လူငယ်တွေသိထားသင့်သည့်အချက်များ👏👏

in #esteem6 years ago

လူငယ်တွေသိထားသင့်တဲ့အချက်များ

လူငယ်တွေအတွက် ဘဝဆိုတာကစားကွင်းမဟုတ်တော့ပါဘူး။ကြမ်းတမ်းလှတဲ့သစ်တောတစ်ခုလိုပါဘဲ။လူငယ်တယောက်ရဲ့ဘဝဟာအလွန်ခက်ခဲပြီး ဆုံးဖြတ်ချက်ချရမှာ အမြဲတမ်းစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါတယ်။လူငယ်တွေ သူတို့ ရည်မှန်းချက်တွေပြည့်ဝဖို့ , ဘဝမှာအောင်မြင်ဖို့ မိဘတွေမှာတာဝန်ရှိပါတယ်။လူငယ်တွေအတွက် အောက်ပါအချက်တွေကိုမျှဝေပေးပါရစေ

💰 မိမိအတွက်အမြဲကြည့်ပါ
သင့်နှလုံးသားထဲမှာကော သင့်စိတ်ထဲမှာကော အမြဲသက်တောင့်သက်သာဖြစ်အောင်နေပါ။မိမိကိုယ်ကိုအမြဲယုံကြည်ချက်ထားပါ။

💰မိိမိကျောင်း, မိမိတက္ကသိုလ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါ
စာသင်ကျောင်းတွေ , ကောလိပ်တွေက သင့်ကိုလမ်းမှန်ရောက်စေတယ်ဆိုတာမမေ့ပါနဲ့ ။ဘယ်လိုဘဲ ကောလိပ်တွေ , တက္ကသိုလ်တွေကပျင်းဖို့ ကောင်းနေပါစေ ပညာရေးဆိုတဲ့အရာကိုသင့်ကိုလူ့ အဖွဲ့ အစည်းမှာနေရာတစ်ခုပေးပါတယ်။အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ဆရာတွေစကားနားထောင်ပါ။အိမ်စာတွေကိုပုံမှန်လုပ်ပါ။အမှတ်ကောင်းအောင် အဆင့်ကောင်းအောင်ကြိုးစားပါ။သင်အမှတ်တွေ အဆင့်တွေကောင်းနေရင် အနာဂတ်မှာအလုပ်ဆိုတာ မရှားတော့ပါဘူး

💰အရာတစ်ခုကိုမစမ်းသပ်ခင်သေချာစဉ်းစားပါ။တွေးပါ
လူအများစုဟာသူတို့ ရဲ့အမှားတွေအတွက်နောင်တရကြတယ်။ဒါပေမယ့်ဒါဟာသူတို့ အရင်ကတကယ်လုပ်ချင် လိုချင်တဲ့အရာတွေဘဲ။ဘယ်အရာကိုမဆိုမစမ်းပါနဲ့ ။ မကောင်းတဲ့အရာတွေကစွဲလွယ်ပါတယ်။အပေါင်းအသင်းသေချာပေါင်းပါ။လမ်းကြောင်းမမှားပါနဲ့ 

💰သင်မြတ်နိုးတဲ့အရာကိုလုပ်ပါ
မိမိဝါသနာပါရာနောက်ကိုလိုက်ပါ။စာဖတ်တာဝါသနာပါတာလား? အားကစားလုပ်တာလား? သီချင်းဆိုချင်တာလား? အစရှိသဖြင့်ပေါ့။မကောင်းတာနဲ့ ကောင်းတာကိုသေချာခွဲပါ

💰မူးယစ်ဆေးဝါးဘယ်တော့မှမသုံးပါနဲ့ 
စိတ်ထဲမှာအမြဲမှတ်ထားပါ။မူးယစ်ဆေးဝါးဘယ်တော့မှမသူံးပါနဲ့ ။သေစေနိုင်ပါတယ်။သင်ဒီအရာတွေကိုလူငယ်ဘဝမှာရှောင်ကြဉ်နိုင်ရင် သင်ကြီးပြင်းလာတဲ့အခါရှောင်ကြဉ်ဖို့ လွယ်ကူသွားသလို ကျန်းမာရေးများစွာအထောက်အကူပြုပါတယ်

