ရီလိုက်ရတာ အသားတောင်မဲတယ်

in #esteem4 years ago

ကာလယန္တားနောက်ပြန်ရစ်လျှင် ၁၄နှစ်နီး
ပါးရှိခဲ့ပြီ။သို့သော်သစ်ဆုံဆောင်မှထိုအ
ဖြစ်အပျက်သည် ယခုထိတိုင်မှတ်မိနေဆဲ
ပင်။
တစ်ခုသောညရဲ့၈နာရီဝန်းကျင်အချိန်၌
သစ်ဆုံဆောင်ထမင်းစားခန်းမထဲတွင်
mass meetingကျင်းပနေသည်။
ဒုတိယနှစ်စတက်ခါစ ကျောင်းသားများ
ကို အဆောင်မှုးဆရာကြီးဦးကြည်ဝင်းမှ
ဆုံးမသွန်သင်၍အဆောင်ကိစ္စများကိုညှိ
နှိုင်းဆွေးနေနေကြသည်။ဘယ်အကြောင်း
အရာတွေပြောဆိုဆွေးနွေးနေသည်ကိုမူ
မှတ်ဥာဏ်တို့ရွေ့လျောသွားပြီဖြစ်သဖြင့်
အတိအကျမမှတ်မိတော့ပေ။ဆရာကြီး
သည် သူဆွေးနွေးညှိနှိုင်းပြီးတိုင်းဟော
ကျူတာဆရာများကို အလှည့်ပေးဆွေးနွေး
မှာကြားစေသည်မှာထုံးစံတစ်ခုပင်။ဟော
ကျူတာများသည်ကျောင်းသားများနှင့်ပိုမို
နီးစပ်သောကြောင့် ကျောင်းသားများရဲ့
လိုအပ်ချက်ကိုကိုပိုသိနိုင်မည်ဟု ယူဆ၍ ထိုသို့ပြုမူခြင်းဖြစ်နိုင်သည်။ထိုစဉ်ကသစ်
ဆုံဆောင်၏ဟောကျူတာများမှာ မြောက်
ဖက်အဆောင်တာဝန်ခံမှာဆရာဦးသန်းမြင့်
ထွန်းဖြစ်ပြီးတောင်ဖက်အဆောင်တာဝန်
ခံမှာဆရားဦးစံရွှေမြင့်ဖြစ်ပါသည်။အဆောင်
မှုးဆရာကြီးသည် အစည်းအဝေးတွင်သူမှာ
ကြားစရာရှိတာများပြောဆိုမှာကြားပြီးသော
အခါထုံးစံအတိုင်း အဆောင်ဟောကျူတာ
ဆရာနှစ်ဦးဘက်လှည့်၍မေးပါသည်။
"ကဲ……ဆရာတို့အနေနဲ့ဘာမှာကြားစရာ
ရှိသေးလဲ" ထိုအခါတောင်ဘက်အဆောင်
တာဝန်ခံဆရာဦးစံရွှေမြင့် ခေါ် ဆရာစံမှ
ထရပ်ပြီးမှာကြားပါသည်။ ဆရာစံပြော
သောစကားများမှာ "……………………
………………………………………………
………………………………………………
………………………………………………
………………………………………………
………………………………………………
………………………………………………
………………………………………………
……………………………………………"


