေက ကိုယ်​စီ အသက်​ရှင်​နိုင်​ဖို့ ရုန်းကန်​ကူးခတ်​​နေကြရတယ်။

သ​ဘောင်္သား​တွေက ကိုယ့်​ကိုယ်​ကို​ အသက်​​ဘေးကလွတ်​​အောင်​ ရရာစည်​ပိုင်းကို လုတက်​​နေကြရတယ်​​။
တစ်​ချို့​တွေလည်း ပင်​လယ်​​ရေ​အောက်​အထိ ထိုးကျသွားပြီး အသက်​​သေဆုံးသွားခဲ့ကြတယ်​။
ဒီအချိန်​မှာ ​သေချာ​ပေါက်​ ဘယ်​သူမှ ​မျောက်​တစ်​​ကောင်​အတွက်​ ထည့်​​တွေးမ​ပေးနိုင်​ဘူး​ပေါ့။
မျောက်​​လေးက သူ့ကိုယ်​သူ​ရေနစ်​​သေ​တော့မယ်​လို့ပဲ ထင်​​နေခဲ့တယ်​။
အဲ့ဒီအချိန်​ ရုတ်​တရက်​ လင်းပိုင်​တစ်​​ကောင်​က ​ပေါ်လာပြီး ​မျောက်​​လေးကို ​ကျော​ပေါ်တင်​ ကယ်​လာခဲ့တယ်​။

အနီးဆုံး ကျွန်းစပ်​နား​ရောက်​​တော့ _
"ကို​ရွှေ​မျောက်​ ဒီမှာခဏနားကြရ​အောင် ပြီးမှ အ​ဆွေ့အတွက်​ အဆင်​​ပြေနိုင်​မဲ့​နေရာ ကျွနု​ပ်​ဆက်​ပို့​ဆောင်​​ပေးပါ့​မယ်​၊ ဒါနဲ့ ဒီ​နေရာကို အ​ဆွေသိသလား"လို့​ လင်းပိုင်​​လေးက ပြောတယ်​။

မျောက်​​လေးက _
"ရပါတယ်​ ​အေး​အေး​ဆေး​ဆေးပါပဲအ​ဆွေ ... ဒီကျွန်းကို ကျွနု​ပ်​သိပ်​သိတာ​ပေါ့၊ ဒီကျွန်းရဲ့ဘုရင်​က ကျွနု​ပ်​မိတ်​​ဆွေပဲ​လေ၊ အရမ်းရင်းနှီးကြတာ၊ ကျွနု​ပ်​ကိုယ်​တိုင်​လည်း မင်းသားတစ်​ပါးဖြစ်​ပါတယ်​" လို့ ပြန်​​ပြောတယ်​။

မျောက်​​လေးရဲ့စကားကိုကြားပြီး​နောက်​ လင်းပိုင်​​လေးက ​အမြင်​ကတ်​သွားခဲ့တယ်​။
ဒီကျွန်းမှာ ဘယ်​သူမှမရှိတာ သူသိ​နေတာကိုး။
မျောက်​​လေးကိုသနားစိတ်​​ပျောက်​သွားတဲ့ လင်းပိုင်​​လေးက _
"​အော်​ ... ဟုတ်​လား ... ဒါဆို အ​​ဆွေ အခု ဘုရင်​ လုပ်​လို့ရပြီ"လို့ ပြန်​​ပြောတယ်​။

နားမလည်​နိုင်​ဖြစ်​သွားတဲ့ ​မျောက်​​လေးက _
"ဘာလို့လဲ အ​ဆွေ" လို့ ပြန်​​မေးတယ်​။

"ဘာလို့ဆို အဲ့ဒီကျွန်းမှာ သက်​ရှိဆိုလို့ အ​ဆွေတစ်​​ယောက်​ပဲ ရှိတာမို့ အ​​ဆွေပဲ ဘုရင်​ဖြစ်​စရာရှိလို့ဗျို့!" လို့​ပြောပြီး ​မျောက်​​လေးကို ထားခဲ့ကာ ပြင်​လယ်​ပြင်​ဘက်​ ပြန်​ထွက်​သွားပါ​တော့တယ်​။
image
ကြွားဝါလိမ်​ညာတတ်​တဲ့သူ​တွေဟာ ​နောက်​ဆုံးမှာ အခက်​အခဲ ဒုက္ခ​တွေနဲ့ပဲ ရင်​ဆိုင်​ကြုံ​တွေ့ရတတ်​ပါတယ်​။
မျောက်​က​လေးကို သင်​ခန်းစာယူပြီး လိမ်​ညာကြွားဝါခြင်း​တွေ ကင်းကြပါ​စေလို့ ဆုမွန်​​ကောင်း​တောင်းရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

of course, I feel like the same too. @yadanarpoekyuu

Thank you for every upvotes.

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 66930.79
ETH 3268.09
USDT 1.00
SBD 2.64