ကင်ဆာသမားတွေဘာစားမယ်

in #esteem7 years ago

သကြားဓာတ်(Fructose,Sucrose,Lactose)
ရရှိနိုင်​​သော အစားအစာများ
(ထမင်း၊ မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်) အားလုံးကို ကင်ဆာ ကလာပ်စည်း တွေ က သူတို့ စွမ်းအင်၊ သူ တို့ ကြီး ထွား ဖို့၊ သူတို့ ပြန့် ပွား ဖို့ မှာ အဓိက အသုံးချ တဲ့ လောင်စာ ဖြစ် ပါ တယ်။
ဒီ သကြားဓာတ် ကို စား လိုက် ရင် ကင်ဆာ ကလာပ်စည်း တွေ က လူဆိုးတွေ မို့ ( rogue cells ) ပုံ မှန် က လာပ် စည်း တွေ က မရ ဘဲ သူ တို့ က အကုန် လုံး ယူ ပြီး အသုံးချ ပြစ် ကြ ပါ တယ်။
သူ တို့ ဆက်လက်ရှင်သန် ပြီး ကြီး ထွား ဖို့ သုံး ပေ မဲ့ လို့ ခန္ဓာကိုယ် အတွက် စွမ်း အင်ထုတ်တဲ့အခါမှာ အရာမရောက်ပါ။

၁. အရေး အကြီးဆုံး က၊ကဆီဓာတ် ဖြစ် တဲ့ starches, carbohydrates, sugar in any shape or form including fruits ( fructose sugar ) and milk ( lactose sugar ) တွေ ဖြတ် ပြစ် သင့် ပါ တယ်။
ice cream, cookies, cakes , all kinds of energy drinks တွေ လဲ ပါ ပါ တယ်။ သကြား စား ရင် insulin တွေ ထွက် မယ်၊ Insulin ဟာ ကင်ဆာ ကလာပ် စည်း တွေ ကြီး ထွား စေ ပါ တယ်။ Fructose သ ကြား က ပို တောင် ဆိုး သေး တယ်။
လူနာ တွေ သောက် နေ ကြ တဲ့ အား ဆေး ရည် မှာ fructose သကြား တွေ အများ ကြီး ပါပါ တယ်။

၂. ဒါ ဆို ရင် ကင်ဆာ သမား တွေ ဘာ စား သင့် ပါ သလဲ?
အဓိ က၊ က တော့ အဆီ ဖြစ် ပါ တယ်၊ အသား လဲ အနည်း ငယ် စား လို့ ရ ပါ တယ်။ အဆီ ဆို တာ က တော့ ထောပတ် ( သကြား မထည့် ထား တဲ့ ထော ပတ် )Margarine မဟုတ် ပါ။ ကြက်ဥ၊ ထောပတ်၊ သီး သံလွင်ဆီ၊ သံလွင် သီး၊ အုန်းဆီ၊ အုန်းသီး( medium chain fatty acids ) အဆီ နဲ့ အသား ကို ratio အချိုး အဆ အား ဖြင့် 4:1 ဖြစ် ပါ တယ်။ အသား မျိုး စုံ အနည်း ငယ် စား လို့ ရ ပါ တယ်။ ဘာ ဖြစ် လို့ အဆီ ကို စား ခိုင်း ရ တာ လဲ? အဆီ ဟာ စွမ်း အင် ထုတ် တဲ့ အခါ မှာ သကြားဓာတ် ထက် အများ ကြီး ပို ပြီး ထုတ် ပေး ပါ တယ်။ သူတို့ ရဲ့breakdown product က ketone bodies တွေ ဖြစ် ပါ တယ်။ Ketone bodies တွေ ဟာ ကင်ဆာ ကလာပ်စည်း တွေ အတွက် ကောင်း သော ပတ် ဝန်း ကျင် မဟုတ် ပါ။
ကင်ဆာ ကလာပ်စည်း တွေ ဟာ ketone bodies တွေ ကို လုံဝ အသုံး မ ချ နိုင် တာ ကြောင့် သူ တို့ ရဲ့ ကြီးထွား ရှင် သန် ရေး မှာေ၇ှ့ ဆက် ပြီး မတက် နိုင် ကြ ပါ။ ကင်ဆာ တွေ ပွား ရ အောင် သွေးကြော အသစ် တွေ ကို လဲ မ ထုတ် လုပ် နိုင် တော့ ပါ။
ပုံမှန် က လာပ် စည်း တွေ က တော့ အဆီဓာတ် ၊ ပရိုတင်း ဓာတ်၊ ketone bodies တွေ ကို စွမ်းအင် အ ဖြစ် ကောင်း ကောင်း အသုံး ချ နိုင် ကြ ပါ တယ်။ ကဆီဓာတ်၊ သကြားဓာတ် တွေ ဖြတ် ပြီး အဆီ ၊ အသား ၊ အရွက် ( အသီး မပါ ) တွေ ကို စား ခြင်း ဖြင့် ကင်ဆာ ကလာပ် စည်း တွေ ရဲ့ ဆက် လက် ရှင် သန် မှု ကို ဖျက်စီး ပြစ် တာ ဖြစ် ပါ တယ်။ ကျွန်မ ဆို လို ချင် တာ က ဆေး ကု တာ လဲ ကု ပေါ့။
လူနာ အနေ နဲ့ ဆေး ကု ရာ မှာ အောင် မြင် ဖို့ ဝိုင်း ကူ လို့ ရ တယ် ဆို တဲ့ အချက် ကို ဆွေးနွေး ပြ နေ တာ ဖြစ် ပါ တယ်။ နောက် နေ့ တွေ မှာ ဆက် ပြီး ဘာ တွေ စား ရ မယ် ဆို တာ ဆက် ပြီး တင် ပြ သွား မှာ ဖြစ် ပါ တယ်။ အခု လို တင် ပြ သွား တာ ဟာ လဲ စဉ်းစား ကြည့် ရင် လူ နာ ဖက် က သကြား ကို ဖြတ် ရ တာ က လွဲ လို့ ဘယ် လို မှ အ ရှုံး မရှိ နိုင် လို့ တင် ပြ နေ ရ ခြင်း ဖြစ် ပါ တယ်

