ကိုယ့်​ဘဝကိုယ်​တည်​​ဆောက်​​နေကြခြင်း

in #esteem6 years ago

တစ်​​နေ့မှာ ... အသက်​အရွယ်​အိုမင်းလာတဲ့ လက်​သမားကြီး တစ်​​ယောက်​က အလုပ်​က​နေ အနားယူဖို့ ​တွေးခဲ့တယ်​။
သူက သူ့ရဲ့သူ​ဌေး ကန်​ထရိုက်​ဖြစ်​သူကို အလုပ်​နား​တော့မဲ့အ​ကြောင်း သွား​ပြောတဲ့အခါ _
"ခင်​ဗျားလို လူ​တော်​ကို လက်​လွှတ်​ရမှာ​တော့ တကယ်​နှ​မြော​ပါတယ်​၊ ခင်​ဗျားကိုယ်​တိုင်​က အနားယူချင်​ပြီဆို​တော့လည်း ကျွန်​​တော်​ ဘယ်​တားသာမလဲဗျာ၊ ​ဒါ​ပေမဲ့ အလုပ်​မနားခင်​ ​နောက်​ဆုံးအ​နေနဲ့​တော့ ကျွန်​​တော်​ကို အိမ်​တစ်​လုံး​ ​ဆောက်​​ပေးသွား​စေချင်​တယ်​၊ အမှတ်​တရ အ​နေနဲ့​ပေါ့" လို့ သူ​ဌေးက လက်​သမားကြီးကို ​တောင်းဆိုလိုက်​တယ်​။

လက်​သမားကြီးကလည်း ​ဆောက်​​ပေးဖို့ လက်​ခံလိုက်​တယ်​။
ဒါ​ပေမဲ့ သူက အရင်​လို စိတ်​နှစ်​ပြီး ​ဂရုတစိုက်​မ​ဆောက်​​တော့ဘူး။
နောက်​ထပ်​ ဒီသူ​ဌေးနဲ့ ​တွေ့စရာမရှိ​တော့ဘူး​လေဆိုပြီး ဖြစ်​ကတတ်​ဆန်း​တွေ ပြုမူလာတယ်။
ပစ္စည်းအ​ပေါစား​တွေနဲ့ မကျွမ်းကျင်​တဲ့ အသင်​အလုပ်​သမား​လေး​တွေကို သူ့လက်​​ထောက်​နဲ့လွှတ်​ပြီး ​ဆောက်​ခိုင်းလိုက်​တယ်​။
အိမ်​က မလှမပ မသပ်​မရပ်​ပုံစံမျိုး ထွက်​လာခဲ့တယ်​။
ဒါ​ပေမဲ့ လက်​သမားကြီးက ဂရုမစိုက်​ဘူး၊ သူ့ကို အလုပ်​နားခါနီး​တောင်​ ခိုင်းခဲ့တဲ့ သူ​ဌေးကို အရည်​အ​သွေးနိမ့်​တဲ့ အိမ်​​ဆောက်​​ပေး​နိုင်​ခဲ့လို့ ​ကျေနပ်​​နေခဲ့တယ်​။

အိမ်​​ဆောက်​လို့အပြီးမှာ သူ​ဌေးက စစ်​​ဆေးဖို့လာခဲ့တယ်​။
အားလုံးအပြီးမှာ​တော့ အိမ်​​ရှေ့တံခါး​သော့တွဲကို သူ​ဌေးက လက်​သမားကြီး လက်​ထဲထည့်​​ပေးလိုက်​ပြီး _
"ဒီ​နေ့ကစပြီး ဒီအိမ်​က ခင်​ဗျားအိမ်​ဖြစ်​သွားပြီ၊ ခင်​ဗျားအတွက်​ ကျွန်​​တော်​ရဲ့ လက်​​ဆောင်​ပါ" လို့ ​ပြောလိုက်​တယ်​။

လက်​သမားကြီးက အရမ်း​ရှော့ရသွားပြီး သူ့လုပ်​ရပ်​ကိုသူ အရမ်းလည်းရှက်​သွားခဲ့တယ်​။

ဒါ​ပေမဲ့ ဘယ်​​လောက်​ပဲ သူ​နောင်​တရသွားပါ​စေ သူ​ဆောက်​ခဲ့တဲ့အရာကိုပဲ သူရသွားခဲ့တာပါပဲ။
ကိုယ်​ပြုတဲ့ကံရဲ့ ပဲ့တင်​သံက ကိုယ့်​ဆီပဲ ပြန်​လာပါတယ်​။
image
ဒီအဖြစ်​အပျက်​​လေးကို ဆင်​ခြင်​ပြီး အရာရာ စိတ်​​ကောင်း​မွေးပြီး ​နေထိုင်​ရှင်​သန်​သွားကြပါလို့ ဆန္ဒပြုရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

I never upload copy paste posts.
I have respect on steemit and I have ever spent about 2hours for a post daily.
All of my posts are my own creations and some are translated one filling with my review which may valuable for readers.
I wrote this post by myself and you said you see the similar post.
How can it be?
If you are a right robot, don't do mistake like this again!
And I really disappointed on you now!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84