စိတ်ချမ်းသာမှု နဲ့ အသားအရေ

in #esteem6 years ago (edited)

FB_IMG_1520441852018.jpg

စိတ်ချမ်းသာမှု နဲ့ အသားအရေ

    အရင်ဆုံး လှတယ် ဆိုတာ ဘာလဲ လို့ မေးကြည့်လိုက်ပါအုံးနော် ...။ 
ကျန်းမာတယ် ဆိုတာ လှတယ် လို့ ခေါ်ပါတယ်။ 

စိတ်ကျန်းမာတယ်ဆိုတာဟာ စိတ်ရဲ့အလှတရားအစစ်ပဲနော်။
စိတ်မှာ မနာလိုစိတ်တွေ များနေမယ် မေတ္တာ ကရုဏာနည်းနေမယ် ဆိုရင် ရုပ်ဘယ်လောက်လှလှ စိတ်မလှလို့ ကြည့်နေချင်စရာ မကောင်းဘူး။
စိတ်လှတဲ့သူများကျတော့ ရုပ်မချောသည့်တိုင်အာင် သူ့စိတ်ရဲ့ အရည်အသွေးတွေက သူ့မျက်နှာမှာ တောက်ပနေလို့ ငေးနေချင်စရာကို ဖြစ်လို့ နော်... ။

ရုပ်ရည် ဘယ်လောက်ချောချော မကျန်းမာတဲ့ ပုံပေါက်နေတယ် အသားအရေ ခြောက်ကပ်ကပ်နဲ့ မျက်နှာကညိုးငယ်နေတယ် ဆိုရင် အဲဒီလူကို လှလိုက်တာ လို့ ခံစားရအုံးမလား။ မခံစားရတော့ဘူးနော်။ မြန်မြန် မျက်နှာလွှဲလိုက်ချင်တယ်။ 

နောက်တစ်ယောက်ကျတော့ သူ့ skin က healthy ဖြစ်နေတယ် .. သူ့မျက်နှာက အသားအရေကို ကြည့်ကြည့် သူ့လက်တွေ ခြေတွေက အသားအရေကို ကြည့်ကြည့် .. အသားအရေက ရွှင်လန်းနေတယ် လို့ ခံစားရတယ် ..  နေရောင်မှာ ကြည့်လိုက်ရင် စိုရွှဲနေတယ်လို့တောင် ထင်ရတယ် .. skin cells တွေက healthy ဖြစ်လွန်းလို့ အရောင်တွေ ထွက်နေသလား လို့တောင် ထင်ရတယ်၊ ဒါဆိုရင် ဒါဟာ အလှအပ ကို မြင်ရတာပဲ။
သူဟာ အသားမဲသူဖြစ်ဖြစ် ညိုသူဖြစ်ဖြစ် သူ့မှာ attraction တစ်မျိုး ဆွဲဆောင်မှု တစ်မျိုး ရှိနေပြီ။ 

ဒီလို ကျန်းမာတဲ့အသားအရေပိုင်ရှင် ဖြစ်ပြီး ဆွဲဆောင်မှု ရှိတဲ့သူ ဖြစ်ဖို့ လုပ်စရာ နည်းလမ်းက လွယ်လွယ်လေးပါ ... 

FB_IMG_1520441956717.jpg

အသားအရေကို oil ဆီ လိမ်းပေးပါ။ 
ဆီလိမ်းပေးပါ ဆိုလို့ နိုင်ငံခြားက ဈေးကြီးပေ့ဆိုတဲ့ဆီတွေ မှာယူ လိမ်းရမှာလားလို့ မေးလိမ့်မယ်။ မလိုပါဘူး။ နိုင်ငံခြားပစ္စည်းတွေ အထင်မကြီးပါနဲ့။ ဈေးကြီးကြီးသာယူထားတာ သူတို့ ပြောသလောက်လည်း မကောင်းပါဘူးနော်။ 
အုန်းဆီ သိပ်ကောင်းပါတယ်။ အုန်းနို့ကို ဈေးမှာ ညှစ်ပြီး မီးအေးအေးနဲ့ ချက်ပြီး ရတဲ့ဆီ သို့မဟုတ် cold press အုန်းဆီ ရရင်လည်း အဲဒီ အုန်းဆီကို  နေ့တိုင်း လိမ်းပါ။ ဈေးမှာရောင်းတဲ့ ခေါင်းလိမ်းတဲ့အုန်းဆီ လိမ်းရမှာ မဟုတ်ပါဘူးနော်။ 

သံလွင်ဆီစစ်စစ် ရရင်လည်း သံလွင်ဆီ လိမ်းပါ။
အုန်းဆီကို ညတိုင်း မျက်နှာ လည်ပင်း လက်ခြေ တွေကို လိမ်းပေးမယ် ဆိုရင် အသားတောင် ဖြူလာတာ တွေ့ရမှာပါ။ မယုံရင် မျက်နှာ တခြမ်း လက်တစ်ဖက်ပဲ အရင် လိမ်းကြည့်ပါ။ ဘာထူးလဲ ကိုယ်တွေ့ သိသွားရပါလိမ့်မယ်နော်။

. စိတ်ချမ်းသာမှု အမျိုးမျိုးရှိတဲ့ထဲမှာ ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်ရတာလောက် စိတ်ချမ်းသာတာ ရှိအုံးမလား ...
ရုပ်ရည်က အမေမွေးပေးတဲ့အတိုင်း ရုပ်ဆိုးရင်လည်းဆိုးမယ် ရွက်ကြမ်းရေကျို လောက် ဖြစ်ရင်လည်း ဖြစ်မယ် ကြည့်ကောင်းရုံလောက်တော့ ချောပါတယ်လို့ ရှိရင်လည်း ရှိမယ် .. မတတ်နိုင်ပါဘူး .. ။ ကံတရားအတိုင်းပါပဲ။ မွေးရာပါမို့လို့ ကိုယ်ပြုပြင်လို့ မရနိုင်တာဆို ဒီအတိုင်းပဲ လက်ခံရမှာပဲနော်။
အသားအရောင်လည်း ဒီအတိုင်းပဲ။ မွေးကတည်းက ဖြူရင်ဖြူမယ် ညိုရင်ညိုမယ် မဲရင်လည်း မဲမယ်။ ဒါလည်း ကံတရားအတိုင်းပဲ။ ကိုယ်ဘာမှ မတတ်နိုင်ဘူး။ လုပ်ယူလို့ မရဘူး။
.. ဒါပေမယ့် healthy skin ပိုင်ဆိုင် ဖို့တော့ ကိုယ့်အပေါ်မှာ မူတည်တယ်။ အဲဒါ ကိုယ်တတ်နိုင်တယ်။ ကိုယ့်မှာသာ ဥာဏ်ရှိရင် နည်းလမ်းသိရင် ကျန်းမာတဲ့ အသားအရေ ပိုင်ရှင် ဖြစ်အောင် လုပ်ယူလို့ ရတယ်နော်။

ကျန်းမာတာ Attractive ဖြစ်တယ် ။
ကိုယ့်မှာ healthy mind လည်း ရှိမယ်  healthy skin လည်း ရှိမယ် ဆိုရင် Attractive ဖြစ်ဖို့ ဆိုတာ တောင့်တနေဖို့ လိုတဲ့ကိစ္စ မဟုတ်ပါဘူး။

photo ; google

![FB_IMG_1520609386384.jpg]
()

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 57110.78
ETH 2521.26
USDT 1.00
SBD 2.32