နိုင်ငံခြား မှာ နေ သူ များ အတွက် သို့မဟုတ် နိုင်ငံခြား အဆက်အသွယ် ရှိ သူ များ သေသေချာချာ ကျကျနန လိုက်နာ ပြီး လုပ် ကြည့် ချင် တယ် ဆို ရင် Precision Xtra Blood Glucose and Ketone Monitoring System $ 31.17 ကို ဝယ် ပြီး တိတိ ကျကျ လုပ် လို့ ရ ပါ တယ်။ on line ဝယ် လို့ ရ ပါ တယ်။ သူ က သွေး ထဲ မှာ ရှိ တဲ့ သကြားဓာတ် ရယ် ketone bodies တွေ ကို တိုင်း တဲ့ ဟာ ဖြစ် ပါ တယ်။
၁. အရေး အကြီးဆုံး က starches ကဆီဓာတ် ကို လျော့ ရ မှာ ဖြစ် ပါ တယ်။
ကျွန်မ တို့ မြန် မာ လူ မျိုး တွေ အတွက် က တော့ ထမင်းစား နေ ကျ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ ၊ အသုတ်စုံ စား နေ ကျ လူ တွေ ဆို တော့ ခက် ပါ လိမ့် မယ်။ သို့ ပါ သော် လည်း နောက်ဆုံး မ တော့ ကဆီဓာတ် ကို ကောင်း တယ် လို့ မှတ် ထား တဲ့ သညာစေတသိက် ကို ပြန် လည် ပြု ပြင် ပေး လိုက် ရင် ရ ပါ တယ်။
အစဦး မှာ တော့ ခက် မှာ အမှန် ပါ ပဲ။ ကဆီဓာတ် ကို ဖြတ် ခိုင်း တာ ဟာ လဲ ကင်ဆာ ကုနေဆဲ ကာ လ၊ ကင်ဆာ ကလာပ်စည်း တွေ အစု လိုက် အပြုံ လိုက် ရှိ နေ တဲ့ ကာလ ကို ရည် ညွှန်း ပါ တယ်။ remission ရ တဲ့ အခါ အနည်း ငယ် ပြန် စား လို့ ရ ပါ တယ်။ အံ့သြ ဖို့ ကောင်း တာ က သညာစေတသိက် ကို ပြု ပြင် လို့ ရ တယ် ဆို တဲ့ အချက် ပါ ပဲ။ ခန္ဓာ ကိုယ် ကြီး ကို ကိုယ် ဖြစ် စေ ချင် တဲ့ အနေ အထား အတိုင်း ပြု ပြင် လို့ ရ ပါ တယ်။ သွေးထဲ မှာ ရှိ တဲ့ သကြား ဓာတ် ကို 70-80- mg/dl
Ketones ကို 2-4 millimolar လောက် ရောက် အောင် စံချိန် ထား သင့် ပါ တယ်။ ( အထက် ဖော် ပြ ပါ စက် နဲ့ တိုင်း ကြည့် လို့ ရ ပါ တယ်) ယေဘူယျ အား ဖြင့် ကျန်းမာနေ တဲ့ လူ တစ် ယောက် မှာ blood glucose 100mg/dl အောက် မှာ ရှိ ပါ တယ်။
ketone bodies တွေ မရှိ ပါ။

