အချိန်​နဲ့ အချစ်

in #esteem6 years ago

တစ်​ခါတုန်းက ​ပျော်​ရွှင်​မှု၊ ဝမ်းနည်းမှု၊ အသိပညာ၊ အချစ်​ အပါအဝင်​ ခံစားချက်​​တွေ ​နေထိုင်​တဲ့ ကျွန်းကြီးတစ်​ကျွန်း ရှိတယ်​။
တစ်​​နေ့မှာ​တော့ ခံစားချက်​​တွေအားလုံးအတွက်​ ​ကြေညာချက်​ကြီး တစ်​ခုထွက်​​ပေါ်လာခဲ့တယ်​။
အဲ့ဒါက အဲ့ဒီကျွန်းကြီး နစ်​မြုပ်​​တော့မှာမို့ ခံစားချက်​အားလုံး ကျွန်း​ပေါ်က အမြန်​ထွက်​ခွာသွားကြဖို့​ ​ဖြစ်​​ပါတယ်​။
ဒါ​ကြောင့်​ အားလုံးက လှေ​တွေ ကိုယ်​စီ အမြန်​​ဆောက်​လုပ်​ကြပြီး ကျွန်းက​နေထွက်​ခွာဖို့ ပြင်​ဆင်​​နေကြတယ်​ ... အချစ်​ကလွဲလို့​ပေါ့။
သူ့မှာ တည်​​ဆောက်​စရာမရှိဖြစ်​​နေခဲ့တယ်​။

အားလုံး ထွက်​သွားကြ​တော့မဲ့အချိန်​မှာ အချစ်​က ကျွန်း​ပေါ်ကျန်​ခဲ့ပြီး နစ်​မြုပ်​ခံရ​တော့မဲ့အဖြစ်​​ရောက်​​နေခဲ့တယ်​။
ဒါ​ပေမဲ့ အချစ်​က ​နောက်​ဆုံးအချိန်​အထိ အ​လျော့မ​ပေးပဲ ကြိုးစားကြည့်​ချင်​ခဲ့တယ်​။

ကြွယ်​ဝမှုက ကမ်းခွာဖို့စလုပ်​​တော့ အချစ်​က အ​ပြေးအလွှားသွားပြီး _
"ကြွယ်​ဝမှု​ရေ ... ငါ့ကို အတူလိုက်​ခွင့်​​ပေးလို့ရမလား"
လို့ ​အားကိုးတကြီး ​မေးလိုက်​တယ်​။

ကြွယ်​ဝမှုက _
"​ဆောရီးပဲဟာ ... ​ငါ​ခေါ်သွား​ပေးဖို့ မဖြစ်​နိုင်​ဘူး၊ ငါ့​လှေ​ပေါ်မှာက ​ရွှေ​တွေ​ငွေ​တွေနဲ့တင်​ ပြည့်​​နေတာ၊
အပိုတင်​သွားစရာ​ ​နေရာလွတ်​မရှိပါဘူး၊ စိတ်​မ​ကောင်းပါဘူး" လို့ ပြန်​​ဖြေတယ်​။

ဒုတိယထွက်​ဖို့ပြင်​​နေတဲ့ မာနဆီကို အချစ်​က ​ပြေးသွားပြန်​တယ်​ _
"မာန​ရေ ငါ့ကို အတူလိုက်​ခွင့်​​ပေးပါလား" လို့ ထပ်​​မေးပြန်​တယ်​။

မာနကလည်း _
"အို ... ​တော်​စမ်းပါ၊ နင့်​တစ်​ကိုယ်​လုံးက ရွဲစို​နေတာ ငါ့​လှေအလှပျက်​မယ်​၊ ခပ်​​ဝေး​ဝေးသွား​နေ" လို့ ​မောင်းထုတ်​လိုက်​ပြန်​တယ်။

ဝမ်းနည်းမှုကလည်း မာန​နောက်​က​နေ ထွက်​ခွာဖို့ ​ရှေ့တိုးလာခဲ့တယ်​။
"ဝမ်းနည်းမှု​ရေ ... ငါလဲလိုက်​ချင်​လို့ပါ" လို့ အချစ်​က ထပ်​​မေးကြည့်​လိုက်​တယ်​။