ထိုနေ့ညလွန်မြောက်နောက်ရက်ရောက်
သော်…………………
နေ့လည်နှစ်နာရီလက်ချာချိန်တွင်တစ်
ဆောင်လုံးရှိကျောင်းသားများအတန်း
တက်ထွက်သွားကြချိန်တွင်ဟန်ဇော်ဦး
ဆိုသောငနဲသားမှာ တောင်ဘက်အ
ဆောင်အောက်ထပ်ရဲ့ဘယ်ဘက်ခြမ်း
အနောက်စွန်ရှိသူ၏အခန်းထဲတွင်အခန်း
အောင်းလျှက်ကျန်ရှိနေခဲ့လေ၏။အမှန်
အတိုင်းပြောရလျှင် ဒုတိယနှစ်ဆိုသည်
မှာ ဝါနုသေးသဖြင့် ကျောင်းသားအများ
စုမှာ လက်ချာသိပ်မပျက်ရဲသေးပေ။
အတော်များများမှာ ၇၅%ထိုမှာကြောက်
သောကြောင့်အတန်းမှန်အောင်ကျိုးစား
တက်ကြရသည်သာ။ထိုငနဲမှာမူအဘယ်
အကြောင်းကြောင့် အခန်းအောင်းနေရစ်
သည်ကိုမူသူကိုယ်တိုင်သာသိပေမည်။
အသည်းကွဲလို့ဆိုလားပဲ(ဤကားစကား
ချပ်) ထိုငနဲအခန်းအောင်းနေစဉ်
အဆောင်၏အလယ်တွင်ရှိသောရေ
အုတ်ကန်၌တစ်စုံတစ်ယောက်သည် ၃ဂါလံနီးပါးဆံ့သော ကိုင်းတပ်ပလပ်စ
တစ် ရေပုံးကြီးနှင့်ခပ်ခါအားရပါးရ
ရေချိုး နေလေ၏။ ထိုအသံကို အခန်း
အောင်းနေသောငနဲသည် သူ့ဖီးလ်နှင့်
သူ ကုတင်ပေါ်မှာမှိန်းနေရာမှကြားမိ
သောအခါ အခန်းတံခါးဖွင့်မကြည့်ပဲ
လှမ်းအော်လေတော့သည်။
"ဟိတ်……အလယ်ကန်မှာရေချိုးနေ
တာဘယ်သူတုန်းကွ အဲဒီလိုရေပုံးကြီး
နဲ့ရေခပ်မချိုးဖို့ညတုန်းကmass
meetingမှာဆရာစံပြောထားတာမသိဘူး
လားကွ" သို့သော်ရေချိုးနေသောအသံ
မှာရပ်မသွား။ ထိုသူမှာ ရေပုံးကြီးဖြင့်ခပ်ခါ ဝေါ…ဝေါ နှင့်ချိုးနေတုန်းပင်။ အခန်းထဲမှ
ငနဲမှာစိတ်မရှည်တော့။"ဟိတ်……ပြောနေ
တယ်လေကွာ မနေ့ညက မင်းmeeting
မတက်ဖူးလား ဒါဆိုနားထောင်"
"မနေ့ညက ဆရာစံကပြောတယ်
ထရမ်စဖော်မာပြင်နေရတယ် သိပ်မကောင်းသေးဘူးတဲ့ အဲဒါကြောင့်မီးခဏခဏပျက်နေတာ
တဲ့ မီးပျက်နေလို့ရေလုံလောက်အောင်မ
တင်နိုင်သေးဘူးတဲ့ အဲဒါကြောင့်ရေကို
အကျိုးမဲ့မဖြုန်းပါနဲ့တဲ့ တစ်ကိုယ်ကောင်း
စိတ်မမွေးပဲ ရေကို ကိုယ့်အတွက်လုံ
ုံလောက်ယုံ ခွက်နဲ့ခပ်ချိုးပါတဲ့ အေး ငါ
ပြောတာနားမထောင်ရင် ဆရာစံနဲ့တိုင်မှာ
ဒါပဲ" သကောင့်သားမှာအခန်းတံခါးလုံးဝ
ဖွင့်မကြည့်ပဲသူပြောချင်တာ အော်ဟစ်ပြော
ဆိုလိုက်သည်။ ထိုအခါ အလယ်ကန်၌ရေ
ချိုးနေသောသူမှာ ရေပုံးကြီးအစား ရေဖလား
လေးနှင့်ပြောင်းကာခပ်ချိုးနေလေတော့
သည်။ရေချိုးနေသောအသံမှာ ရှလော…
…ရှလော ဟုပြောင်းသွားတော့သည်။
ထိုအခါကြမှ အခန်းတွင်းရှိငနဲသည်ကျေ
နပ်သွားပြီး ဆက်မအော်ဟစ်တော့ပဲ
ကုတင်ပေါ်ဆက်မှိန်းနေလေတော့သည်။
(သူ့ဖီးလ်နှင့်သူ)ဤကားစကားချပ်။
ထိုသို့အော်ဟစ်နေသောဟန်ဇော်ဦးကို
လဲအပြစ်မဆိုသာပေ။ဆရာစံသည်
ကျောင်းသားများကိုမှာကြားယုံသာမ
