စပ်တူညီညာ

in #esteem6 years ago

မေတ္တာချစ်ရဲ့သဘောက ...
တစ်သတ်မတ်တည်း ...
အပြောင်းအလဲ အမြင့်အနိမ့် အတက်အကျမရှိဘူး ...

တဏှာချစ် (ဒီနေရာမှာ တဏှာချစ်ဆိုတာ ကိုယ့်ဆန္ဒကို တစ်ဖက်သူကဖြည့်ဆည်းပေးမှုပေါ် သာယာခြင်းကို ဆိုလိုပါသည် ) သဘောက ...
ဒီဂရီ အနိမ့်အမြင့် အတက်အကျရှိတယ် ...
ကိုယ့်စိတ်သဘောပေါ်မူတည် ပြောင်းလဲတတ်တာမျိုး ...

မိဘ နဲ့ သားသမီး အချစ်မှာတောင် ...
ကိုယ့်သား ကိုယ့်သမီးလေး ကိုယ့်စကားနားထောင် ...
ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်နေရင် ...
တော်လိုက်တာ ငါ့သား ငါ့သမီးလေးကတဲ့ ...
ဟော ... ကိုယ်သဘောမတူသူနဲ့ ယူရော ...
အမွေပြတ်တဲ့ ...
ဒါဆို သားသမီးကိုချစ်တာ ဘယ်ဟုတ်မလဲ ...
ကိုယ့်ဆန္ဒကို သားသမီးက ဖြည့်ဆည်းပေးနေမှုကိုချစ်တာ တဲ့ ...
သားသမီး ဘယ်လိုဖြစ်ဖြစ် ...
ချစ်ခြင်းမေတ္တာအပြည့်ဆို ... ဒါ တကယ့်မေတ္တာချစ်ပေါ့ ...
ဒီကမ္ဘာပေါ် သိပ်ကိုသိမ်မွေ့လှတဲ့ မိဘသားသမီးချစ်ခြင်းမေတ္တာတောင် ... အားလုံးက တကယ့်မေတ္တာချစ်စစ်စစ်တွေလားဆိုတာ စဉ်းစားစရာလို့ဆိုရမလား ...

ချစ်သူ ခင်ပွန်း/ဇနီးမယား အချစ်တွေ ...
ခုချစ် ခုပြတ် ...
သူဘာဖြစ်ဖြစ် မပျက်ပြယ်တဲ့ ချစ်ခြင်းမေတ္တာဆို ...
ဒါ မေတ္တာချစ်မလား ...
ရှိတော့ရှိတယ် ... ရှားသည်ပေါ့ ...

အချိန်ကြာလို့ပြောင်း ...
နှစ်တွေအလိုက်ရိုးဆို ...
အသစ်အသစ်ကိုမှ သာယာတတ်တာ မေတ္တာချစ်ဘယ်ဟုတ်ပါ့မလဲ ...

ဒီကမ္ဘာပေါ် ...
မေတ္တာချစ်နဲ့ တဏှာချစ် ချိန်ခွင်ပေါ်တင်ကြည့်ရင် ...
တဏှာချစ်က ချိန်ခွင်စောက်ထိုးဖြစ်လောက်အောင်များမလား ...

ကိုယ်က မေတ္တာချစ်တွေနဲ့ ချစ်နေသလား ?
သက်ဆုံးတိုင်တည်မြဲသင့်တာပေါ့ ...
မေတ္တာချစ်စစ်ရင်အေးမြလို့ ...
ကိုယ့်မေတ္တာချစ်ရသူတွေ အေးချမ်းပါစေ ...

ကိုယ် ... သူတစ်ပါးဆီက မေတ္တာချစ်တွေ ရနေသလား ...
ကမ္ဘာ့အရှားပါးဆုံး အရာတွေထက် ပိုရှားလို့ ...
တန်ဖိုးထားပါ ...
လေးစားပါ ...
ထိန်းသိမ်းပါ ...
သက်ဆုံးတိုင် ...