"အချစ်​ရယ်​ ... ငါက တစ်​​ယောက်​ထဲ​နေမှ ဝမ်းနည်း​နေရမှာ​လေ၊ ​ခေါ်သွားဖို့မဖြစ်​နိုင်​ပါဘူး သူငယ်​ချင်းရယ်​၊
နှုတ်​ဆက်​ပါတယ်​" လို့ မျက်​ရည်​​တွေဝဲပြီး ဝမ်းနည်းမှုကလည်း ထွက်​ခွာသွားတယ်​။

ပျော်​ရွှင်​မှုကလည်း အချစ်​ကို စကား​တောင်​ပြန်​မ​ပြော​တော့ပဲ ထွက်​သွားခဲ့တယ်​။
ပျော်​ရွှင်​မှုက အချစ်​ရဲ့ ​မေးခွန်းကို မကြားချင်​​ယောင်​​ဆောင်​ပြီး ထွက်​သွားနိုင်​ခဲ့လို့ ပို​ပျော်​​နေမိတယ်​။

ရုတ်​တရက်​ အဲ့ဒီအချိန်​မှာ အသံတစ်​ခု​ပေါ်ထွက်​လာခဲ့တယ်​ _
"လာ ... ငါ့ဆီလာ ... ငါနဲ့လိုက်​ခဲ့" ဆိုတဲ့ အသံပါ။
အချစ်​က အ​ပျော်​လွန်​ပြီး သူ့ရဲ့အကြီး​ခေါ်ရာ​နောက်​ကို လိုက်​တက်​သွားခဲ့တယ်​။
သူ့ကို ​လိုက်​ပါခွင့်​​ပေးတဲ့သူက သူထက်​ ရင့်​ထက်​ပြီး ပို​ကြီးတယ်​ဆိုတာသာသိ​ပေမဲ့ အချစ်​က ​အ​ပျော်​လွန်​​နေတာနဲ့ပဲ ဘယ်သူလဲ ဘယ်​သွားကြမှာလဲ​တောင်​ မ​မေးမိ​တော့ပါဘူး။

ခြောက်​​သွေ့တဲ့ ကျွန်းတစ်​ကျွန်းဆီကို​ရောက်​​တော့ ​လှေပိုင်​ရှင်​က အချစ်​ကို ချထား​ပေးခဲ့ပြီး ​ရှေ့ဆက်​ထွက်​သွားတယ်​။
လှေပိုင်​ရှင်​ကို အ​ကြွေးတင်​သွားပြီဆို​ပေမဲ့ နာမည်​မ​မေးလိုက်​မိတဲ့ အချစ်​က ​နောက်​ထပ်​ သူ့ရဲ့အကြီးဖြစ်​တဲ့ အသိပညာကို လှမ်း​မေးလိုက်​တယ်​။

"မင်းကို ကယ်​​ပေးခဲ့တဲ့သူက အချိန်​​ပေါ့"လို့ အသိပညာက ပြန်​​ဖြေလိုက်​တယ်​။

"အချိန်​?" အချစ်​က​ပြောတယ်​။
"အချိန်​က ဘာလို့ ကယ်​ရတာလဲမသိဘူး​နော်​" လို့ အချစ်​က ထပ်​​ပြောတယ်​။

အသိပညာက ပညာရှိပီပီပြုံးလိုက်​ပြီး _
"ဘာဖြစ်​လို့လဲဆို​တော့ အချိန်​ကသာ အချစ်​ရဲ့တန်​ဖိုးကို ​သေ​သေချာချာ နားလည်​လို့​ပေါ့" လို့ ပြန်​​ဖြေလိုက်​တယ်​။

အချစ်​ဆိုတာကို ချမ်းသာကြွယ်​ဝမှု၊ မာန်​မာနဝင့်​ကြွားမှု၊ ဝမ်းနည်းမှု၊ ​ပျော်​ရွှင်​မှု၊ အလှတရား​တွေနဲ့ မတည်​မြဲပဲ အချိန်​ကြာလာ​လေ​လေ အချစ်​ကပိုကြီးမားလာ​လေ​လေမို့ အချစ်​ရဲ့တန်​ဖိုးကို သိတဲ့ အချိန်​​ပိုင်​ဆိုင်​နိုင်​ကြပါ​စေ ဆု​တောင်း​ပေးရင်း ...
image
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61361.03
ETH 2932.71
USDT 1.00
SBD 3.67