🇫🇦🇨🇪🇧🇴🇴🇰 ဆိုတာ ဘာလဲ

in #esteem • 7 years ago

🇫🇦🇨🇪🇧🇴🇴🇰 ဆိုတာ ဘာလဲ

image

ဖေ့ဘွတ်ကို သုံးနေကြတဲ့ ကျွန်တော်တို့ အတွက် ဖေ့ဘွတ်ဆိုတာ ဘာလဲလို့  သိစေချင်လို့ပါ..။
တကယ်တော့ facebook ဆိုတာ social networking service တစ်ခုဖြစ်ပါတယ်.။
၂၀၀၄ ဖေဖော်ဝါရီမှာ စတင် လွင့်တင်ခဲ့တဲ့ website တစ်ခုပါ..။ ၂၀၁၁ July မှာတော့ ဖေ့ဘွတ် ရဲ့ active user က
သန်း ၇၅၀ ရှိပါပြီ တဲ့..။ အခုနောက်ဆုံး အခြေအနေက ပြောထားတာကတော့ ဖေ့ဘွတ်သုံးတဲ့လူ သန်း ၈၀၀ ရှိတယ်ဆိုပဲ..။
What Is Facebook?
ဘုရား.. ရေ..။ ဒီတိုင်းဆို သန်းခြောက်ထောင်ကျော်ရှိတဲ့ ကမ္ဘာကြီးမှာ ၈ ယောက်ရှိရင် တစ်ယောက်လောက်က ဖေ့ဘွတ်သုံးတယ်လို့ ပြောရမလို ဖြစ်နေပြီ ပေါ့..။
What Is Facebook? !??????!
ဒါပေမယ့် တစ်ယောက်တည်းမှာ အကောင့် သုံးလေးခုလဲ ရှိချင်တော့ ရှိနိုင်တာပေါ့နော..။ (active user ဆိုတာကတော့ တစ်လအတွင်း ၀င်ရောက် ကြည့်ရှုသူကို ပြောလိုတာပါ..။ ဆိုလိုတာက တစ်လအတွင်း
ကျွန်တော် တစ်ကြိမ်ဝင်ကြည့်ရင် ကျွန်တော်လဲ active user ပါပဲ..။ ) ဒါပေမယ့် ခက်တာက သူများတော့မသိဘူး ကျွန်တော်ကတော့ over active user ပါ..။

အားလုံးသိပြီးတဲ့အတိုင်းပဲ ဖေ့ဘွတ်ရဲ့ လိပ်စာကတော့ www.facebook.com ပါ..။ ဖေ့ဘွတ်ကို အသုံးမပြုခင် အရင် register လုပ်ရပါတယ်..။ ဒါလဲ ဘာမှ မခက်ပါဘူး..။
အီးမေး အကောင့် တစ်ခု ရှိရင် လုပ်လို့ ရပါပြီ...။ facebook မှာ အသုံးပြုသူတွေဟာ personal profile တွေဖန်တီးနိုင်ပါတယ်..။ တစ်ခြား သူတွေကို သူငယ်ချင်း အဖြစ် ဖိတ်နိုင်တယ်..။
What Is facebook! !??!
မက်ဆေ့တွေ ပို့လို့ရတယ်..။ အော်တို အချက်ပြမှု (auto notification) တို့လို ပါပါတယ်..။ နောက် ဒီထက်ထူးခြားတာက group တွေ ဖွဲ့ တာတို့..၊ page တွေ ဖန်တီးတာတို့  အပြင် အခု ပိုပြီးခေတ်စားလာတာက
ဖေ့ဘွတ် application တွေပါ..။ application ကတော့ user တွေကြားထဲမှာ သိပ်မသိကြသေးပေမယ့်..၊ web developer တွေ ကြားမှာတော့ အထူးရေပမ်းစားတာပေါ့ဗျာ..။ facebook application ကို အတိုချုံး ပြောရရင်တော့ ကိုယ်ရေးထားတဲ့
ဆိုဒ်ကို ဖေ့ဘွတ်ပေါ်မှာ iframe ပုံစံနဲ့ လာ run တာပါပဲ..။ plugin တွေကလဲ ပေါပေါ များများ ရပါသေးတယ်.။ ဥပမာ like button တို့၊ comment box တို့လို ဟာမျိုးတွေပါ..။
ကိုယ့်ဆိုက်မှာ like button ထားလိုက်ရင် တစ်ယောက်က ကြည့်လို့ ကြိုက်သွားရင် like ကို နှိပ်လိုက်ရုံပဲ..။
ဒါဆိုသူ့ရဲ့ wall ပေါ်မှာ ကိုယ့်ဆိုက်က အော်တို တက်သွားပြီး ကြော်ငြာပြီးသားရရော..။ အဲလိုပဲ ကွန်မင့်ဘောက် အတွက် ကိုယ်ပိုင် database တွေ ဆောက်စရာမလို ပဲ ကိုယ့်ဆိုက်မှာ integrate လုပ်လို့ရပါသေးတယ်.။
အဲလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကုန်ပစ္စည်းတို့ ၊ ကိုယ့်ဝက်ဆိုက်တို့  ကို အခမဲ့ ကြော်ငြာ ပြီးသား ဖြစ်သွားပါတယ်..။ user တွေကလဲ အများကြီးဆိုတော့ အရမ်း ထိရောက်ပါတယ်..။

