လူတစ်ယောက်လုပ်ငန်းရှင်းဖြစ်ဖို့ဆိုရင်

in #esteem6 years ago

လုပ်ငန်းရှင်ကောင်းတယောက်ဖြစ်ဖို့ ဆိုရင်

လုပ်ငန်းရှင်ဆိုတာ အစစအရာရာကိုသေချာရသူပါ။ဘယ်လိုလုပ်ငန်းရှင်တယောက်ဖြစ်အောင်ကြိုးစားကျင့်ကြံမလဲ? 

💰စီမံကွပ်ကဲမှုဆိုတာ မိမိလက်အောက်ငယ်သားတွေရဲ့ကြိုးစားအားထုတ်မှုပါမှ အောင်မြင်တယ်ဆိုတာသိထားပါ
ဘာလို့ လဲဆိုတော့ သင်အားလုံးကိုလိုက်လုပ်မနေနိုင်ပါဘူး။လုပ်လို့ လည်းမဖြစ်နိုင်ပါဘူး။သင့်ရဲ့လက်အောက်ငယ်သားတွေက အလုပ်ရဲ့အသက်သွေးကြောတွေဖြစ်တယ်။မျှမျှတတရှိရပါမယ်

💰​တာဝန်တွေကိုဝေခွဲပေးပါ။သင့်လူတွေအပေါ်ယုံကြည်မှုရှိပါ
အတွေ့ အကြုံနဲတဲ့မန်နေဂျာတွေက သူတို့ လက်အောက်ကသူတွေကိုဘယ်တော့မှ ကျေးဇူးမတင်သလို လေးစားမှုလည်းမရှိပါဘူး။သင့်လူတယောက်ကို အလုပ်တစ်ခုတာဝန်ယူဖို့ ဆုံးဖြတ်ပြီးရင် သူ့ ကိုအပြည့်အဝလုပ်ခွင့်ပေးပါ။ဘယ်လိုမှကြားဝင်စွက်ဖက်တာမျိုးမလုပ်ပါနဲ့ ။လူအမျိုးမျိုးမှာ ချဉ်းကပ်နည်းမျိုးစူံရှိပါတယ်။တာဝန်တွေခွဲဝေမပေးခင်မှာ သေချာ စနစ်တကျ မျှမျှတတ လေ့လာ ဆုံးဖြတ်ပါ။သင်နဲ့ မတူပေမယ့်လည်း သင့်တော်တယ်ဆိုရင် စိတ်ချလက်ချခွင့်ပြုပါ

💰သင့်ရဲ့လက်အောက်ငယ်သားတွေကို သင့်ရဲ့အားသာချက်တွေကိုသိပါစေ
သင့်လက်အောက်ငယ်သားအားလုံးနဲ့ ဖော်ရွေတဲ့ဆက်ဆံရေးရှိပါစေ။သူတို့ ဘယ်လိုပုံစံရှိလဲဆိုတာကြည့်ပါ။သူတို့ ဘယ်လိုဘဲဖြစ်နေနေ နားလည်နိုင်ဖို့ အကောင်းဆုံးကြိုးစားပါ။သင့်လုပ်ငန်းအတွက်ကော လက်အောက်ငယ်သားတွေရဲ့စွမ်းရည်တွေ လိုအပ်ချက်တွေကော အကောင်းဆုံးတိုးတတ်ကောင်းမွန်စေပါတယ်

💰 မိမိတယောက်ထဲ အကောင်းဆုံးလုပ်နိုင်တယ်လို့ မတွေးပါနဲ့ ။မထင်ပါနဲ့ 
အမှန်တရားက တော်တဲ့bossတွေဟာ သူတို့ ရဲ့လက်အောက်ငယ်သားတွေကိုယုံကြည်မှုအပြည့်အဝပေးသလို လုပ်ပိုင်ခွင့်အပြည့်အဝပေးပါတယ်

💰သင့်ရဲ့လက်အောက်ငယ်သားတွေကိုဆုံးဖြတ်နိုင်စွမ်းတိုးတတ်လာအောင် အားပေးပါ။သူတို့ ကိုဒုတိယအကြိမ်စီစစ်တာတောင်မလုပ်ပါနဲ့ 
သင်ရဲ့လက်အောက်ငယ်သားတွေကို အကောင်းဆုံး လုပ်ငန်းဆိုင်ရာ သင်တန်းပေးပြီးပြီဆိုတာနဲ့ သူတို့ ကိုယုံကြည်မှုအပြည့်အဝပေးလိုက်ပါ။သူတို့ ဆုံးဖြတ်ချက်မှားသွားတယ် အခြေအနေတစ်ခုကိုမထိန်းချုပ်နိုင်ဘူးဆိုရင်တောင် အပြစ်ပေးတာ သံသယထားတာတွေမလုပ်ပါနဲ့ ။အဲ့သည်အစားနောက်ထပ်လေ့ကျင့်ဖို့ အခွင့်အရေးပေးလိုက်ပါ။

💰အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုပါ။ချီးကျူးပါ
သူတို့ ရဲ့အောင်မြင်မှုတွေအတွက်အသိအမှတ်ပြုခြင်းဟာအရမ်းကိုအရေးကြီးပါတယ်။အမြဲအားပေးပါ

မှတ်သားဖွယ်စာစုလေးများ

💰စီမံခန့် ခွဲနည်းစာအုပ်ကိုဖတ်နေရုံနဲ့  မန်နေဂျာကောင်းတယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ဂစ်တာတီးနည်းစာအုပ်ကိုဖတ်နေရုံနဲ့ ဂစ်တာတီးတတ်လာမှာမဟုတ်ပါဘူး။ဒါပေမယ့် အရေးကြီးတဲ့အတွေးအခေါ်တွေကိုတော့ရရှိစေပါတယ်

💰မန်နေဂျာကောင်းတယောက်ဖြစ်ဖို့ ဘဲဖြစ်ဖြစ် အောင်မြင်တဲ့စွန့့် ဦးလုပ်ကိုင်သူတယောက်ဖြစ်ဖို့ ဘဲဖြစ်ဖြစ် အရေးကြီးဆုံးက လူမှန် နေရာမှန် ချထားတတ်ဖို့ ပါဘဲ

💰စီမံခန့် ခွဲတယ်ဆိုတာ လုပ်ငန်းနဲ့ဆိုင်တဲ့အရာရာတိုင်းကိုမှန်ကန်အောင်လုပ်ဖို့ ပါ။ဦးဆောင်တယ်ဆိုတာ မှန်ကန်တဲ့အရာတွေကိုလုပ်ဖို့ ပါ

💰အချိန်ဆိုတာ မန်နေဂျာတယောက်အတွက်ကြောက်စရာအကောင်းဆုံးအရင်းအမြစ်တစ်ခုဘဲ။အချိန်ကိုစီမံခန့် ခွဲခြင်းမပြုနိုင်ဘူးဆိုရင် ဘယ်အရာကိုမှ စီမံနိုင်မှာမဟုတ်ပါဘူး

# Success
# Toptenteam

@toptenmotivation

image

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69662.55
ETH 3388.96
USDT 1.00
SBD 2.77