The Changes

in #esteem6 years ago

image
ရေးခဲ့ဖူးပါတယ် ...
ကျွန်မ သိပ်သဘောကျတဲ့ စုံတွဲရှိတယ် ...
မချစ်သုဝေတို့စုံတွဲရယ် ...
Mark Zuckerberg တို့စုံတွဲရယ် ...
သူတို့ စုံတွဲ နှစ်တွဲ ပုံတွေတွေ့ရတိုင်း ချမ်းမြေ့မှုခံစားရတယ် ...
image
Mark Zuckerberg ဟာ လူလတ်ပိုင်း သိပ်ချမ်းသာကြွယ်ဝသူပေမယ့် မကြွားဝါဘူး. ဘဝကို ရိုးရှင်းစွာနေထိုင်တယ်. သူ့ဇနီးဟာ သိပ်ကိုချောမောလှပတဲ့ မော်လ်ဒယ်တစ်ယောက်မဟုတ်ဘူး ...
မင်းသမီးမဟုတ်ဘူး ...
အလှမယ် မဟုတ်ဘူး ...
ရိုးရိုးရှင်းရှင်းအလှကို ပုံမှန်ပိုင်ဆိုင်ထားတဲ့သူ ...
ဒါပေမယ့် ... ရင်ထဲခံစားသေချာမိတာက သူမမှာ Mark Zuckerberg ချစ်ခင်နှစ်သက်မြတ်နိုးတန်ဖိုးထားရတဲ့ စိတ်နှလုံးသားတစ်ခု သေချာပိုင်ဆိုင်ထားမယ်ဆိုတာပါဘဲ ...
တကယ်လို့သာ သူမဟာ ... ကျွန်မ အကောင်းတကာ့အကောင်းဆုံးတွေ နဲ့ နေချင် ... သုံးချင်တယ် ...
အကောင်းတကာ့အကောင်းဆုံးကားစီးချင်းတယ် ...
ဈေးအကြီးဆုံး ဘရန်းဒက်အိတ်တွေ ကိုင်ချင်တယ် ...
တစ်ကိုယ်လုံး စိန်စီချင်တယ် ...
ရှင်သိပ်ချမ်းသာတာဘဲ ...
ကျွန်မကို ရွှေပေါ်မြတင် စိန်စီထားပါ ဆို
Mark Zuckerberg စိတ်ချမ်းသာမယ် ထင်လား ?
သူနဲ့ အသွင်မတူတဲ့သူထက် သူနဲ့အသွင်တူ သူ့ပါရမီဖြည့်ဖက်တကယ့်အစစ်အမှန် သူ့ကို စိတ်နှလုံးတကယ်အေးချမ်းပျော်ရွှင်စေမယ့် ဘဝလက်တွဲဖော်ကို သူလက်တွဲခဲ့တယ် ...

အသက် ၃၂ နှစ်သာရှိသေးတဲ့ လူချမ်းသာလူရွယ်တစ်ယောက်မှာ သိပ်ကို အတုယူဖွယ်ကောင်းတဲ့ အရာများစွာရှိနေတယ်.

တကယ်တော့လေ ...
ကျွန်မတို့ဘဝတွေမှာ ...
ပကာသနတွေဖက် လှိုက်မောနေကြတယ် ...
ပူလောင်နေကြတယ် ...
ကိုယ့်လက်တွဲချင်သူဟာ ကိုယ်နဲ့အသွင်မတူလည်း ဖက်တွယ်ချင်စိတ်နဲ့ တုပ်နှောင်ကြတဲ့အခါ နောက်ဆုံး ... စိတ်မချမ်းမြေ့ခြင်းအောက်မှာ လမ်းမခွဲလိုမှုနဲ့ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိအချိန် ...
ပျော်ရွှင်မှု ...
အေးချမ်းခြင်းတွေကို မြှုပ်နှံလိုက်ကြရတယ်. image