အခု ရည်ရွယ်ချက် က တော့ ကင်ဆာ ကလာပ်စည်း တွေ အတွက် မနေနိုင် တဲ့ ပတ်ဝန်း ကျင်( hostile environment ) ဖြစ် အောင် လုပ် ပြီး ပုံမှန် က လာပ် စည်း တွေ အ တွက် က တော့ အေး ဆေး ပါ ပဲ။
ဆို လို ချင် တာ က blood glucose 70mg/dl
ketone bodies 2-4 millimolar ရှိ တဲ့ ခန္ဓာ ကိုယ် ရဲ့ ပတ် ဝန်း ကျင် ဖြစ် ပါ တယ်။
သွေး ကို မနက် အစောကြီး ဘာ မှ မစား ခင် တစ် ခါ ဖောက်၊ နေ့လည်စာ စား ပြီး ၂နာရီ ကြာ မှာ တစ် ခါ ဖောက် စစ် လို့ ရ ပါ တယ်။ အရေး အကြီး ဆုံး က တော့ caloric restriction ဖြစ် ပါ တယ်။ ယျေဘူရ အား ဖြင့် အများ ထင် နေ ကြ တာ ကင်ဆာ လူနာ ဆို ရင် စား နိုင် သ လောက် ကြွေး ၊ ရှိ သမျှ အကုန် ကြွေး ဆို တာ ပါ ပဲ။
ကင်ဆာ လူ နာ တိုင်း လို လို သကြား တွေ အလွန် များ တဲ့ အာဟာရ အရည် တွေ လဲ သောက် ကြပါ တယ်။ တစ်ဖက် က ကင်ဆာ ကလာပ်စည်း တွေ ကို chemotherapy အဆိပ် တွေ နဲ့ သတ်၊ နောက် တစ် ဖက် က လဲ ကင်ဆာ ကလာပ် စည်း တွေ ကြီးထွား ရှင် သန် စေ မဲ့ သကြားဓာတ် မျိုးစုံ ကို လဲ ကြွေး ဆို တော့ ဒီ လို မျိုး အယူအဆ နဲ့ ဆေးကု နည်း ဟာ စဉ်းစား စရာ ပါ ပဲ။ ဒါ နဲ့ပဲ ကင်ဆာ လူ နာ အများစု ဟာ ဖြေးဖြေး လုံးပါးပါး ပြီး သေ ကုန် ကြ တာ ပါ ပဲ။ မသေ တဲ့ လူ တွေ လဲ ရှိ ပါ တယ်။ ဇနကကံ မကုန် မချင်း မ သေ ပါ။ chemotherapy ကြောင့် မသေ တာ လို့ ထင် ရင် မှား ပါ လိမ့် မယ်။
ကင်ဆာ အမျိုးအစား လဲ တူ၊ staging လဲတူ၊ chemotherapy ပေး တာ လဲ တူ၊ အချို့ က အစော ကြီး သေ ပြီး၊ အချို့ က မ သေ ပါ။ဒါ ကို ထောက် ဆ ခြင်း ဖြင့် chemotherapy ကြောင့် မဟုတ် နိုင် ဘူး ဆို တာ ရှင်း နေ ပါ တယ်။ ပဋိသန္ဓေ နေ စဉ် က ပြစ် ချ လိုက် တဲ့ ဇနကကံ အရှိန် ကြောင့် သာ ဖြစ် ပါ တယ်။ တစ် ယောက် နဲ့ တစ် ယောက် ကံ တွေ က မတူ ကြ ပါ။
ဒါ ကြောင့် လဲ ကျေးဇူးတော် ရှင် မြတ်စွာဘုရား က ရုပ် တရား တွေ ရဲ့ ဖြစ် ကြောင်း က ကံ၊ စိတ်၊ဥတု၊ အာဟာရ ပါ တဲ့။
ကျွန်မ အခု ပြော နေ တာ က အာဟာရ ကို မိမိ တိုက် နိုင် တဲ့ ဖက် က နေ ကင်ဆာ ကလာပ် စည်း တွေ မပွား လာ ကြ ရ အောင်၊ သေ ကုန် ကြ ရ အောင် ကူ ညီ တဲ့ နည်း တစ် မျိုး ဖြစ် ပါ တယ်။
ကင်ဆာ ဗဟုသုတ ဆက် ပါ ဦး မည်။

