ဒီစိတ်

in #esteem7 years ago (edited)

yt2v77st66.jpg
လူတစ်ယောက်ရဲ့ တည်ရှိနေတဲ့ ခံစားမှုတို့သည် မြင့်လိုက်တက်လိုက်နဲ့
ထိုခံစားတက်သောစိတ်သည် တက်ပြီဟေ့ဆိုလျှင် အမြင့်ဆုံးသို့မြင့်တက်သွားသလို ကျပြီဆိုလျှင်လည်း ကုန်းကောက်စရာမရှိတော့လောက်အောင် နိမ့်ဆင်းလို့ အတက်အဆင်းမြန်ဆန်လွန်းလှသည်။
တက်ကြွနေချိန်၌ ရှိရင်းစွဲထက် မြင့်တက်သွားနိုင်တာသည်စိတ်ပင် လေလွင့်ပြီဟေ့ဆိုလျှင် အဆုံးထိအောင် မျှော်လင့်ချက်မဲ့လို့ နိမ့်ဆင်းလို့သွားလေသည်။စိတ်ဆိုသည့် ပြောင်းလဲတက်သည့်သဘောကို ထိန်းချုပ်ပေးနိုင်ခြင်းသည် စိတ်ကသိတဲ့အသိနှင့်သတိသည်သာ ထိုနှစ်ခုကိုပေါင်းစပ်လို့ အသုံးပြုကာ ထိန်းချုပ်လာနိုင်ပြီဆိုလျှင် ရင့်ကျက်လာပြီလို့ ပြောလို့ ယူဆလို့ရနိုင်သည်။ဒါလုပ်ရင်ကောင်းတယ် ဒါလုပ်ရင်မကောင်းဘူးစသည်တို့ကို ဝေဖန်ပိုင်ခြားနိုင်ခြင်းသည်လည်း အသိနဲ့သတိကြောင့် ရိုးရှင်းစွာသိမြင်တက်လို့ မကောင်းသောအရာပါလား ထိုအရာကို အောင်မြင်နိုင်ခြင်းကလည်းတရား၏သဘောပါ။စိတ်ဆိုတဲ့သဘောကိုက မကောင်းတဲ့အရာတွေကို တွေးချင် လုပ်ချင် မကောင်းမှု၌သာပျော်နေတက်ကြသည်။ကောင်းတာလေးတွေလုပ်ဖို့ဆိုရင်နေ့ရွေ့ညရွှေ့နဲ့ တစ်နှစ်ပြီးတစ်နှစ် ရွှေ့ဆိုင်းတက်ကြသည်။စိတ်ထဲ၌ မကောင်းမှုဒုစရိုက်များကိုသာစုပုံနေမယ်ဆိုရင်တော့ လူဘဝ၌ ကောင်းမွန်စွာနဲ့ နေထိုင်ရဖို့ အကြောင်းမရှိ ကောင်းတဲ့အရာတွေကို လုပ်ဆောင်နေတာလည်းဒီစိတ် မကောင်းမှုဒုစရိုက်တွေကိုလုပ်တာကလည်းဒီစိတ် ဒီလိုဆိုလျှင် လူဘဝအဓိပ္ပါယ်ရှိအောင် မကောင်းသောမစင်တွင်းထဲမှာ ပျော်မွှေ့နေတာထက် ကောင်းသောအလုပ်များဖြင့် ဘဝကိုအဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်မယ်ဆိုရင်လူသားဆန်တဲ့လူပီသတဲ့လူတော်တစ်ယောက်ဖြစ်လာမှာပါ။
author:@winkyaw
photo:cedit google imag

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.081
BTC 60992.07
ETH 1619.89
USDT 1.00
SBD 0.42