လက်ရှိဘဝမှဖြစ်ချင်သောဘဝဆီသို့📅
in #esteem6 years ago
လက်ရှိဘဝမှသည် ဖြစ်ချင်သောဘဝဆီသို့ 
  • ညင်းပယ်ခြင်းဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါဘဲ။အသင်းမှာရွေးချယ်မခံရတာ, ရွေးကောက်ပွဲမှာအရွေးမခံရတာ, တက္ကသိုလ်လျှောက်လွှာပယ်ချခံရတာ, သင်လိုချင်တဲ့ရာထူး, အလုပ်မရတာ, ရာထူးချခံရတာ, သင်ချိန်းဆိုမှုပယ်ချခံရတာ အစရှိသဖြင့်ပေါ့။
  • ညင်းပယ်ခံရခြင်းဆိုတာ ရာဇဝင်ဆန်ဆန်စိတ်ကူးယဉ်မှုတစ်ခုပါ
    ညင်းပယ်ခြင်းဆိုတာစိတ်ကူးယဉ်မှုတစ်ခုလို့ သိထားရမယ်။တကယ်ဖြစ်မလာပါဘူး။တကယ်မတည်ရှိပါဘူး။သင့်ခေါင်းထဲမှာရိုက်သွင်းထားတဲ့အသိညဏ်တခုသာသာပါဘဲ။တွေးကြည့်စမ်းပါ။သင်ဟာဟားဗတ်တက္ကသိုလ်ကိုကျောင်းဝင်ခွင့်လျှောက်မယ်။သင်ဟာဝင်ခွင့်မရဘူး။သင်ဟာကျောင်းမလျှောက်ထားခင်ကလဲ ဟားဗတ်မှာကျောင်းတတ်နေတာမဟုတ်ဘူး။ပြီးတော့ သင့်ဘဝကြီးကပိုဆိုးသွားမှာလဲမဟုတ်ဘူး။အရင်လိုပါဘဲ။သင်ဟာတကယ်တမ်းဘာမှဆုံးရှုံးမသွားပါဘူး။သင်ဟာဟားဗတ်ကိုမတတ်ဘဲဘဝတလျှောက်လူံးအချိန်တွေကုန်လွန်ခဲ့ပြီးပြီဘဲ။သင်ဘယ်လိုဘဝကိုလျှောက်လှမ်းရမလဲဆိုတာသိနေပြီ။အမှန်တရားကတော့သင်ဟာမေးရင် ခွင့်တောင်းရုံနဲ့ ဘာမှဆုံးရှုံးသွားမှာမဟုတ်ပါဘူး။ဒါပေမယ့်ပြန်ရလာနိုင်တဲ့အရာတွေကတန်ဖိုးကြီးလှပါတယ်။
    သင်ဟာတစ်စုံတရာအတွက်တစ်စုံတယောက်ကိုမေးမြန်းတဲ့အခါ , အောက်ပါအရာတွေကိုသတိရပါ, " အချို့ ကကူညီကောင်းကူညီလိမ့်မယ်, အချို့ ကကူညီလိမ့်မှာမဟုတ်ဘူး, အချို့ ကငါ့ကိုစောင့်ဆိုင်းနေတယ်, အချို့ လူတွေကသေချာပေါက်ကူညီကြလိမ့်မယ်, အချို့ လူတွေကတော့ငါ့ကိုဂရုပြုမှာမဟုတ်ဘူး" ။တနေရာရာမှာ တစ်စုံတယောက်ကသင်နဲ့ သင့်ရဲ့စိတ်ကူးစိတ်သန်းတွေကိုစောင့်ဆိုင်းနေလိမ့်မယ်ဆိုတာအသေအချာပါဘဲ။ဘဝတလျှောက်လုံးမှာညင်းပယ်ခံရမှုတွေ ပယ်ချခံရမှုတွေနဲ့ ရင်းနှီးနေရမှာမဆန်းပါဘူး။အောင်မြင်ဖို့ လျှို့ ဝှက်ချက်ကတော့ ဘယ်တော့မှအရှုံးမပေးပါနဲ့ ။တစ်စုံတယောက်က