စားသင့် သော အစားအသောက် အကြမ်း အား ဖြင့် guideline or ညွှန်ကြားချက် များ-----
ဟင်းသီးဟင်းရွက် များ
၁. ကညွှတ်
၂. ပန်းဂေါ်ဖီစိမ်း
၃. ပန်းဂေါ်ဖီ အထုပ် သေးသေး လေး များ Brussels sprouts
၎. ဂေါ်ဖီထုတ်
၅. ဂေါ်ဖီပန်း
၆. တရုပ်နံနံ
ရ. သခွားသီး
၈. အစိမ်းရွက် များ ( ကိုက်လန်၊ မုန် ညင်း စသည် ဖြင့်)
၉ . မှို
၁၀. ကဇွန်းရွက် spinach
၁၁. Zucchini (ဘူးသီး အမျိုးအနွယ် ) squash
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်ပွ အချို၊ ခရမ်းချဉ်းသီး တွေ က တော့ သကြားဓာတ် နည်းနည်း များပါ တယ်။
နောက် မှ ဖြေးဖြေး ထည့် ပြီး စား ပါ။
အသီး တွေ ဆို ရင် ကော?
အသီးတွေဟာ fructose သကြား တွေ အလွန် များ ပါ တယ်။ fruit sugar တွေ ဖြစ် ပါ တယ်။ သရက်သီး၊ နာနတ်သီး၊ ဖရဲသီး တွေ မှာ သကြားဓာတ် အလွန် များ ပါ တယ်။
ကင်ဆာ ရောဂါ ရှိ သူ တွေ အတွက် က ပြဿနာ တစ် ခု ဖြစ် ပါ တယ်။
ကင်ဆာကု နေ ချိန် မှာ မစားပဲ နေ နိုင်ရင် အကောင်းဆုံး ပါ ပဲ။ စား ချင် တယ် ဆို ရင် လဲ အချို အပေါ့ ဆုံး အသီး များ က ပို ပြီး သင့် တော် ပါ တယ်။ ဥပမာ --- strawberries, blueberries
သို့ ပါ သော်လည်း ဒီ အသီး တွေ ဟာ ပိုးသတ်ဆေး တွေ နဲ့ မလွတ် ကင်း နိုင် တာ ကြောင့် မစား ရင် တော့ ပို ကောင်း မယ် ထင် ပါ တယ်။ ပရိုတင်းဓာတ် ( အသားဓာတ် )
Organic အသား တွေ ဝယ် လို့ ရ မယ် ဆို ရင် တော့ အကောင်းဆုံး ဖြစ် ပါ တယ်။
အမဲသား၊ ဆိတ်သား၊ သိုးသား၊ ၀က်သား၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့၊ ထောပတ်၊ ဒိန်ခဲ
နွားနို့ ထဲ မှာ lactose သကြားဓာတ် ပါ နေ ပါ တယ်။ မသောက်ပဲ နေ နိုင် ရင် ပို ကောင်း ပါ လိမ့် မယ်။
ထောပတ် ၊ Ghee ဒိန်ချဉ် သကြားရည်၊ ထန်းလျက်ရည် မပါ ပဲ စား လို့ ရ ပါ တယ်။
Nuts and oils ၊Almond ၊ Brazil nuts ၊ အုန်းသီး အသား ၊ pecans ၊ Macadamia nuts ၊ Walnuts ၊ Flax seeds
ထောပတ်သီး နှင့် သံလွင်သီး စား သင့် ပါ တယ်။ အဆီဓာတ် ဖြစ် ပါ တယ်။
အဆီ နှင့် ဆီ များ ၊ဝက်ဆီ ၊ ထောပတ်၊ Ghee ၊ အုံးဆီ ၊ Omega3 ဆီ၊ ငါးမြင်း၊ Salmon ၊ သံလွင်ဆီ
သောက်ရန် အရည် များ ရိုးရိုးရေ က တော့ အကောင်း ဆုံး ဖြစ် ပါ တယ်။ လဘက်ရည်ကြမ်း ၊ ကော်ဖီကြမ်း ၊ club soda ၊ အုန်းစိမ်းရေ ။ တစ်နေ့တာ စား ရန် ဥပမာများ ------
Breakfast - ကြက်ဥ ၂လုံး ကို ထောပတ် နဲ့ ကြိုက် သလို ကြော်စား
အထက်ဖော်ပြ ပါ ဟင်းရွက် ထဲ က ကြိုက် ရာ ကို ပြုတ် စား
Bacon စား လို့ ရ ပါ တယ်။ ထောပတ်သီး တစ်ခြမ်း စား
အဆီ တွေ စား တာ ကြောင့် ဗိုက် က လဲ အတော် ပြည့် သွား ပြီး တော်တော် နဲ့ မဆာ တော့ ပါ။
Lunch နေ့လည်စာ
Salad နှင့် ထောပတ်သီး ၊ကြက်သား၊ ငါး ၊
Dinner ညစာ
ငါး၊ ကြက်သား စသည် ဖြင့် ကြိုက်နှစ် သက် ရာ ၊ဟင်းရွက် တစ်ခုခု ကြိုက် ရာ ပြုတ် or steam ၊ထောပတ် ၊ သံ လွင်ဆီ
အခု ဖော် ပြ တဲ့ ဟာ အကြမ်းဖြင်း အား ဖြင့် သာ ဖြစ် ပါ တယ်။ မိမိ ကြိုက် ရာ တီထွင် ပြီး အကျင့် လုပ် ပြီး စား လို့ ရ ပါ တယ်။
သတိ --- တတ် နိုင် ရင် တရုပ်ငံပြာရည်၊ ဗမာငံပြာရည်၊ ငါးပိ စိမ်းစား၊oyster sauce, mushroom sauce, sauce မျိုးစုံ မသုံး ရင် ကောင်း ပါ တယ်။ ဥပါဒ် ပေး တတ် လို့ ဖြစ် ပါ တယ်။ fructose သကြား၊ အချို မှုံ့ စ သည် ဥပါဒ် ပေး နိုင် သည့် additives များ ပါ လို့ ဖြစ် ပါ တယ်။ အစား အသောက် ကို သူ့ သဘာဝ အတိုင်း လေး သာ စား ကြည့် ပါ။ အလွန် အရသာ ရှိ ပြီး ကြိုက် လာ ပါ လိမ့် မယ်

ကင်ဆာ ရောဂါ ဆို တာ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ် ပါ တယ်။

ခေတ် မီ ဆေး ပညာရှင် သိ ထား တဲ့ အချက် တွေ က တော့-----
၁ ဗီဇ အပြောင်းအလွဲ genetic mutation ကြောင့် ကင်ဆာ ဖြစ် ရ ခြင်း
၂. စိတ် Stress ခေါ် စိတ် ဖိဆီး မှု များ တာ ကြောင့် ကင်ဆာ ဖြစ် ရ ခြင်း
၃. အာဟာရ နှင့် ပတ်ဝန်းကျင် အဆိပ် များ ကြောင့် ကင်ဆာ ဖြစ် ရ ခြင်း
ကို သိ ကြ ပါ တယ်။