နူးညံ့သိမ်မွေ့လွန်းတဲ့ မေတ္တာချစ်တွေ ...
ပေးသူ ယူသူ ...
အေးမြစေလို့ ...
ဒီကမ္ဘာပေါ် ...
မေတ္တာချစ်ပန်းများစွာ ဖူးပွင့် ...
နှလုံးသားများ မေတ္တာချစ်ပန်းရနံ့ မွှေးပျံ့ ...
ငြိမ်းချမ်းကြပါစေ ...

#မယ်
#Maecoffee

image
တကယ့်ချစ်ခြင်းမေတ္တာဆိုတာက ကိုယ်ချစ်ရသူတွေကို ကိုယ်မရှိဘဲ သူတို့ဘာသာရပ်တည်နိုင်အောင် independent ဖြစ်အောင် ပံ့ပိုးကူညီစောင့်ရှောက်ပေးခြင်း တဲ့ ...

မိဘက သားသမီးကို သူတို့မရှိဘဲ သားသမီးတွေ
သူတို့ဘာသာရပ်တည် independent ဖြစ်အောင်
ပြုစုပျိုးထောင်ပေးတာက သားသမီးကို ချစ်တဲ့
တကယ့်ချစ်ခြင်းမေတ္တာတဲ့.
ကိုယ်ရှိမှ ဆိုတာမျိုးနဲ့ချစ်နေရင် ကိုယ်မရှိရင်
သားသမီးအားကိုးရာမဲ့ပြီး သူ့ဘာသူလည်းမရပ်တည်နိုင် ဒုက္ခရောက်မှာမို့ ...
ကိုယ့်သားသမီး ကိုယ်ရှိမှ ဖြစ်မယ်ဆိုတာမျိုးက သားသမီးကိုတကယ်ချစ်တဲ့ ချစ်ခြင်း မေတ္တာမဟုတ်ပါဘူးတဲ့ ...

ခင်ပွန်း ... ဇနီး ... သမီးရည်းစား ...
ဘယ်လိုချစ်ခြင်းမေတ္တာမဆို ...
တစ်ဖက်သူကို ကိုယ်ရှိမှဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုး ထားရှိခြင်းဟာ သူ့ကိုချစ်တာမဟုတ်ဘူး ...
ကိုယ့်ကို သူ စွဲလမ်းစေချင်တဲ့စိတ် နဲ့ သူ ကိုယ့်ပေါ်စွဲလန်းတာကို သာယာနေတဲ့စိတ် ကိုယ့်ကိုယ်ကို ချစ်တာတဲ့ ...
image
မိဘ ... သားသမီး ... ခင်ပွန်း ... ဇနီး ... ချစ်သူ မည်သူ့ကိုမဆို ...
ကိုယ်မရှိဘဲ သူတို့ဘာသာနေနိုင်အောင် ...
ရပ်တည်နိုင်အောင် ...
ဘဝကိုတစ်ယောက်တည်း သတ္တိရှိရှိ ကြံ့ခိုင်စွာ လျှောက်လှမ်းနိုင်အောင် ...
ပါရမီဖြည့်ရင်း ...
ပံ့ပိုးကူညီဖေးမရင်း ...
သူတို့ဘာသာ independent ဖြစ်စေရင်း ...
ချစ်ခြင်းမေတ္တာထားရှိကြရအောင်လေနော် ...

ဆုပ်ကိုင်ထားနေတာဟာ ကိုယ့်အတ္တကိုယ်ချစ်မို့ ...
လက်လွှတ်ခြင်းတွေ သင်ယူလက်တွေ့ကျင့်သုံးရင်း ...

ကိုယ့်ချစ်ခြင်းမေတ္တာ ... သူ့အတွက်လေ သူ independent ဖြစ်ပါစေ ... ကိုယ်မရှိလည်းလေ ...
image

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.029
BTC 56948.01
ETH 3056.88
USDT 1.00
SBD 2.40