Professional forex trader နဲ့ ပဲပြုတ်သည်

in #esteem6 years ago (edited)

Professional forex trader နဲ့ ပဲပြုတ်သည်

——-
image
ပဲပြုတ် ပဲပြုတ် ဟောဒီက ပဲပြုတ်

ဗျို့ ပဲပြုတ်သည် လာပါဦးဗျ

ဟုတ်ကဲ့ လာပါပီ

တစ်ဆယ်သား ဘယ်လောက်လဲဗျ

ငါးရာပါ

ဟင် ခင်ဗျားဟာက တစ်နေ့ကမှ လေးရာ အခု ဘယ်လိုဖြစ်🤔😕

နင် မကြားမိဘူးလား၊ သမ္မတအပြောင်းအလဲဖြစ်တယ်လေ၊အဲ့ဒါ ငါဝယ်ရမယ့် ဆီ ဆန် ဆား ပဲ ကုန်ဈေးနှုန်းတွေတက်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ငါ့ပဲပြုတ်ကိုလည်း ဈေးတင်ထားတာ😆

ဪ ဒီလိုလား ခင်ဗျားအရမ်းတော်တာပဲ Political news ကို Analysis လုပ်ပီးတော့ Fundamental ပိုင်းက Inflation rate နဲ့ ချိန်ညှိပြီး ပဲပြုတ်ဈေးကို အတင်အချလုပ်ထားတာပဲ၊ ခင်ဗျား အရမ်းတော်ပါပေတယ်🙂
image
😳ဟယ် နင်ကလည်းဟယ် ငါတော့ အခု အဲ့ဒါတွေ နင်ပြောမှပဲ ကြားဖူးတော့တယ်😇😇😅ဒါနဲ့ ဘယ်လောက်သားယူမှာလဲ

တစ်ဆယ်သားပေးပါ၊ ဒါနဲ့လေ ခင်ဗျားပဲပြုတ်ရောင်းစားလာတာ ဟိုးအရင်နှစ်ကတည်းက ကျွန်တော်တွေ့နေမြင်နေရတာဆိုတော့ တော်တော်ကြာပီပဲ၊ လစဉ်ကော ဘယ်လောက်မြတ်သလဲဗျ🤔

လစဉ်ပုံသေမြတ်တာတော့ ဘယ်ရှိပါ့မလဲဟယ် ရောင်းကောင်းတဲ့လ အမြတ်များသလို ရောင်းမကောင်းတဲ့လကျတော့ အမြတ်နည်းတာပေါ့၊ လူတွေက လစာတွေ အလုပ်အကိုင်တွေ အစစ အရာရာ အဆင်ပြေနေကြရင် ပဲပြုတ်စားဖို့ သတိတောင်မရဘူးလေ၊ အဲ့ဒီလို လ မျိုးတွေဆိုရင် ရှုံးတောင်ရှုံးသေးတယ်၊ ပျမ်းမျှပြောရမယ်ဆိုရင်တော့ တစ်လကို တစ်သိန်း နှစ်သိန်းတော့ မြတ်ပါတယ်လေ😀

ခင်ဗျား အရမ်းတော်ပြန်ပီ ကြည့်စမ်း Wage growth တွေ employment rate တွေကို အခြေခံပြီး Consumer spending ကို အဆင့်မြင့်ပုံစံနဲ့ ပဲပြုတ်ရဲ့ Supply and demand ကို Fundamental analysis ကျကျသုံးသပ်ပြသွားတာ 🙂

ဟယ် လုပ်ပြန်ပီ နင်ကလည်း အဲ့ဒါတွေ နင်ပြောမှ ကြားဖူးတယ်😅
image
ပြီးတော့လေ ခင်ဗျားက တကယ့် Pro ပဲပြုတ်သည်ပဲဗျ၊လစဉ်ရရှိတဲ့ အရှုံးနဲ့အမြတ်ကို Risk/Reward နဲ့တွက်ဆနိုင်ခဲ့တယ်၊ အမြတ်အနည်းအများကို ပျမ်းမျှချပြီး မြင်နိုင်တယ်၊ တွက်ချက်နိုင်တယ်၊ ဒါမျိုးကို ကျွန်တော်တို့ Forex trading လောက Traders အချို့တောင် မမြင်နိုင်ဘူးရယ် ၊ တစ်လလောက် အမြတ်ရာခိုင်နှုန်းလေးများသွားရင် ကိုယ့်ကိုယ်ကို ဟုတ်လှပီထင်ပြီး နောက်လတွေပါ အဲ့လိုမြတ်မယ်အထင်နဲ့ ပြောတတ်လုပ်တတ်ကြတယ်၊ ရှုံးတဲ့လရှိလာပြန်ရင်တော့ Emotionက ဝင်တတ်ကြပြန်ရော 😏