ဘာ ကြောင့် လဲ ဆို တော့ ကင်ဆာ ဆို တာ disease of the immune system ဖြစ် ပါ တယ်။ ခုခံ အား ကျ ဆင်း တာ နဲ့ အမျှ ကင်ဆာ ကလာပ်စည်း တွေ ကို ခန္ဓာကိုယ် က မသုတ် သင် နိုင် တော့ ပဲ ပွား ချင် တိုင်း ပွား ပြီ ဖြစ် ပါ တယ်။ ဇိရဏ တေဇော ဓာတ် ဆို တာ က လဲ thyroid hormone ဖြစ် ပါ တယ်။ ဒါ ကြောင့် လဲ ကင်ဆာ လူ နာ တွေ အတော် များများဟာ တေဇောဓာတ် ချို့ တဲ့ နေ တာ ကို တွေ့ ရ ပါ တယ်။ မျက်စိ အောက် မှာ ဖြစ် နေ ပေ မဲ့ လို့ မြင် တတ်၊ ကြည့် တတ် မှ မြင် တတ် ပါ တယ်။
ကျေးဇူးတော် ရှင်မြတ်စွာဘုရား ဟာ ဘယ် တော့ မှ မမှား ပါ။ အခု ခေတ် မှာ လဲ ခေတ် ကြီး ဟာ ပြောင်း လဲ လာ တာ နဲ့ အလိုက် လူ အတော် များ များ ဟာ လည်း ဒီ တေဇောဓာတ် ချို့ ယွင်း လာ ကြ ပါ တယ်။ သို့ ပါ သော် လည်း အကြောင်း အမျိုး မျိုး ကြောင့် ထိရောက် တဲ့ ကုသ မှု ကို မရ ကြ ပါ ဘူး။ ကင်ဆာ ရောဂါ တွေ ကြောက်စရာ ကောင်း လောက် အောင် များ လာ တာ အံ့သြ စရာ မရှိ တော့ ဘူး လို့ ထင် ပါ တယ်။ နောက်ဆုံး အာဟာရ က တော့ အား လုံး သိ ပြီး ဖြစ် ပါ တယ်။ မသင့် တော် တဲ့ အာဟာရ ဟာ မကျန်းမာ တဲ့ ကလာပ်စည်း ကို ပဲ ဖြစ် စေ မှာ ဖြစ် ပါ တယ်။ အခု လို ရေး ပေး တာ ကျွန် မ ၏ သုံးသပ် ချက် သာ ဖြစ် ပါ တယ်။ အကြွင်း မဲ့ ယုံ ရ မယ် မ ဆို လို ပါ။
Antioxidants သောက် ထား တဲ့ လူ ဟာ chemotherapy ရ တဲ့ အခါ မှာ ပုံမှန် ကလာပ်စည်း တွေ က ပို ပြီး ခံ နိုင် ပါ တယ်။ လူ လည်း ဒီ လောက် နုံး မကျ သွား ဖူး ပေါ့။
Chemotherapy က ကင်ဆာ ကလာပ်စည်း တွေ ရော၊ ပုံ မှန် ကလာပ်စည်း တွေ ပါ အကုန် လုံး ကို သိမ်း ကြုံး ပြီး သတ် တော့ မှာ လေ။ အထူး သဖြင့် ရိုး တွင်း ချဉ်ဆီ၊ အူ ထဲ မှာ ရှိ တဲ့ ကလာပ်စည်း တွေ စ သည် ဖြင့် ပေါ့။ Turnover မြန် တဲ့ ကလာပ်စည်း တွေ အထိ အနာ ဆုံး ဖြစ် ပါ တယ်။ ကင်ဆာ ဖြစ် တယ် ဆို တည်း က နဂို ခန္ဓာကိုယ် ခုခံအား မ ကောင်း လို့ ဖြစ် တာ လေ။
ပို ဆိုး တာ က Vitamin D3 level လုံးဝ တောင် မ တိုင်း ပါ။ အလွန် အရေးကြီး တဲ့ thyroid profile တေဇောဓာတ် လည်း မ စစ် ပါ။ ကောင်း တဲ့ ပိုး တွေ လဲ ပါ ကုန် မှာ ဆို တော့ Probiotics နဲ့ ပြန် ဖြည့် ရ မှာ ပါ ပဲ။ ခက်တာ က ကင်ဆာ အထူးကု တွေ ဟာ သူတို့ ကို အထက် က ချ မှတ် ထား တဲ့ အတိုင်း သာ ကု ခွင့် ရှိ ပါ တယ်။ Guidelines, Protocols တို့ ပေါ့။ ဒီ က နေ အပြင် ထွက်ခွင့် မရှိ ပါ။ ဒီ နေ ရာ မှာ တည်း က ဈေးကွက် ကို ယူ ထား လိုက် ပြီ ဖြစ် ပါ တယ်။ နောက် ဆုံး မ တော့ ဒါ တွေ ရဲ့ အရင်း ခံ ဟာ လဲ ကင်ဆာ ဆေး တွေ ထုတ် တဲ့ ကုမ္ဗဏီ ကိုယ်စား ပါမောက္ခ ကြီး တွေ ဆီ က လာ တာ ဖြစ် ဖို့ များ ပါ တယ်။
သူတို့ တွေ ပဲ ဒီ guidelines တွေ ကို ရေး ကြ တာ လေ။ ဆေး တွေ သုံး ပြန် ရင် လဲ ဒီ ဆေး တွေ ပေါ် မှာ ဆေးရုံ ဖြစ်စေ၊ ဆေး ခန်း ဖြစ် စေ၊ ကော်မစ်ရှင် က လဲ ထပ် ရ တယ် လို့ ကြား ပါ တယ်။ ဖြစ် ဖို့ လဲ အတော် များ ပါ တယ်။ chemotherapy ကို ဘယ် လို ပြေး လို့ လွတ် တော့ မှာ လည်း လို့။ အကောင်း ဆုံး က တော့ မဖြစ် အောင် ကြိုးစား ပြီး နေ၊ ဖြစ် လာ ရင် တော့ မလွယ်ပါ။ လူ တွေ က မဖြစ်သေး သမျ လုံးဝ မ ကြောက် ကြ ပါ၊ ဖြစ် လာ ပြီ ဆို မှ သေ အောင် ကြောက် ကြ တာ လေ။
ကျွန်မ က ဗဟုသုတွေ ကို မှန်မှန် တင် ပေး နေ ပါ တယ်။ ဒါတွေ ကို ကြား ချင် လို့ သဘာဝ ဆရာဝန် နဲ့ သွား တွေ့ ရင် ပိုက်ဆံ တွေ အများ ကြီး ကုန် မှာ ဖြစ် ပါ တယ်။ အလကား ရ နေ တဲ့ နေရာ သိ ရဲ့ သား နဲ့ ဖတ်ရ မှာ ပျင်း တယ်၊ စိတ်မဝင်စား ဖူး ဆို ရင် လဲ ကံ အကြောင်း တရား ပါ ပဲ။ ကင်ဆာ လုပ်ငန်းရှင် တွေ ဟာ ရွှေဥ မှန်မှန် ဥ ပေး နေ တဲ့ ဘဲငန်း ကြီး ကို ဘယ် လို မှ သေ အောင် သတ် လိမ့် မယ် မ ထင် ပါ။ ကျွန်မ ပြော တာ အကြွင်း မဲ့ ယုံ ရ မယ် လည်း မ ဆို လို ပါ။ ကျွန်မ အ နေ နဲ့ ဗဟုသုတ အ ဖြစ် တင် ပြ နေ ခြင်း ဖြစ် ပါ တယ်။ ကျွန်မ က တော့ ကျေးဇူး တော်ရှင် မြတ်စွာဘုရား ဟော တော် မူ ခဲ့ တဲ့ တရား တွေ ရယ်၊ သဘာဝ နည်း တွေ ရယ် ပေါင်း စပ် ပြီး တင် ပြ နေ ခြင်း သာ ဖြစ် ပါ တယ်။