ဟုတ်။သူကိုယ်တိုင်လည်းရေချိုးအင်မတန်
စည်းကမ်းကြီးသည်။ရေချိုးကန်၌ဆရာနှင့်
ဆုံဖြစ်တိုင်းဆရာရေချိုးပုံမှာချွေတာလွန်း
သည်ဟုပြောရမည်ပင်။ဆရာရေချိုးပုံမှာ
ခန္ဓာကိုယ်အနှံ့ရေစိုသွားအောင်ရေဖလား
နှင့်ဖြည်းဖြည်းလောင်းချိုးသည် ရေဖလား
အရေအတွက်အားဖြင့်ဆယ်ခွက်လောက်
သာဖြစ်မည်။ထို့နောက်ဆပ်ပြာတိုက်လေ
တော့သည်။ပြီးလျှင် ဆပ်ပြာပြောင်အောင်
နောက်ထပ်၁၀ဖလားလောက်ဖြည်းညှင်းစွာ
လောင်းချိုးသည်။သူငယ်ချင်းတစ်ယောက်
ကပြောဖူးသည်။ဆရာကလည်းကွာ ရေးချိုး
တာစည်းကမ်းရှိတာကောင်းပါတယ် ဒါပေမယ့် သူ့ဟာက ဖိုတိုက်ဖိုက်ကြီးကွာ
ရေဝအောင်တော့ချိုးသင့်ပါတယ်။
သူပြောတဲ့ဖိုက်တိုက်ဖိုက်ဆိုတာ ရေငါးခွက်
လောင်းဆပ်ပြာတိုက်ပြီးရင်ငါးခွက်ထပ်ချိုး
တာလို့ဆိုလိုတာ။ အထက်ကအကြောင်း
ပြန်ဆက်ရလျှင် အနှီဟန်ဇော်ဦးဆိုတဲ့ငနဲ
ကုတင်ပေါ်တွင်ပြန်မှိန်းနေပြီးဆယ်မိနစ်နီး
ပါးအကြာ၌ သူ့အခန်းတံခါးကိုတစ်စုံတစ်
ယောက်လာခေါက်သတဲ့။ဒေါက်…ဒေါက်
……ဒေါက် ဆိုသောတံခါးခေါက်သံအဆုံး
၌တံခါးထဖွင့်ပေးလိုက်တော့သည်။
"ဟာ……ဆရာ"
သူမြင်လိုက်ရသောမြင်ကွင်းကား ဆရာစံ
သည်ရေဝတ်ပုဆိုးကိုခပ်တိုတိုဝတ်လျှက်
ခန္ဓာကိုယ်ပေါ်၌ရေစိုလက်စကြီးဖြင့်
လက်တစ်ဖက်မှာ ပလပ်စတစ်ရေပုံးကြီး
ဆွဲထားလျှက်သား သူ့အခန်းရှေ့မှာရပ်နေ
လေသတဲ့။
သူ့စကားအတိုင်းပြန်ပြော
ရလျှင် "ငါ့ကွာ ဆံပင်တွေကိုထောင်သွား
တာပဲ" ဟူလို။ထိုအခါဆရာစံမှမေးလေ
သည်။"မင်း အတန်းတက်မသွားဘူးလား"
"ဆရာ……ဟို……ဟို……ကျနော်နေမ
ကောင်းလို့ပါ" ထွက်လာသောစကားသံ
များမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်။
ထိုအခါဆရာစံမှ"အေးပါကွာ…ခုနရေချိုးနေ
တာငါပါကွ လူလေးဘာလေးသေချာကြည့်
အော်ပါဟ" "ဟုတ်ကဲ့ ဆရာ ဟုတ်ကဲ့
ကျနော်သေချာမကြည့်မိလို့ပါ….…ဆော
ရီးပါဆရာ" ထိုအခါဆရာစံမှ"အေးပါကွာ"
ဟုဆိုခါ အပေါ်ထပ်ရှိ သူ့အခန်းသို့တက်
သွားလေသတည်း။ ။
image
(ထိုအကြောင်းကိုအနေအေးပြီးနှုတ်လုံမည်
ဟုထင်သောကျနော့အား ထိုငနဲမှပြောပြ
ပြီး တစ်ခြားမည်သူ့ကိုယ်မှပြန်မပြောရန်
ကတိတောင်းပါသည်။ကျနော်နှုတ်လုံခဲ့
ပါသည်။ဤနေ့ဤအချိန်အထိ မည်သူ့
ကိုယ်မှပြန်မပြောခဲ့ပါ။ယခုလည်းနှုတ်မှ
ပြန်ပြောခြင်းမဟုတ် စတေတပ်အနေနှင့်
ရေးသားခြင်းသာဖြစ်၍ဝိနည်းလွတ်ပါ
သည်။ဟောဒီ ဖေ့ဘုတ်ကြီးပေါ်လာတာ
ကိုတော့ကျနော်လည်းမတတ်နိုင်ပါကြောင်း)

Coin Marketplace

STEEM 0.22
TRX 0.06
JST 0.026
BTC 19996.78
ETH 1355.63
USDT 1.00
SBD 2.47