ဓမ္မအသိ ထားရှိကြမည်​ (၁)

in #esteem6 years ago

ကျွန်​မတို့က ပုထုဇဉ်​လူသားများဖြစ်​တဲ့အ​လျှောက်​ ​လောဘ ​ဒေါသ ​မောဟများနဲ့ မကြာခဏ အမှား အကုသိုလ်​ ပြုမိတတ်​ကြပါတယ်​။
တစ်​ခါတ​လေကျ သိသိကြီးနဲ့ စိတ်​ထဲကပါလို့ ပြုမိတဲ့ မ​ကောင်းမှု ရှိသလို တစ်​ခါတ​လေကျ ကိုယ့်​ကိုကိုယ်​​တောင်​ မသိလိုက်​ပဲ မ​ကောင်းမှု ပြုလုပ်​မိရက်​သား ဖြစ်​တတ်​ပါတယ်​။

ဒါ​ကြောင့်​မို့ စာဖတ်​သူ ​မောင်​နှမ​တွေ ဆင်​ခြင်​သတိထားရှိနိုင်​​အောင်​ အခုကစပြီး စာရိတ္တ၊ ကိုယ်​ကျင့်​တရား၊ သံ​ဝေဂယူဖွယ်​အ​ကြောင်းအရာများအပြင်​ ဘုရားရှင်​လက်​ထက်​က ​ကောင်းမှု မ​ကောင်းမှုနဲ့ ဆင်​ခြင်​ဖွယ်​ရာ လူများ၊ ပုဂ္ဂိုလ်​များရဲ့ အ​ကြောင်း​တွေကိုလည်း ကျွန်​မဖတ်​ဖူး မှတ်​သားဖူးသ​လောက်​ မျှ​ဝေသွားပါဦးမယ်​။
ဒီပို့စ်​​လေးမှာ​တော့ "ရှင်​စက္ခုပါလ"ရဲ့ အမှားလုပ်​မိလိုက်​တဲ့ အကျိုးဆက်​​လေးကို ဓမ္မအသိ ထားရှိကြမည်​ (၁) အ​နေနဲ့ မျှ​ဝေလိုက်​ချင်​ပါတယ်​။
အားလုံးပဲ ဖတ်​ပြီး ဆင်​ခြင်​တရား ထားရှိ အမှားကင်းနိုင်​ပါ​စေ။

"ရှင်​စက္ခုပါလ"

တစ်​ခါက တာဝတ္တိပြည်​မှာ "ဦးပါလ"ဆိုတဲ့ သူ​ဌေးတစ်​ဦး ရှိတယ်​။
အဲ့ဒီသူ​ဌေးကြီး "ဦးပါလ"က မြတ်​စွာဘုရားရဲ့ တရား​တော်​ကို နာကြားပြီးတဲ့​နောက်​ သာသနာ့​ဘောင်​ဝင်​ပြီး တရားအားထုတ်​​တော့မယ်​လို့ ဆုံးဖြတ်​လိုက်​တယ်​။
သူ​ဌေးကြီးရဲ့ ရဟန်းအမည်​က "ရှင်​စက္ခုပါလ" ဖြစ်​လာခဲ့တယ်​။
"ရှင်​စက္ခုပါလ"က သာသနာ့​ဘောင်​ဝင်​ပြီး တရားကျင့်​​နေရင်း မျက်​စိ​ရောဂါ ရလာခဲ့တယ်​။
အ​ကြောင်းက တစ်​ဝါတွင်းလုံး မအိပ်​မ​နေ တရားကျင့်​ခဲ့လို့ပါပဲ။
"ရှင်​စက္ခုပါလ"ရဲ့ မျက်​စိ​ရောဂါက တ​ဖြေး​ဖြေး ပိုဆိုးလာပြီး ရဟန္တာဖြစ်​တဲ့​နေ့မှာပဲ မျက်​စိကွယ်​သွားခဲ့တယ်​။