မကူညီနိုင်ဘူးပြောရင် တခြားတယောက်ကိုဆက်မေးပါ။ကမ္ဘာပေါ်မှာလူဦးရေ၅ ဘီလီယျံရှိတယ်ဗြ။ တစ်နေရာရာမှာ တစ်စုံတယောက်ကတော့ပြောမှာ ကူညီမှာမလွဲမသွေပါဘဲ။ကြောက်ရွံ့ မနေနဲ့ ။စိတ်အားငယ်မနေပါနဲ့ ။ဒါကအရေအတွက်ကစားနည်းတစ်ခုပါဘဲ။တစ်စုံတယောက်က ကူညီဖို့ အသင့်စောင့်နေတာပါ။
    " သင့်အိမ်မက်တွေပေါ်မှာဘယ်တော့မှအရှုံးမပေးပါနဲ့ ,မဆုတ်မနစ် ကြံ့ကြံ့ခံနိုင်ခြင်းကအရေးကြီးဆုံးဘဲ,သင့်မှာဆန္ဒတွေ ယုံကြည်မှုတွေမရှိဘူးဆိုရင်သင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူး"- တာဝင်အိုဒဲလ်
  • သူတံခါး၁၂၅၀၀ကိုခေါက်ခဲ့တယ်
" ကျွန်တော်ညင်းပယ်ခံရပြီဆိုရင် တစ်စုံတယောက် ကျွန်တော့်နားကိုခရာမှုတ်သတိပေးပြီး အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ သတိပေးတာလို့ ဘဲခံယူတယ်" - ဆဲလ်ဗက်စတာ စတားလူံး
 " ကျွန်တော်ဘယ်နေရာမှာဆေးခန်းထားသင့်လဲ?"
" ခင်ဗြားမိတ်ဆွေတွေသိဖို့ ဘယ်သတင်းစာမှာကြော်ညာရမလဲ?"
" မနက်၉နာရီကနေ ညနေ ၅နာရီထိအလုပ်လုပ်တဲ့သူတွေအတွက် မနက်စောစောဆေးခန်းဖွင့်သင့်လား? ဒါမဟုတ် ညနေမှဖွင့်သင့်လား?"
နောက်ဆုံးမှာသူက
" ကျွန်တော်ဆေးခန်းစဖွင့်ရင် ခင်ဗြားလာနိုင်မလား" လို့ မေးတယ်။လူတွေက ရတာပေါ့ဗြာ လို့ ပြောကြတယ်။ဒါနဲ သူဟာ သူတို့ ရဲ့နာမည်တွေ လိပ်စာတွေရေးတာပေါ့။ဒီလိုလုပ်တာ လတော်တော်ကြာတော့ သူကပြန်ဆန်းစစ်တယ်။သူဟာတံခါး၁၂၅၀၀ ကိုခေါက်ခဲ့ပြီးလူပေါင်း၆၅၀၀ကျော်နဲ့ စကားပြောခဲ့တယ် ။သူဆေးခန်းစဖွင့်တဲ့ပထမလမှာဘဲ လူနာ၂၃၃ယောက်လာခဲ့ပြီး စံချိန်တင်ဝင်ငွေဒေါ်လာ၇၂၀၀၀ကျော်ရရှိခဲ့ပြီး ဒီဒေသမှာဘယ်ဆရာမှမလိုတော့ဘူးအထိဖြစ်ခဲ့ရပါတယ်။မေးပါ။မေးပါ။မေးပါ။တယောက်ပြီးတယောက်မေးပါ။ပုဂ္ဂိုလ်ရေးမဖက်ပါနဲ့ ။စီးပွားရေးနဲ့ ကတကန့် စီပါ။
 # Success
 # Toptenteam
@toptenmotivation
image
Coin Marketplace
STEEM 0.21
TRX 0.14
JST 0.030
BTC 69662.55
ETH 3388.96
USDT 1.00
SBD 2.77