ဒါပေမယ့် ဖေ့ဘွတ်မှာ အားနည်းချက် ရှိတယ်လို့ ထောက်ပြကြတာလဲရှိပါတယ်..။ အဲဒါက ဘာလဲဆိုတော့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်ပါပဲ..။ အသုံးပြုသူရဲ့ privacy ကို ထိခိုက်နိုင်တယ်ဆိုပြီး ပြောကြတာပါ...။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပဲ အရင်လတုန်း (နိုဝင်ဘာလ)က ဖေ့ဘွတ် အမှုဆောင်ချုပ် Mark Zuckarberg ရဲ့ ဓာတ်ပုံတွေ ပေါက်ကြားသွားခဲ့ပါသေးတယ်..။
သူတို့ကတော့ အဲဒီလိုဖြစ်တာဟာ code တွေ ပြောင်းလဲမှုအချိန်လေးမှာ ဖြစ်တတ်တဲ့ ခဏတာ လုံခြုံရေး ကျိုးပေါက်မှု တစ်ခုသာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်..။
ဘာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ အရေးကြီးဆုံး ဒေတာတွေကို ဖေ့ဘွတ်မှာ မသိမ်းသင့်တာကတော့ အမှန်ပါပဲ..။ ဂူးဂဲတို့လောက် လုံခြုံမှု မရှိဘူးဆိုတဲ့ complain တွေရှိနေလို့ပါ..။

ဖေ့ဘွတ် စထောင်တဲ့သူတွေက Mark Zukerberg နဲ့ သူ့ကျောင်းဖော် သူငယ်ချင်းတွေ ဖြစ်တဲ့ Eduardo Saverin, Dustin Moskovitz နဲ့ Chris Hughes တို့ပါ..။
စထောင်တော့ Harvard ကျောင်းသားတွေ အတွက်ပဲ..။ ဒါပေမယ့် နောက်မကြာခင်မှာပဲ Boston,Ivy League နဲ့ Stanford University တွေထိ ကျယ်ပြန့်လာပြီး သုံးစွဲလာကြပါတယ်..။ ကျောင်းသားတွေ ကြားမှာ တစ်ဖြည်းဖြည်း ချင်း အသုံးများလာပြီးတော့
နောက်ဆုံးမှာတော့ အသက် ၁၃ နှစ်နှင့် အထက်အားလုံး အသုံးပြုလို့ ရအောင်လုပ်လာပါတယ်..။ ဒါပေမယ့် ပေါ့လေ.. ConsumersReports.org က ပြောပါတယ်. ၂၀၁၁ မေ လမှာပဲ အသက်၁၃ နှစ်အောက် ကလေးတွေ သုံးတာ ၇.၅ သန်းလောက်တောင်
ရှိဆိုပဲ..။

