Coming Soon

in #esteem6 years ago

ယောက်ချင်းစီရဲ့ မျက်နှာကို
စိတ်ထဲက မြင်ယောင်ပြီး တစ်ခေါက်ချင်းစီ လုပ်ရပါမယ် ...
image

ဒီနေရာမှာ အရေးကြီးတာက သူ့ကို အမှန်တကယ် အေးမြစေလိုတဲ့စိတ်
သူ့ကို အမှန်တကယ် အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့ မေတ္တာပို့မှ
ထိရောက်မှာဖြစ်ပါတယ်။

အဲ့ဒီလူက ကိုယ့်အပေါ် အချိန်တိုင်း ဒုက္ခပေးနေတဲ့သူ အရမ်းနာကြီး
မုန်းတီးအောင် လုပ်ထားဖူးတဲ့သူဖြစ်ရင်လည်း အဲ့ဒီအချိန်လေးခဏမှာတော့
ခွင့်လွှတ်နားလည်စိတ်နဲ့ မေတ္တာပို့ရမယ် ...
အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကို
ဘယ်လိုခွင့်လွှတ်ရမလဲ မေးလိမ့်မယ်။

-image
══════════════════════════════════
ကိုယ် အရမ်းမုန်းတဲ့သူကို အချိန်ခဏတာအတွက် ခွင့်လွှတ်နည်း
══════════════════════════════════image

ပထမဆုံး မလွဲသာတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်မှာ..
သူ့နေရာမှာ ငါဆိုရင်လည်း လုပ်ချင်လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါ

မရရင်

လူဆိုတာ သူ့အကျင့်စရိုက်နဲ့သူလာတာ မွေးကထဲက သူ့မှာ အဲ့လို
မကောင်းတဲ့စိတ်ပါလာလို့ ငါ့အပေါ်မှာလည်း အကောက်ကြံတာပါလားလို့
စိတ်ဖြေပြီး ခွင့်လွှတ်ပါ။

သူက ကိုယ့်အထက်လူကြီး ကိုယ့်အလုပ်ရှင်ဖြစ်နေခဲ့ရင် ကိုယ့်အပေါ်
မောက်မာရိုင်းစိုင်းခဲ့ရင်ငါလည်း သူ့ရာထူး သူ့လိုချမ်းသာတဲ့သူဖြစ်ခဲ့ရင်
ဒီထက်တောင် ဆဲမိဆိုမိချင် ဆိုမိမှာဆိုပြီး ခွင့်လွှတ်ပါ။

အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင်

ငါ၀ဋ်ကြွေးရှိလို့ ခံရတာပဲလို့ တွေးပြီး သူ့ကို အပြစ်မမြင်မိအောင်
စိတ်ဖြေပြီး ခွင့်လွှတ်ပါ။

အဲ့ဒါဆိုရင်တော့ သင်ရေကိုင်ပြီး မျက်နှာသစ်တဲ့ အချိန် ၂ စက္ကန့်လောက်
အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ ..

( သေချာပါတယ် .. သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့နိုင်သလောက်
သူသင့်အပေါ် ထူးထူးခြားခြား အမြင်ကြည်လာပါလိမ့်မယ် ..
ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသာ ရွက်နေရင်တော့
ဘာမှ ထူးမှာ မဟုတ်ပါဘူး)

ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာသစ်ရင်း
မေတ္တာပို့တဲ့အလုပ်ပြီးပါပြီ .. သင့်အတွက် အချိန် ၅ မိနစ်စာလောက်ဘဲ
လိုပါလိမ့်မယ် .. ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက်
၂ မိနစ်စာလောက်ဘဲ ပိုမှာပါ ...

ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါ ..
နောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလို
သရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ် ..

ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါ ..
အခုလက်ရှိ အလုပ်ထဲမှာရော ပတ်၀န်းကျင်မှာရော ကျွန်တော်နဲ့ မတည့်တဲ့
ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူး ..

လူတော်တော်များများပြောကြပါတယ် ... မေတ္တာပို့လိုက်မယ် မေတ္တာပို့လိုက်ရ
မကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့
စကားတစ်ခုလိုဖြစ်နေတာပါ ..
တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိမ်စာတိုက်တာမဟုတ်ပါဘူး ..
ရန်မရှိဘဲ အားလုံး အေးချမ်းစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့
အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ်နည်းလေးကို
ပြန်လည်မျှေ၀လိုက်ပါတယ်။

မန္တလေးစာကြည့်တိုက်
ကျနော်မောင်ဇော်ဇော်
ဓမ္မရေချမ်းစင်

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.029
BTC 57174.31
ETH 3071.24
USDT 1.00
SBD 2.40