ကင်ဆာ ရောဂါ သည် များ အလွန် များ ပါ လား -------
ကျွန်မ ကို လူ အတော် များ များ မေးခွန်း များ မေး ကြ ပါ သည်။ ကျွန်မ က ဆေး မကု တာ ကြောင့် လူ တိုင်း ကို ပြန် မ ဖြေ ပါ။
ဆေး ကု တယ် ဆို တာ အင်မတန် တာဝန်ကြီး လှ ပါ တယ်။ အထူးသဖြင့် လူနာ ကို သေသေချခာချာ သိ တာ လည်း မဟုတ် တော့ ပို ပြီး တာဝန် ရှိ ပါ တယ်။ တာဝန် ကြီး မှန်း သိ လို့ ကျွန်မ အနေ နဲ့ ကျန်းမာရေး ဗဟုသုတ ဒါန များ ကို သာ လုပ် လို ပါ တယ်။ မိတ်ဆွေ များ အား လုံး နား လည် ပေး စေ ချင် ပါ တယ်။

ကင်ဆာ ရောဂါ ဗဟုသုတ အပိုင်း၉
ကင်ဆာ ရောဂါ သည် များ အတွက် နောက် အရေး ကြီး တဲ့ အချက် က ခန္ဓာ ကိုယ် မှ အဆိပ် များ ကြိုးစား ပြီး ထုတ် ပြစ် ခြင်း ဖြစ် ပါ တယ်။ အင်္ဂလိပ် လို detoxification ဖြစ် ပါ တယ်။ မြန်မာပြည် မှာ နေ ကြ တဲ့ လူနာ တွေ အတွက် သင့် တော် မဲ့ ၊ လုပ် နိုင် ကြ မဲ့ နည်း တွေ ကို ပဲ ဖော် ပြ လိုက် ပါ တယ်။
၁. ဝမ်း မှန်မှန် သွား ခြင်း
အရေး ကြီး ဆုံး က တော့ ဟင်းရွက် မျိုးစုံ အရည် သောက် ခြင်း သို့မဟုတ် စား ခြင်း။ ဟင်း ရွက် မျိုးစုံ ဟာ high fiber content ကြောင့် အူမ ကြီး ထဲ မှာ အညစ် အကြေး များ နဲ့ ပေါင်း ပြီး ဝမ်းအ နေ နဲ့ ထုတ် ပြစ် လိုက် ပါ တယ်။ ကျင်ကြီး ဆို တာ က လဲ ခန္ဓာ ကိုယ်အဆိပ် တွေ ဖြစ် ပါ တယ်။ ဝမ်းချုပ် ရင် နေမကောင်း ပါ။ အဆိပ် တွေ ကို မ ထုတ် နိုင် လို့ ဖြစ် ပါ တယ်။
ဝမ်း မှန်မှန် သွား ခြင်း ဟာ အဆိပ် တွေ ထုတ် ပြစ် ခြင်း ဖြစ် ပါ တယ်။ ( တေဇောဓာတ် ချို့ ယွင်း နေ ရင် လဲ အလွန် ဝမ်း ချုပ် တတ် ပါ တယ် )
၂. ချွေး ထွက် စေ ခြင်း
ချွေး ထွက် ခြင်း အား ဖြင့် ခန္ဓာကိုယ် မှ အဆိပ် များ ထွက် ပါ တယ်။ သတိ ထား ကြည့် မယ် ဆို ရင် ကျွန်မ တို့ မြန်မာ လူ မျိုး တွေ ချွေး သိပ် မ ထွက် တတ် ကြ ပါ။ နေ ဘယ် လောက် ပူပူ၊ အင်္ကျီ လက်ရှည် ဝတ် ထား ပေ မဲ့ ချွေး ထွက် တာ ကို မ တွေ့ တတ် ပါ။ ဒါ ကို ထောက် ဆ ခြင်း အား ဖြင့် တေဇောဓာတ် ချို့ ယွင်း နေ ခြင်း ဖြစ် ပါ တယ်။ ပိုက်ဆံ တတ် နိုင် တဲ့ သူ တွေ ဆို ရင် SAUNA သုံး ရ မှာ ဖြစ် ပါ တယ်။ လေ့ကျင့်ခန်း လုပ် တဲ့ နေရာ တွေ မှာ ရှိ ပါ တယ်။ ကျွန်မ တို့ မြန်မာ တွေ သုံးလေ့ မရှိ တာ ကို သတိ ထား မိ ပါ တယ်။ အကောင်း ဆုံး အဆိပ် ထုတ် နည်း ဖြစ် ပါ တယ်။