2009 January မှာတော့ ဖေ့ဘွတ်ဟာ MySpace ကိုတောင် ချန်ထားခဲ့ပြီး ကမ္ဘာမှာ လူသုံးအများဆုံး social networking service ဖြစ်လာတယ်လို့ Compete.com က ပြောပါတယ်..။
မေ ၂၀၁၁ မှာပဲ ထုတ်ပြန်တာက US မှာတင် ဖေ့ဘွတ်သုံးတဲ့ လူက တစ်လ ၁၃၈.၉ သန်းပါတဲ့ခင်ဗျာ..။ 2010 April မှာ US ရဲ့ ၄၁.၆ ရာခိုင်နှုန်းသော လူတွေက ဖေ့ဘွတ် အကောင့် ရှိကြတယ်လို့ Social Media Today က ခန့်မှန်းထားပါတယ်..။
ဒါပေမယ့် ၂၀၁၁ မေမှာ active user 7 သန်းလောက်ကျသွားပြီး US နဲ့ ကနေဒါမှာတော့ ဖေ့ဘွတ်ဈေးကွက်ကြီးထွားမှုက နည်းနည်း လျော့နည်းလာတယ်လို့ ပြောနေကြပြန်ပါတယ်..။
တစ်ချို့ကလဲ ဖေ့ဘွတ်ကို ဖွဘွတ်ဆိုပြီး ပြောကြလေရဲ့..(ဒါကတော့ တင်စားကြတာ ထင်ပါတယ်.)။ ဖေ့ဘွတ်ကို အသုံးချတတ်မယ်ဆိုရင်တော့ ကောင်းတဲ့အချက်တွေ အများကြီးပါ..။
ဥပမာ။ ။ မြန်မာပြည် ရဲ့ မြစ်ဆုံ ကိစ္စ ဆိုရင် အများဆုံး သတင်းရင်းမြစ်က ဖေ့ဘွတ်က ထွက်လာတာလို့ ထင်ပါတယ်။ ဘယ်သူတွေ တင်လိုက်မှန်းမသိတဲ့ နေ့စဉ်သတင်းတွေကလဲ တက်လာလိုက်တာ မျက်စိ ကိုခွာလို့မရအောင်ပဲ..။
ပြီးတော့ ပခုက္ကူရေဘေးအလှူ ကလဲ ဖေ့ဘွတ်ကနေ အရင်ဆုံး လှုံ့ဆော်ကြပြီး အလှူခံကြတာ အံ့စရာကောင်းလောက်အောင်ကို အလှူငွေတွေ ရကြတာမဟုတ်လား..။