အဲ့ဒီလိုဖြစ်​ခဲ့ရတာက ​ရှေးဘဝတစ်​ခုမှာ "ရှင်​စက္ခုပါလ" ပြုမိခဲ့တဲ့ ကံအမှားတစ်​ခု​ကြောင့်​ဖြစ်​ပါတယ်​။
ရှေးဘဝတစ်​ခုမှာတုန်းက "ရှင်​စက္ခုပါလ"က ​ဆေးဆရာတစ်​ဦး ဖြစ်​ခဲ့တယ်​။
သူက မျက်​စိ​ရောဂါ ​ဝေဒနာကို အဓိကကုသူဖြစ်​ခဲ့ပြီး တစ်​ရွာဝင်​ တစ်​ရွာထွက်​ လူနာ​တွေကို ကုသ​ပေးခဲ့တယ်​။

တစ်​​နေ့ကျ မျက်​စိ​ရောဂါခံစား​နေရတဲ့ အမျိုးသမီးတစ်​ဦးက သူ့​ဆီ လာပြတယ်​။
အမျိုးသမီးရဲ့ မျက်​စိအ​ခြေအ​နေကို ကြည့်​ရှု့ပြီးတဲ့အခါ ​ဆေးဆရာက ပြန်​​ကောင်းခဲ့ရင်​ ဘယ်​​လောက်​​ပေးမလဲဆိုပြီး အသပြာ​ကြေးစကား ဆို​မေးလိုက်​တယ်​။

အမျိုးသမီးကလည်း ​ပြလာခဲ့တာ ဆရာသမား စုံ​နေခဲ့ပြီ၊ မ​ပျောက်​ကင်းခဲ့​ပေမဲ့ အခုလို အာမခံ​ပေးတဲ့ ဆရာနဲ့​တွေ့တဲ့အခါ ဝေဒနာ​ပျောက်​ချင်​​ဇောနဲ့ သူ့​မျက်​စိ ပြန်​​ကောင်းလာခဲ့ရင်​ သူပိုင်​သမျှ ပစ္စည်းအကုန်​အပ်​ပြီး သူကိုယ်​တိုင်​ပါ ​ဆေးဆရာထံ ကျွန်​ခံပါ့မယ်​လို့ စကားကျွံ ​ပြောလိုက်​တယ်​။
"နှုတ်​လွန်​ ကျွန်​ဖြစ်​"ဆိုတဲ့ စကားကို အမျိုးသမီးက ​မေ့​နေခဲ့ပုံတူပါတယ်​။

အဲ့ဒီလိုနဲ့ ​ဆေးဆရာက အစွမ်းထက်​​ဆေးမျက်​စဉ်း ခတ်​​ပေးပြီး ကုသ​ပေးလိုက်​တာ အမျိုးသမီးရဲ့ မျက်​စိက အ​ကောင်းပကတိနီးပါး ​ကောင်းမွန်​လာခဲ့တဲ့အချိန်​မှာ _
"မျက်​စိ ဘယ်​နှယ့်​လဲ၊ သက်​သာတယ်​မလား"လို့ ​ဆေးဆရာက ​မေးလိုက်​တယ်​။

အမျိုးသမီးကလည်း သူ့စကားကျွံထားတာ သူသိ​နေ​တော့ သက်​သာတယ်​​ပြောမိရင်​ ကျွန်​ခံရမှာစိုးပြီး _
"ဆရာရယ်​ အရင်​ကမှ နည်းနည်းပဲကျိန်းတာ၊
အခု ​ဆရာမျက်​စဉ်းခတ်​လိုက်​မှ ပိုကျိန်းလာတယ်​" လို့လိမ်​​ပြောလိုက်​တယ်​။

