ဓမ္မအသိ ထားရှိကြမည်​ (၄)

in #esteem6 years ago

နောက်​ထပ်​ ​သံသရာမှာ အမှားလုပ်​မိလို့ ဆိုးဆိုးရွားရွားအပြစ်​​ကြွေးခံခဲ့ရတဲ့ သာဓကတစ်​ခု ​ပြောပြပါဦးမယ်​။

"ဗိမ္ဗိသာရမင်း"

ဗိမ္ဗိသာရမင်းအ​ကြောင်း လူတိုင်းသိကြပါတယ်​။
ဗိမ္ဗိသာရမင်းကြီးက ​ခြေဖဝါးကို ဓားနဲ့အခွဲခံခဲ့ရတယ်​ဆိုတာလည်း ကြားဖူးကြမှာပါ။
ဒီလိုဖြစ်​ခဲ့ရတာက ​ရှေ့ဘဝတစ်​ခုတုန်းက အပြစ်​​ကြွေး​ကြောင့်​ပါပဲ။

အဲ့ဒီဘဝတုန်းက သူက ဘုရား​ပန်းတင်​တဲ့ခုံ​ပေါ်မှာ မ​လေးမစားနဲ့ ဖိနပ်​စီးခဲ့တယ်​။
အဲ့ဒီအပြစ်​​ကြောင့်​နဲ့ ဗိမ္ဗိသာရမင်းဘဝမှာ ​ခြေဖဝါးကို ဓားနဲ့ခွဲပြီး အသတ်​ခံရ​တာဖြစ်​ပါတယ်​။

ဘုရားအ​ပေါ် ​စော်​ကားခဲ့တဲ့အပြစ်​က မနည်းဘူး​နော်​။
အပြစ်​​ကြွေး ဝဋ်​​ကြွေး​တွေထဲက အကြီးဆုံးတစ်​ခုထဲပါတယ်​လို့ ဆိုလို့ရနိုင်​ပါတယ်​။
သာဓက​တွေကို သင်​ခန်းစာယူနိုင်​ကြပါ​စေ။
အဖြစ်​ဆိုးနဲ့ ​သေသူအများစုမှာ အတိတ်​ကံ အပြစ်​​ကြွေး​တွေ​ကြောင့်​ပဲ ဖြစ်​တာများပါတယ်​။
လူ့ဘဝ​ရောက်​တုန်းခဏမှာ ​ခြောက်​ပြစ်​ကင်း သဲလဲစင်​ မဖြစ်​နိုင်​​ပေမဲ့ အတတ်​နိုင်​ဆုံး အပြစ်​နည်း​အောင်​ ဆင်​ခြင်​​နေသွားနိုင်​ကြပါ​စေ။
image

ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98