ဒီလို ကြီးကျယ်တဲ့ဖေ့ဘွတ်ကြီးဟာ ၂၀၀၄ နွေမှာ တော့ တရားဝင် အဖွဲ့ ဖြစ်လာခဲ့ ပါတယ်..။ စွှန့်ဦးတီထွင်သူတစ်ယောက်လဲဖြစ်၊ ဇူကာဘတ်ကိုလဲ အကြံဥာဏ်တွေ ပေးခဲဖူးတဲ့ Sean Parker က ဥက္ကဌ ဖြစ်လာပါတယ်..။
၂၀၀၄ ဇွန်လမှာပဲ ဖေ့ဘွတ် ရဲ့ အလုပ်တွေကို ကာလီဖိုးနီးယားမှာ ရှိတဲ့ ပါလို အော်တို ကို ရွှေ့ပြောင်းခဲ့ပါတယ်..။ အဲဒီလထဲမှာပဲ ပထမဆုံး ရင်းနှီးမြုပ်နှံမှုကို Peter Thiel ဆီက ရရှိခဲ့ပါတယ်..။
သူကတော့ PayPal ကိုပေါင်းစပ် ထူထောင်ထားသူပါ (PayPal ဆိုတာ အွန်လိုင်း Payment ၀န်ဆောင်မှုကို လုပ်ပေးတဲ့ company ကြီး ဖြစ်ပါတယ်) ..။
(တကယ်တော့ ဖေ့ဘွတ်ကို ၂၀၀၄ ဖေဖော်ဝါရီ ၄ရက်နေ့ မှာ စပြီး လွှင့်တင်တော့ domain name က thefacebook.com နဲ့ပါ..။)
ဖေ့ဘွတ်ကိုလဲ the ကို ချန်ခဲ့ပြီး facebook.com ဆိုတဲ့ ဒိုမိန်း နိမ်းနဲ့ ပဲ ဒေါ်လာ နှစ်သိန်းနဲ့ ဝယ်ပြီး ၂၀၀၅ မှာ တရားဝင်ပြောင်းလဲခဲ့ပါတော့တယ်..။
ဒါက ဖေ့ဘွတ်ရဲ့ ဖြစ်ပေါ်ခဲ့ပုံ အကျဉ်းလေးပါ..။ ပထမတော့ high school version နဲ့ တင်ထားတာပါ..။ အင်ဗိုက်လုပ်မှ အကောင့် ဖွင့်ရတာပါ..။
၂၀၀၆ စက်တင်ဘာ ၂၆ က စပြီး အသက် ၁၃ နှစ်နှင့် အထက် ရှိသူများ email address ရှိသူများ အားလုံးအတွက် ဖွင့်ပေးခဲ့ပါတယ်..။

၂၀၀၇ အောက်တိုဘာမှာ microsoft ဟာ ဖေ့ဘွတ်ရဲ့ ၁.၆ ရာခိုင်နှုန်းသော ရှယ်ယာတွေကို ဒေါ်လာ သန်း240 နဲ့ဝယ်လိုက်ပြီဆိုတာ ကြေငြာခဲ့ပါတယ်..။
အဲဒီမှာတင်ဖေ့ဘွတ်ရဲ့ တန်ဖိုးက ဒေါ်လာ ၁၅ ဘီလီယံ တန်ကြေးရှိနေပြီလို့ ဖော်ပြလိုက်ပါတယ်..။ မိုက်ခရိုဆော့ရဲ့ ၀ယ်ယူမှုမှာ ကြေငြာကဏ္ဍ တွေ ပါပါတယ်..။ ၂၀၀၈ အောက်တိုဘာမှာ ဖေ့ဘွတ်ဟာ
သူ့ရဲ့ရုံးခွဲကို အိုင်ယာလန်၊ ဒတ်ပလင်မြို့ မှာ ဖွင့်တော့မယ်လို့ ကြေငြာခဲ့ပါပြီ..။ ၂၀၁၀ နိုဝင်ဘာမှာတော့ ဖေ့ဘွတ်ရဲ့ တန်ကြေးဟာ ၄၁ ဘီလီယံ ရှိနေခဲ့ပါပြီ..။ အဲဒီပမာဏဟာ ဆိုရင် google နဲ့ amazone
ပြီးနောက် တတိယအကြီးမားဆုံး US web site company ကြီးဖြစ်လာပါတော့တယ်..။ အခုဆို ဖေ့ဘွတ် ရုံးခွဲတွေဟာ ၁၅ နိုင်ငံမှာ ရှိပြီး ၀န်ထမ်းအင်အားကလဲ ၂၀၀၀ ကျော်ရှိနေပါပြီ..။