ကိုယ့်စိတ်ချမ်းသာခြင်းဟာကိုယ်တိုင်ဖန်တီးနိုင် ...
ရွေးချယ်နိုင် ...
ကိုယ့်လက်ထဲမှာဘဲရှိတာမို့ အားလုံး စိတ်ရောကိုယ်ပါချမ်းသာ ကိုယ့်ပျော်ရွှင်မှုရဲ့ ပဲ့ကိုင်ရှင် ကိုယ်ကိုယ်တိုင်သာ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ... image

အသွင်တူ အိမ်သူတွေကို ခံစားရွေးချယ် ဘဝမယ် အေးချမ်းပျော်ရွှင်ပါစေ.

မှတ်ချက် : ဒီစာဟာ Mark Zuckerberg ကိုရေးလို့ ယောကျၤားလေးဘက်ကရေးတယ်ရယ်မဟုတ်ပါဘူး. မိန်းကလေးလည်း အတူတူပါဘဲ. ကိုယ်ပုံစံ နဲ့ ဘဝလက်တွဲဖော် ပုံစံမတူရင် အလျော့အတင်းလေးနဲ့ ညှိကြရမှာဘဲပေါ့နော်. ဒါပေမယ့် ... တစ်သက်တာလုံးမှာ ကိုယ်က အေးချမ်းစွာနေချင်ပြီး သူက ရလိုဇောတိုက် ပူလောင်နေသူကိုရွေးချယ်မိရင် သူ့အပူကိုယ့်ဟပ်တဲ့ဒဏ်တော့ ခံကြရမှာပေါ့နော်.
တွေးကြည့်မိတာလေးပါ.

Pတကယ်တော့ ...
မအားဘူး ...
အချိန်မရဘူးဆိုတာ ...
သူအကြောင်းရှာတဲ့ အကြောင်းပြချက်တစ်ခုပါ ...
ကိုယ့်အပေါ် တကယ်ချစ်မေတ္တာရှိသူမှာ ...
သူ့ ၂၄ နာရီ တစ်နေ့တာမှာ ...
ကိုယ့်အတွက် ၁၀ မိနစ်ဖြစ်ဖြစ် ...
အချိန်တစ်ခုတော့ရှိပါတယ် ...

တကယ်တော့ ...
အဝေးကြီးဘဲ ...
တွေ့ဖို့အဆင်မပြေဘူးဆိုတာ ...
သူအကြောင်းရှာတဲ့ အကြောင်းပြချက်တစ်ခုပါ ...
ကိုယ့်အပေါ် တကယ်ချစ်မေတ္တာရှိသူဟာ ...
မိုင်ပေါင်းထောင်ချီ ခရီးလည်းပျံသန်း ...
ကိုယ့်ကိုတွေ့ဖို့ သူကြိုးစားမှာပါဘဲ ...

တကယ်ချစ်မေတ္တာရှိသူဟာ ...
' အကြောင်းပြချက် ' တွေမရှာဘူး ...
သူ့ရှင်သန်မှု ' အချိန် ' တွေထဲမှာ ...
ကိုယ့်အတွက်လို့ ...
နေ့စဉ် သူသီးသန့် အချိန်တစ်ခုထားရှိပေးတယ် ...

ချစ်ပါတယ်ပြောပြီး ...
ကိုယ့်အတွက်ရယ်လို့မှ တစ်နေ့ ၁၀ မိနစ် မပေးနိုင်ဘူးဆို ...
သူ့ချစ်မှုကို ယုံချင်လည်းယုံပါ ... သေချာစဉ်းစားခြင့်ချိန်နှလုံးသားက ခံစားပြီးတော့ပေါ့ ...
image
တကယ့်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကိုယ်ကပေးနိုင် ...
တကယ်စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ တစ်ပါးသူဆီကရရှိပြီး ... စိတ်နှလုံးသား အေးချမ်းပါစေ.

#မယ်

Sort:  

Congratulations @waiyansoe! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 66137.20
ETH 3543.37
USDT 1.00
SBD 2.56