🌺🌺Life And Success🌺🌺

in #esteem6 years ago

လောကမှာ လူအမျိုးအစား၂ မျိုးရှိပါတယ်။လူတမျိုးက ကျွန်တော်တို့ အောင်မြင်စေချင်ကြတယ်။လူတစ်မျိုးကတော့ ကျွန်တော်တို့ ကိုကျရှုံးစေချင်ကြတယ်။ကျွန်တော်တို့ ရွေးချယ်သလို ကျွန်တော်တို့ ဆုံးဖြတ်သလို ကျွန်တော်တို့ ဖြစ်လာကြတယ်။မိမိဘဝတစ်လျှောက်အောင်မြင်ဖို့ ဆိုရင် မိမိရဲ့အားနည်းချက်တွေ, အကျင့်ဆိုးတွေကိုအောင်နိုင်ဖို့ ကြိုးစားကြရပါမယ်

💰အောင်မြင်ခြင်းရဲ့လျှို့ ဝှက်ချက်က သင်ဘယ်နေရာမှာရောက်နေပါစေ သင်ဘာဖြစ်နေပါစေ သင့်ကိုယ်သင်တိုးတတ်အောင်အမြဲကြိုးစားခြင်းပါဘဲ။သင်တတ်နိုင်သလောက် အကုန်လေ့လာပါ။စီးပွားရေးလောကမှာ အောင်မြင်ဖို့ အခွင့်အလမ်းတွေက လွယ်လွယ်နဲ့ ဖြစ်မလာပါဘူး

💰ပြဿနာတွေအပေါ်မှာအာရုံစိုက်ဖို့ ထက် ဖြေရှင်းချက်တွေအပေါ်မှာအာရုံစိုက်ပါ။ကျွန်တော်တို့ ပြဿနာတွေရင်ဆိုင်နေရစဉ် အဖြေတွေကိုမမြင်နိုင်သေးပေမယ့် အဖြေမရှိဘူးဆိုတာတော့မဟုတ်ဘူးလေ

💰အကောင်းဆုံးပေးဆပ်သူတွေကအောင်မြင်ကြတယ်။ကျွန်တော်တို့ အောင်မြင်ဖို့ ဆိုရင် ခက်ခဲတဲ့အရာတွေကိုရင်ဆိုင်ရမယ်။အစွမ်းကုန်ကြိုးစားအားထုတ်ရမယ်။ဒါပေမယ့် ဒါတွေဟာအဆုံးမှာ အောင်မြင်ခြင်းဆိုတာဖြစ်လာတာပါဘဲ

💰စိတ်မပြန့် လွင့်စေပါနဲ့ ။စည်းကမ်းရှိပါ။မိမိဘဝရဲ့ဦးစားပေးအချက်တွေအပေါ်မှာ အမြဲဘဲအာရုံစိုက်ထားပါ။လွယ်တဲ့အရာကိုဘယ်တော့မှအရင်မလုပ်ပါနဲ့ ။သင့်အတွက် အကျိုးအမြတ်အများဆုံးရှိမယ့်အရာကိုလုပ်ပါ

💰သင့်အတွက်တန်ဖိုးရှိတဲ့အလုပ်ကိုလုပ်ပါ။သင်ဘယ်လိုအလုပ်မျိုးလုပ်ချင်တာလဲဆိုတာသတ်မှတ်ပါ။သင့်အနားမှာဘယ်လိုလူမျိုးတွေကိုထားချင်လဲ?သင်ငွေဘယ်လောက်ရှာချင်လဲ? သင်ဘယ်လိုဗဟုသုတတွေရချင်လဲ? သေချာဆုံးဖြတ်ပါ

💰ပူးပေါင်းဆောင်ရွက်မှုတွေ, မိတ်ဆွေဆက်ဆံရေးတွေတိုးတတ်ဖို့ ဆိုရင် ကြင်နာတတ်ရမယ်။အကောင်းမြင်တတ်ရပါမယ်။လူတိုင်းရဲ့ကောင်းကွက်ကိုရှာဖွေပါ။လူတွေရဲ့ ကောင်းကွက်တွေကိုအာရုံစိုက် ပြောဆို လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ကသူတို့ ရဲ့ယူံကြည်မှုနဲ့ သစ္စာရှိမှုကိုရရှိပါတယ်

💰သင့်အနားမှာ မိမိကိုယ်ကိုယုံကြည်မှုပြည့်ဝတဲ့သူတွေနဲ့ ဝန်းရံထားပါ။သင့်အနားမှာဘယ်လိုလူမျိုးတွေရှိလဲဆိုတာ အောင်မြင်မှုမှာ အရမ်းစကားပြောပါတယ်။အောင်မြင်တဲ့သူတွေ ကြိုးစားတဲ့သူတွေနဲ့ ဆက်ဆံခြင်းက သင့်ကိုယ်သင်ယုံကြည်မှုတွေနဲ့ အောင်မြင်မှုတွေကိုရရှိစေပါတယ်

💰 ရဲရင့်ပါ။အောင်မြင်မှုဆိုတာ ကြောက်ရွံ့ ခြင်းရဲ့တဖက်ကမ်းပါ။လွယ်လွယ်နဲ လက်လျှော့တဲ့သူတွေဟာအောင်မြင်ဖို့ ခက်ခဲလွန်းပါတယ်။အောင်မြင်မှုရဖို့ ပြဿနာတွေ အတားအဆီးတွေကိုအကုန်ရင်ဆိုင်ရမှာဘဲ

💰သင့်ဘဝအတွက် အကောင်းဆုံးဖြစ်စေမယ့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုရွေးချယ်ပါ။မိမိအလုပ်မှာပျော်ရွှင်မှုရရင်လည်း အောင်မြင်ဖို့ နီးစပ်ပါတယ်။သင်ဟာ သင့်အလုပ်မှာပျော်ရွှင်လာပြီဆိုရင် အာရုံစိုက်လာမယ်။ပိုပြီးရည်မှန်းချက်ကြီးလာမယ်။ဖြစ်လိုစိတ်ပြင်းပြလာမယ်။

💰တယောက်ထဲနဲ့ ကြီးကြီးမားမား အောင်မြင်မှုမရနိုင်ပါဘူး။အောင်မြင်မှုဆိုတာ လူတွေရဲ့အမြင်တွေနဲ့ ဆက်စပ်ပါတယ်။အဖွဲ့ အစည်းနဲ့ စည်းစည်းလူံးလုံးလုပ်ဆောင်ပါ

ကျွန်တော်တို့ တွေးသမျှ ကျွန်တော်တို့ ဖြစ်လာကြတယ်။သင်အောင်မြင်လိုစိတ်ပြင်းပြရင် သင်အောင်မြင်မှာပါဘဲ

#Lifeandsuccess
#Toptenteam![FB_IMG_1520143885629.jpg](https://steemitimages.com/DQmQFqWgX16nJt4a82LTbMxpNa1UQKGGnSvHDML7mHzGj8E/FB_IMG_1520143885629.jpg)

@toptenmotivation

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69500.15
ETH 3394.50
USDT 1.00
SBD 2.75