၃. လေ့ ကျင့် ခန်း လုပ် ခြင်း။
လမ်း ခပ်သုတ်သုတ် လျောက် ခြင်း။ ချွေး ထွက် လာ တဲ့ အထိ လျောက် ခြင်း ဖြစ် ပါ တယ်။
၎ နံနံပင် ဟာ လဲ အဆိပ် တွေ ထုတ် ပေး ပါ သ တဲ့။ ချွေး ထွက် နိုင် ကြ ပါ စေ။

အနာက်နိုင်ငံ မှာ ကင်ဆာ ရောဂါ ဖြစ် လာ တဲ့ အခါ သမရိုးကျ ကု တဲ့ ကင်ဆာ အထူးကု ( အများစု ) Conventional Oncologist အ ပြင် ၊
Integrative Oncologist လို့ ခေါ် တဲ့ ဘက်ပေါင်းစုံ ( chemotherapy, nutrition, antioxidants/ vitamins ) ကို ညှိ ပြီး အဆင်ပြေ သွား အောင် ကု သူ များ ( လူ နည်းစု ) လည်း ရှိ ကြ ပါ တယ်။
လူနာ အများစု ဟာ တော့၊ ကုရိုးကုစဉ် Conventional Oncologist တွေ လက် ထဲ ပဲ ရောက် သွား ကြ တာ များ ပါ တယ်။
စာဖတ်သူ၊ မေးခွန်းမေးတတ်တဲ့သူ၊ အသစ် အဆန်း တွေ စမ်း ကြည့် ရ မှာ မ ကြောက် သူ များ က တော့ ဘက်ပေါင်းစုံ ကို ညှိ ပြီး၊ ကု တဲ့ ဆရာဝန် တွေ ဆီ ရောက် သွား တတ် ပါ တယ်။ ကျွန်မ ဖတ် နေ တဲ့ စာအုပ်၊ ကင်ဆာ အဆင့် ၄ ကို ကျော်လွှား နိုင် ခဲ့ တဲ့ အမျိုး သမီး ရေး ထား တဲ့ စာ အုပ် ထဲ က စိတ်ဝင်စားစရာ ကောက်နှုတ် ချက် ကလေးကို တင် ပြ ချင် ပါ တယ်။
သူမ ကို ၄လ သာ နေ ရ တော့ မယ် ဆို တော့၊ ကင်ဆာ အထူးကု တွေ ရဲ့ ကုရိုးကုစဉ် chemotherapy ကို ငြင်းပယ် လိုက် ပြီး internet မှာ သုတေသန လုပ် ပြီး ရှာဖွေ လိုက် တာ၊ Integrative Oncologist ကို တွေ့ ပြီး၊ သ ဘော ကျ တာ နဲ့ အကုခံ ဖို့ သဘော တူ လိုက် ပါ တယ်။ ကုထုံး အမျိုးမျိုး ထဲ က စိတ်ဝင်စားစရာ ကောင်း တဲ့ အပိုင်း ကို ဖော် ပြ သွား မှာ ဖြစ် ပါ တယ်။
ကျွန်မ တို့ အား လုံး သိ ကြ တာ က၊ ကင်ဆာ ကလာပ်စည်း တွေ ဟာ သကြား ကို သူတို့ ကြီးထွားရှင်သန် ဖို့ အလွန် နှစ် သက် တယ် ဆို တဲ့ အချက် ပါ ပဲ။ ရှေးဦးစွာ လူနာ ကို အစာမကြွေး ပဲ ထား လိုက် ပါ တယ်။ ဆေး မသွင်းခင် တစ်နေ့ ပေါ့။
မနက် ကျ တော့ လူ နာ ရဲ့ သွေး ထဲ မှာ သကြားဓာတ် အတော် လျော့ နေ ပြီ ဖြစ် ပါ တယ်။ ဒီ အချိန် မှာ ကင်ဆာ ကလာပ်စည်း တွေ ဟာ သူ တို့ အစာ မရ တာ ကြောင့် ဆာ နေ ကြ ပါ ပြီ။ လှုပ်လှုပ် ရွရွ လည်း ဖြစ် လာ ကြ ပါ ပြီ။ ပုံ မှန် ကလာပ်စည်း တွေ က သကြားမရှိ လဲ ဖြစ် တာ မို့ အေးအေးဆေးဆေး ပါ ပဲ။ စွမ်းအင်တွေ ကို ဥဏှောက်၊နှလုံး၊ စ သည် အတွက် ချန် ထား ဖို့ ငြိမ်ငြိမ် လေး နေ နေ ကြ ပါ တယ်။ ဒီ အချိန် မှာ လူ နာ ကို Insulin အနည်းငယ် ထိုးပေး လိုက် ပါ တယ်။ နာရီဝက် အတွင်း လူ နာ ရဲ့ သကြားဓာတ် ဟာ ထပ် ကျ လာ ပါ တယ်။ Insulin ဟာ ကင်ဆာကလာပ်စည်း တွေ ကို ပို ပြီး ဆာ လာ စေ ပါ တယ်။ ပုံမှန် ကလာပ်စည်း တွေ က ငိုက်မြည်း လာ ပါ တယ်။ ဒီ အချိန် မှာ chemotherapy ဆေး ကို ခါ တိုင်း သုံးနေကျ ပမာဏ ရဲ့ ၁၀ပုံတစ်ပုံ ကို ထိုးပေး လိုက် ပါ တယ်။
chemotherapy ဆေး ထိုးပေး ပြီး တာ နဲ့ တပြိုင် နက်၊ ပုံမှန် ကလာပ်စည်း တွေ ကို ကာကွယ် ဖို့ antioxidants, antibacterial, antiviral, antifungus အကြောဆေး ကို ထိုး ပေး လိုက် ပါ တယ်။ နောက်ဆုံးမှာ တော့ သကြား တွေ ထိုးပေး လိုက် ပါ တယ်။
အခု အချိန် မှာ သကြား တွေ ကို အင်မတန် တောင့်တ နေ တဲ့ အချိန် မို့ သကြား လဲ လာ ရော၊ သကြား နဲ့ အတူ Chemo ဆေး တွေ ကို သိမ်းကြုံး ယူ ပြီး ကင်ဆာ ကလာပ်စည်း တွေ ပျက်စီး ခြင်း သို့ ရောက် ကြ ပါ တယ်။ ဒီလိုပေး ခြင်း ဖြင့် လူနာ က ခံ နိုင် တယ်၊ နေ မကောင်း မဖြစ်၊ မအံ ခြင်၊ ဆံပင် လည်း မကျွတ် ပါ။ အခုလို ကု နည်း ကို IPTLD (Insulin potentiation targeted low dose ) လို့ ခေါ် ပါ တယ်။ ၁၉ ၄၆ ခု ထဲ က တီထွင် ထား တဲ့ နည်း ဖြစ် ပါ တယ်။ ဒီ အမျိုးသမီး ဟာ အခြားသဘာဝနည်း တွေ နဲ့ လည်း အကုခံ ပါ တယ်။
အဆင့်၎ က နေ ကောင်း သွား တာ မို့၊ သူမ က ဆေးကုမ္ဗဏီ တွေ ဆီ ဖုံး ဆက် ပြီး ဒီနည်း ကို သုတေသန လုပ် ဖို့ တိုက်တွန်း တဲ့ အခါ ဘာ ပြောလဲ ဆို တော့ ဘယ် တော့ မှ မလုပ် ဖူး လို့ ဖြေ ပါ သတဲ့။ ဘာကြောင့် လဲ ဆို တော့ အောင်မြင်သွားရင် chemotherapy ဆေး တွေ ၁၀ပုံ တစ်ပုံ ပဲ ရောင်း ရ တော့ မှာ ဆို တော့ ဆေးကုမ္ဗဏီ တွေ က လုံးဝ စိတ်မဝင်စား ပါ လို့ ဖြေ ပါ တယ် တဲ့။ ကျွန်မ ပြော နေ ကြ စကား ------- “ ရွှေဥ၊ဥ ပေး နေ တဲ့ ဘဲငန်း ကြီး ကို မသတ် ပြစ် နိုင် ပါ”

