Why they succed?

in #esteem6 years ago

လူငယ်မီလီယျံနာ သူဌေး ၂၅ယောက်ပြောပြတဲ့ ကြုံတွေ့ ခဲ့ရသောတူညီတဲ့အချက်များ

💰မိသားစုရဲ့ထောက်ပံ့မှုနဲ့ အားပေးမှု
ဒီလူငယ်မီလီယျံနာတွေဟာ သူတို့ ကိုသံသယလုံးဝမထားဘဲ အကြွင်းမဲ့ယုံကြည်တဲ့မိသားစုတွေကနေလာကြတာပါ။ဒါဟာ သူတို့ ကိုငွေကြေးပိုင်းအရထောက်ပံ့တယ်လို့ မဆိုလိုပါဘူး။ခုကျွန်တော်တို့ ပြောနေတာက စိတ်ခံစားမှုပိုင်းကိုပြောနေတာပါ။

💰သူတို့ ကိုယ်တိုင် ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းရှိတဲ့အရာတွေကနေစတင်ကြတယ်
သူတို့ ဟာ သူတို့ တကယ့်လက်တွေ့ လုပ်ဆောင်နိုင်တဲ့စိတ်ကူးစိတ်သန်းတွေကနေ စတင်ခဲ့ကြတာပါ။သူတို့ ပိုင်နိုင်တဲ့အရာကိုလုပ်ဆောင်တဲ့အတွက် သူတို့ ကိုယ်သူတို့ ယုံကြည်မှုရလာတယ်။

💰ကြိုးကြိုးစားစားအလုပ်လုပ်ကြရတယ်
စွန့့် ဦးလုပ်ကိုင်​သူတွေဟာ စွန့့် စားမှုကြီးကြီးမားမားတွေပြုလုပ်ရသလို အရမ်းလည်းကြိုးစားရပါတယ်။လူငယ်တွေဆိုရင် အတွေ့ အကြုံပါနည်းသေးတဲ့အတွက်ပိုခက်ခဲပါတယ်

💰သူတို့ မအောင်မြင်နိုင်ဘူးလို့ ပြောခံခဲ့ကြရတယ်
သင်ဘာမှမလုပ်နိုင်ပါဘူးလို့ ပြောခံရတာလောက်စိတ်တတ်ကြွတာမရှိပါဘူး။သူတို့ အမြဲအပြစ်တင်ခံကြရတယ်။ဝေဖန်ခံကြရတယ်။ဒါပေမယ့် သူတို့ ဟာနောက်ဆုံးမှာဝေဖန်သံ အပြစ်တင်သံတွေကိုတိတ်ဆိတ်သွားစေခဲ့ပါတယ်

💰သူတို့ ပုဂ္ဂိုလ်ရေးနဲ့ စီးပွားကိုတစ်ကန့့် စီထားကြပါတယ်
လူငယ်စွန့့် ဦးလုပ်ကိုင်သူတွေဟာ သူတို့ စီးပွားရေးစတင်နေပြီလို့ သူတို့ သူငယ်ချင်းတွေကိုအသိမပေးချင်ကြပါဘူး။ဘာလို့ လဲဆိုတော့ လူတွေက အမြတ်ထုတ်ချင်ကြလို့ ပါဘဲ။အင်ဒရူးဟာ ဒေါ်လာ၂.၅သန်းရှာဖွေနိုင်ပြီး သူ့ ရဲ့၂၂နှစ်မွေးနေ့ မှာအကုန် ဆုံးရှုံးသွားခဲ့ရပါတယ်။သူ အိမ်ဝယ်တယ်။သူ့ သူငယ်ချင်းကသူ့ အိမ်မှာနေတယ်။အဆောင်ခ အခန်းခလုံးဝမပေးပါဘူး။သူ့ သူငယ်ချင်းအတွက် ငွေစိုက်ပြီးကားဝယ်ပေးလည်းပြန်မရခဲ့ပါဘူး။သူဟာဒီလိုသင်ခန်းစာတွေကိုတန်ဖိုးကြီးကြီးပေးပြီးရယူခဲ့တာပါ

💰သူတို့ အားလုံးဟာဈေးရောင်းဖို့ မွေးဖွားလာခဲ့ကြတာပါ
သူတို့ ဟာငယ်ရွယ်စဉ်ကတည်းက ဈေးရောင်းခဲ့ကြရသလို ခုထိလည်းလုပ်ဆောင်နေကြဆဲပါ။စာသင်ခန်းထဲမှာရောင်းခဲ့ကြရသလို အပြင်မှာလည်းရောင်းခဲ့ကြရပါတယ်

   #Whytheysucceeded
   #Success
   #Toptenteam

https://steemit.com/@toptenmotivation

image

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76