၂၀၁၁ မတ်လမှာ အစီရင်ခံတဲ့ ဖေ့ဘွတ်ရဲ့ အစီရင်ခံစာ အရ ဖေ့ဘွတ်မှာ တစ်ရက်တစ်ရက်ကို profiles နှစ်သောင်းလောက် ဖယ်ရှားနေရဆိုပဲ..။ အဲဒါတွေကတော့ သူတို့ရဲ့ အသက်ပေါ်လစီနဲ့ မကိုက်တာတို့ ..၊
spam တို့  cyber security ကိုတိုက်ဖို့ ကြိုးစားတဲ့ဟာတို့ အစရှိသဖြင့်ပေါ့ဗျာ..။ (ကိုယ့် အကောင့်လေးလဲ ဖျက်တဲ့ထဲ ပါသွားအုံးမယ် သတိလဲ ထားကြအုံး..။)
၂၀၁၁ အစောပိုင်းမှာ ဖေ့ဘွတ်ရဲ့ရုံးချုပ်ကို အရင်က Sun Microsystems campus ရှိခဲ့တဲ့နေရာ ကာလီဖိုးနီးယားမှာရှိတဲ့ Menlo Park ကိုရွေ့တော့မယ်လို့ ကြေငြာခဲ့ပါတယ်..။
ဖေ့ဘွတ်ရဲ့ မက်ရှင် က "to give people the power to share and make the world more open and connected" ပါတဲ့..။

၂၀၁၁ ဇွန်မှာ ဖေ့ဘွတ်ရဲ့ pageviews အရေအတွက်ဟာ ၁ ထရီလီယံအထိရှိခဲ့တယ်လို့ ဆိုပါတယ်.။ ဒါဟာ ကမ္ဘာမှာ လူကြည့်အများဆုံး ဆိုက်ဆိုတာပါပဲ..။
ဒါပေမယ့် သူက DoubleClick ကိုပါ ရေတွက်တာပါ..။ google နဲ့ တစ်ချို့ ဆိုက်တွေ ကတော့ အဲလို ရေတွက်တာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်..။