ကင်ဆာ အကြောင်း ကို ရေး ရ တာ များ နေ တာ မို့ မရေး သေး ပါ ဖူး လို့ စိတ် ထဲ မှာ ရှိ ပေ မဲ့ ရေး ရ မဲ့ အကြောင်း က ပေါ် လာ ပြန် တော့ လဲ မိတ်ဆွေ များ ကို သတိ ပေး တဲ့ အနေ နဲ့ ရေး လိုက် ပြန် ပါ ပြီ။

ကင်​ဆာ အပိုင်း ၁၁ မှ ၁၄ အထိ ကောက်နှုတ်ချက်

ကင်ဆာ အကြောင်း ကို ရေး ရ တာ များ နေ တာ မို့ မရေး သေး ပါ ဖူး လို့ စိတ် ထဲ မှာ ရှိ ပေ မဲ့ ရေး ရ မဲ့ အကြောင်း က ပေါ် လာ ပြန် တော့ လဲ မိတ်ဆွေ များ ကို သတိ ပေး တဲ့ အနေ နဲ့ ရေး လိုက် ပြန် ပါ ပြီ။

မြန်မာပြည် မှ အမျိုး သမီး တစ်ဦး က အဆင့်၎ ရင်သားကင်ဆာ ဖြစ် နေ တာ မို့ ဓာတ် ကင် တာ ၂၈ ကြိမ် ရှိ ပြီ လို့ ဆို ပါ တယ်။

မိတ်ဆွေ တစ်ဦး က အကြံ ပေး တာ နဲ့ VitaminD3 level ဖောက် ကြည့် လိုက် တာ 7ng/ml ပဲ ရှိ ပါ တယ်။ ရှိ သင့် တာ က 70-100 or အနည်းဆုံး 40 အထက်၊

Thyroid profile တေဇောဓာတ် ပါ ဖောက် ကြည့် ပြန် တယ်။
သူမ ရဲ့thyroid antibodies တွေ က တက် နေ ပြီး တေဇောဓာတ် လည်း ချို့ ယွင်း နေ တာ ကို သိ ရ ပါ တယ်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56697.29
ETH 2390.51
USDT 1.00
SBD 2.29