💰သင့်ရဲ့အနာဂတ်ကိုပုံဖော်ပါ
ဘဝဆိုတာသင်ယူစရာတွေ ဆန်းကြယ်တဲ့အရာတွေနဲ့ ပြည့်နေတာပါ။သင့်ရည်မှန်းချက်တွေဆီရောက်ဖို့ ခြေတစ်လှမ်းကနေစတင်ပါ။သင်ဖြစ်ချင်တဲ့ဘဝပုံစံကိုစတင်ပြီးစိတ်ကူးယဉ်ကြည့်ပါ။ဒါပေမယ့် သင်ဝါသနာပါရာ သင်စိတ်ဝင်စားတဲ့အရာပေါ်အခြေခံပြီးရွေးချယ်ပါ။သင့်ဘဝတစ်လျှေက်လုံးမြတ်မြတ်နိုးနိုးလူပ်သွားမယ့်အလုပ်တစ်ခုပေါ့

💰မိမိဘဝကိုမိမိချစ်မြတ်နိုးပါ။တောင်းဆုပြုပါ
ငယ်ဘဝဆိုတဲ့အချိန်ကတိုတောင်းလွန်းပါတယ်။သင်လူလတ်ပိုင်းလောက်ရောက်လာတဲ့အခါ " ငါငယ်တုန်းက ဒါကိုလုပ်လိုပ်ရရင်ကွာ" ဆိုတဲ့တောင်းဆုပြုသံတွေနဲ့ သင့်ဘဝကိုဖြတ်သန်းရမှာပါ။ဘဝကိုပျော်ပျော်နေပါ။ ဘယ်ဘာသာဝင်မဆို မိမိယုံကြည်ရာဘာသာကို ကိုင်းရှိုင်းပါ

💰သင့်သူငယ်ချင်းတွေကိုသေချာရွေးချယ်ပါ
သင်နဲ့ သဟဇာတမဖြစ်တဲ့သူတွေနဲ့ ဘယ်တော့မှ အတူတူအပြင်မထွက်ပါနဲ့ ။သင့်ကိုပျော်စေတဲ့ , သင့်ကိုအမြဲအားပေးတဲ့သူတွေနဲ့ အပြင်ထွက်ပါ။သင်ချစ်တဲ့သူတွေနဲ့ နွေးထွေးတဲ့ဆက်ဆံရေးကိုတည်ဆောက်ပါ။

💰အမြဲတတ်တတ်ကြွကြွရှိပါစေ
ကျောင်းမှာ ဒါမှမဟုတ် အပြင်မှာရှိတဲ့အားကစားအသင်းတစ်ခုမှာဝင်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။အမြဲဖုံးတလုံးနဲ့ အချိန်ကုန်မခံပါနဲ့ ။သင့်ကိုစိတ်ကော လူကော ကျန်းမာစေပါတယ်

💰ဖြစ်လာနိုင်တဲ့ပြဿနာတွေ, အခက်အခဲတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ
အောင်မြင်တဲ့သူတွေဟာ ဝမ်းနည်းစရာ ဝမ်းသာစရာတွေကြုံလာရင် ဘယ်လိုတုံ့ ပြန်မလဲဆိုတာသဘောပေါက်ကြတယ်။သူတို့ အမှားတွေ , သူတို့ ခံစားချက်တွေကို တခြားတယောက်အပေါ်မှာဘယ်တော့မှပုံမချဘူး။

အားလုံးလိမ္မာပြည့်စုံတဲ့ လူငယ်လေးများဖြစ်ကြပါစေလို့ ဆုတောင်းရင်း

# Foryouth
# Success
# Toptenteam

image

@toptenmotivation

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76