ဖေ့ဘွတ်ရဲ့ အဓိက ငွေဝင်ပေါက်ကတော့ ကြော်ငြာကပါ..။ မိုက်ကရိုဆော့ဖ်ဟာ ဖေ့ဘွတ်ရဲ့ banner ကြော်ငြာအတွက် မူပိုင် ပါတနာပါ ။
ဒါကြောင့် ဖေ့ဘွတ်ဟာ မိုက်ကရိုဆော့ဖ် ရဲ့ advertisement inentory ရဲ့ ကြော်ငြာတွေ ကိုပဲ လုပ်ဆောင်ပေးပါတယ်..။
ဖေ့ဘွတ်ဟာ သူ့ရဲ့ ကြော်ငြာနှုန်းကို clickthrough rate (CTR) နဲ့ပဲ တိုင်းတာပါတယ်..။
(CTR ဆိုတာ ကိုယ့်ဆိုက်ပေါ်မှာ သူများ website link ကြော်ငြာထားရင် အဲဒီလင့်ကို နှိပ်လိုက်တဲ့နှုန်းပါ.။
ဥပမာ။ ။ကျွန်တော့ရဲ့ဆိုက်ကို ဂူးဂဲမှာ ကြော်ငြာထားတယ်ဆို .. ရှာတဲ့လူတွေက ကျွန်တော့ရဲ့ ဆိုက် လင့်ကို နှိပ်မိသွားတဲ့ နှုန်းပေါ့..။)
ဖေ့ဘွတ်ရဲ့ CTR ဟာ ၀.၀၄ % ပဲ ရှိပါတယ်တဲ့ ..။ ဆိုလိုတာက ဖေ့ဘွတ် page ကို အကြိမ်တစ်သန်း ၀င်ကြည့်ရင် အဲဒီ page မှာ ကြော်ငြာထားတဲ့ banner တွေကို နှိပ်တဲ့အကြိမ်က ၄၀၀ ပဲ ရှိတယ်လို့ ပြောချင်တာပါ..။
ဒီနှုန်းဟာ google တို့လို တစ်ခြားဆိုက်ကြီးတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးကို နှိမ့်ကျပါတယ်..။ Google မှာ CTR ၈% ( user တစ်ယောက်က အကြိမ်တစ်သန်း ရှာရင် အကြိမ် ၈၀,၀၀၀ လောက်က ကြော်ငြာကို နှိပ်မိလို့ပါ..။ ) ရှိပါတယ်..။
MySpace က CTR ၀.၁% ရှိပါတယ်..။ ဒါပေမယ့် Wall ပေါ်မှာ ကြော်ငြာထားတဲ့ တစ်ချို့ company ရဲ့ အမှတ်တံဆိပ်တွေ၊ ထုတ်ကုန်တွေကို နှိပ်တဲ့ နှုန်းကတော့ ၆.၄% ထိ ရှိတတ်တယ်လို့ ပြောပါတယ်.။
Banner တွေ အတွက် ဗွီဒီယို နဲ့ ကြော်ငြာထားမှုကို အပီးထိ ကြည့်တဲ့ နှုန်းကတော့ ၄၀% ထိတောင် ရှိတယ်ဆိုပဲ..။ ဒါက တစ်ခြားဆိုက်တွေမှာ ၂၅% ပဲ ရှိတဲ့နှုန်းနဲ့စာရင် အများကြီး သာနေပြန်ပါတယ်..။
ယူတဲ့နှုန်းကပုံသေမရှိပေမယ့် ဖေ့ဘွတ်ဟာ အဲဒီ ကြော်ငြာကို ကလစ်တစ်ချက် နှိပ်ရင် ဘယ်လောက် ယူတယ်ဆိုတဲ့ နှုန်းကနေ ပိုက်ဆံတွေ ဒလဟော ၀င်လာတော့တာပါပဲ..။
ဘာကြောင့်လဲ ဆို လာရောက် လည်ပတ်သူက သန်း ၈၀၀ တောင်ရှိနေတယ်လေ...။ တကယ်တော့ ဖေ့ဘွတ် အဲလောက်ချမ်းသာတယ်ဆိုတာ လူသိများလို့ ပဲ မဟုတ်လား..။
လူသိများလေ သူ့ရဲ့ image က တက်လေ၊ သူ့ရဲ့ image တက်လေ သူ့ရဲ့တန်ဖိုးက တက်လေ ပဲ မဟုတ်လား..။ တံခါးပိတ်ပြီး အိမ်ထဲ တရားထိုင်နေရုံနဲ့တော့ ဆိုင်က ပစ္စည်းတွေ ရောင်းကောင်းဖို့ မဖြစ်နိုင်ပါဘူး..။

အခုရေးခဲ့တာတွေကတော့ ကျွန်တော်တို့ရဲ့အချစ်တော် ဖေ့ဘွတ် ဆိုတဲ့ social networking service ၀က်ဆိုက် နဲ့ company အကြောင်း အနည်းငယ်မျှသာပါ..။
တကယ်တော့ ဖေ့ဘွတ်ကို တည်ထောင်ခဲ့တဲ့ မက်ဇူကာဘတ် ဟာ အခုမှ ၂၈ နှစ်ပဲ ရှိပါသေးတယ်..။ ကျောင်းသား ဘ၀ကတည်းနဲ့ ထောင်ခဲ့တာပါ..။
ဘာ မြစ်ဆုံဆည်တွေမှ ဆောက်စရာမလိုပဲနဲ့ အင်တာနက်ကနေ ဒေါ်လာ ၅၀ ဘီလီယံလောက် ကြွယ်ဝနေတဲ့ ၀က်ဆိုက်တစ်ခုပါ..။
ကျွန်တော်တို့ရော ဘာလုပ်ကြမှာလဲ ..။ ၀န်ခံရရင် ကျွန်တော်ကတော့ ဘာမှ မဟုတ်သေးတဲ့ သာမန်လူတစ်ယောက် သက်သက်ပဲ ဖြစ်ပါကြောင်း...။
italic
image

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58075.38
ETH 2463.77
USDT 1.00
SBD 2.38