ဟုတ်ပါပီဟယ် နင်က ငါ့လို ပဲပြုတ်သည်လေးကို နင်တို့လို နိုင်ငံတကာအဆင့်မီ Fox trading လား ဘာဆိုလား အဲ့ဒါတွေနဲ့ နှိုင်းနေတယ် လာနောက်နေတာလားဟယ်😅

မဟုတ်ရပါဘူးဗျာ၊ အမှန်အတိုင်းပြောနေတာပါ၊ နိုင်ငံတကာအဆင့်မီတွေ ဘာတွေ အသာထားလိုက်၊ တကယ်တော့ အရောင်းအဝယ်လုပ်ငန်းတစ်ခုပါပဲဗျာ၊ ဒီဘက်ခေတ် 21 ရာစုမှာ ရောင်းပုံ ဝယ်ပုံတွေ ဘယ်လောက် မြန်ဆန်လွန်းနေပါစေ၊ ဘယ်လိုပဲ အသွင်အပြင်တွေ ထူးခြားနေပါစေ၊ နောက်ထပ်ဝေါဟာရအသစ်တွေ ဘယ်လိုပေါ်ပေါ် ခင်ဗျားဘာသာ ခင်ဗျား ပဲပြုတ်ပဲရောင်းရောင်း၊ ရွှေပဲရောင်းရောင်း ရေရှည်အမြတ်လိုချင်လို့ လုပ်တဲ့ အရောင်းအဝယ်လုပ်ငန်းရဲ့သဘောတရားကတော့ ဘိုးတော်ဘုရားလက်ထက်ကနဲ့ အတူတူပါပဲ၊ ရောင်းမှားဝယ်မှားလည်းရှိနိုင်တယ်၊ အရောင်းမှန်အဝယ်မှန်လည်း ရှိနိုင်တယ်၊ ပျှမ်းမျှအနေနဲ့သာ နည်းနည်းရှုံး များများမြတ်စေတဲ့ ပုံစံနဲ့ သွားရတာပဲ၊ ဒါကို သဘောမပေါက်ပဲ လုပ်တဲ့သူတွေကလည်း ရှိလေတော့ တစ်ချို့က ဒီအရောင်းအဝယ်အလုပ် Forex trading ကို ခေတ်သစ်ကာစီနိုအလောင်းကစားတို့ နှစ်လုံးထီသုံးလုံးထီတို့ ဖဲဝိုင်းတို့နဲ့ ခိုင်းနှိုင်းကြတယ်၊ သူတို့မသိလို့ပြောကြတာဆိုပေမယ့် ကျွန်တော်ရင်နာတယ်ဗျာ၊ အခု ခင်ဗျားတို့လို Pro ပဲပြုတ်သည်တွေက အရောင်းအဝယ်သဘောတရားတွေကို ကျွန်တော်တို့ Trading လောကအတွက် သင်ကြားပို့ချပေးသင့်တယ်😏
image
တော်ပါတော့ဟယ် နင်ပြောမှ ငါတောင် ဘဝင်မြင့်ချင်လာပီ😂

တကယ်ပြောတာပါဗျာ၊ ရော့ ငါးရာ ပြန်မအမ်းနဲ့🙂

တစ်ဆယ်သား ငါးရာပါဆို ငါက ဘာကို အမ်းရဦးမှာလဲ 😠

အင်းလေ အဲ့ဒါကြောင့် ပြန်မအမ်းနဲ့လို့ ပြောတာကို 😜

အေးပါဟယ် အရှုံးပေးပါတယ်၊ သွားတော့မယ်😁

ဟုတ်ပါပီဗျာ၊ နောက်ရက်တွေလည်း ကျွန်တော့်ဆီ ပဲပြုတ်လာရောင်းရင်း ရပ်ကွက်ထဲက သတင်းအချက်အလက်တွေနဲ့ ခင်ဗျားရဲ့ Fundamental analysis တွေကို လာရောက် ပြောပြပေးပါဦး😆😆😆😆😆
image
Please follow me&upvote @totoo

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by totoo from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 0.31 % upvote from @drotto thanks to: @totoo.

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 65355.67
ETH 3525.27
USDT 1.00
SBD 2.47