ဆေးဆရာက ဒီအမျိုးသမီး ​ဆေးဖိုးသ​ဘောတူထားတာ မ​ပေးချင်​လို့ လိမ်​​နေတာကို သိ​နေ​တော့ စေတနာထား ကု​ပေးရမဲ့အစား ​ဒေါသထွက်​ပြီး ​သူ​ပေးမဲ့ ​ဆေးဖိုးဝါးခလဲ ငါမယူ​တော့ဘူး၊ ငါ့အ​ကြောင်းသိ​စေရမယ်​လို့ ပဒုဌစိတ်​ဝင်​ပြီး စိတ်​ထဲ​ကြိမ်းလိုက်​တယ်​။
"အင်း​လေ ... မသက်​သာဘူးဆို​တော့လည်း ဒီ​ဆေး​လေး ​ပြောင်းခတ်​ကြတာ​ပေါ့" ဆိုပြီး ​ဆေး​ပြောင်းခတ်​​ပေးလိုက်​တယ်​။

ဆေးခတ်​ပြီးတာနဲ့ အမျိုးသမီးရဲ့ မျက်​လုံးက ဖူး​ယောင်​လာပြီး မျက်​စိပါကွယ်​သွားခဲ့တယ်​။
သူလည်း အဲ့ဒီ​ဆေးဆရာဘဝက​နေ ​သေတဲ့အခါ ငရဲကျပြီး ဘဝ​​ပေါင်းများစွာ မျက်​စိကွယ်​ခဲ့ရတယ်​။
တစ်​ကြိမ်​ အမှားလုပ်​ အပြစ်​ပြုခဲ့​ပေမဲ့ ဘဝဆက်​တိုင်း ပြန်​​ပေးဆပ်​ရတာ "ရှင်​စက္ခုပါလ"က ရဟန္တာဖြစ်​ပြီး နိဗ္ဗာန်​ဝင်​ရမယ်​ဆိုရင်​တောင်​ မျက်​စိအလင်းကွယ်​ပြီး ဝင်​ရတဲ့အထိပါပဲ။
အဲ့ဒီလိုဖြစ်​ရတာက ​ဆေးဆရာရဲ့ ​စေတနာဆိုးက အရမ်းကို ကြီးမားခဲ့လွန်းလို့ ဖြစ်​ပါတယ်။
ဆေးဖိုးဝါးခ​လေးတစ်​ခုအတွက်​နဲ့ ​ဒေါသ အဂတိတရားကို ကိုင်​စွဲပြီး အိမ်​ပြန်​ကာ သူတစ်​ပါး မျက်စိကွယ်​​စေမဲ့ ​ဆေးကို​ဖော်​စပ်​ပြီး ကိုယ်​တိုင်​ခတ်​​ပေးတဲ့ ​စေတနာ​ဆိုးရဲ့ တန်​ခိုးအစွမ်း ဘယ်​​လောက်​ကြီးမားသလဲဆိုတာ သံ​ဝေဂယူနိုင်​ကြပါ​စေ။

ကျွန်​မတို့ လူသား​တွေက အမှားကို ပြုလုပ်​မိတတ်​ကြတဲ့ အဂတိတရား၎ပါးရှိပါတယ်​။
၁။ ဆန္ဒ (ချစ်​ခင်​ခြင်း)
၂။ ​ဒေါသ (မုန်းတီးခြင်း)
၃။ ​မောဟ (အမှန်​မသိ ​တွေ​ဝေခြင်း)
၎။ ဘယ (​ကြောက်​ခြင်း)
အဲ့ဒီ အဂတိတရား၎ပါး​ကြောင့်​ အမှားဖက်​မိတတ်​ကြပါတယ်​။
ကောင်း​သောစိတ်​ ​ကောင်း​သော​စေတနာသာ ​မွေးမြူထားရှိနိုင်​ဖို့ ကြိုးစားကြပါ။
image
သူတစ်​ပါးအ​ပေါ် ​စေတနာဆိုး​ ထားရှိလိုစိတ်​​တွေ ​လျော့ပြီး သံသရာအတွက်​ အမှားမသယ်​မိ​အောင်​ ​ရှောင်​ကြဉ်​နိုင်​ကြပါ​စေ ဆု​တောင်း​ပေးရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63161.84
ETH 3061.57
USDT 1.00
SBD 3.97