Facts You Should Follow

in #esteem6 years ago

လူတိုင်းလူတိုင်းစီးပွားရေးဆိုတဲ့အရာနဲ့ မကင်းကြပါဘူး။ သင်ကိုယ်တိုင်လဲ စီးပွားရေးစတင်လုပ်ကိုင်နေပြီလား? လုပ်ကိုင်နေပြီဆိုရင် ဒီအချက်တွေကိုသိထားသင့်တယ်။

   ကျွန်တော်တို့ အောင်မြင်ချင်ကြတယ်။ချမ်းသာချင်ကြတယ်။ဒါပေမယ့် ဒါဟာ စိတ်ဆန္ဒတစ်ခုသာသာဘဲဖြစ်နေတာပါ။ကျွန်တော်တို့ အလေ့အကျင့်ကောင်းတွေကိုမွေးမြူမယ် ကြိုးစားမယ်ဆိုရင် ဘယ်လိုရည်မှန်းချက်မျိုးမဆို အောင်မြင်မှာအသေအချာပါဘဲ။ပထမဦးဆုံးအနေနဲ့ ကတော့ စိတ်ရှည်ရမယ်။စည်းကမ်းရှိရမယ်။ ဒီထဲမှာ ဘယ်လောက်ကြိုးစားရမယ် , ဘယ်လိုပြဿနာတွေကိုဖြေရှင်းရမယ် ,  အမှားတွေဆီကနေ ဘယ်လိုသင်ခန်းစာတွေ ယူရမလဲဆိုတာတွေ အားလုံးအကျုံးဝင်ပါတယ်။ဒါ့ကြောင့် သင့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုကို မစတင်ခင်မှာ သင်လုပ်မယ့်အရာကို သင်တကယ်စိတ်ဝင်စားပါရဲ့လားဆိုတာ သေချာဆန်းစစ်ပါ။သင်စိတ်အားမထက်သန်ရင် သင်ကျရှုံးမှာဘဲ။ ဒါ့ကြောင့်သေချာလုပ်ဆောင်ပါ။ရေရှည်အစီအစဉ်တွေရေးဆွဲပါ။ပြီး အစွမ်းကုန် အကောင်အထည်ပါ

💰အမြဲနှိမ့်နှိမ့်ချချနေကြရမယ်
ချမ်းသာဖို့ အောင်မြင်ဖို့ ဆိုရင် ငွေကိုသေချာစီစစ်သုံးစွဲကြရမယ်။ရှိရင်ရှိသလို မသုံးရပါဘူး။ဒါမှသာ မိမိလက်ထဲမှာ ငွေပိုငွေလျှံရှိမှာဖြစ်ပါတယ်။

💰ကြယ်တွေဆီမပစ် ခင် လမင်းကြီးကိုအရင် ပစ်ပါ
အသေးအမွှား အကျိုးအမြတ်လေးတွေက ကြီးမားတဲ့အောင်မြင်မှုရဲ့ လမ်းစပါဘဲ။ရင်းနှီးမြှပ်နှံတဲ့နေရာမှာသေချာစဉ်းစားပါ။စတင်ပြီဆိုရင် အများကြီးရင်းနှီးမြှပ်နှံဖို့ မလိုအပ်ပါဘူး။ပြီး ရင်းနှီးမြှပ်နှံမှုကြီးကြီးမားမားပြုလုပ်တိုင်း အောင်မြင်မယ် အကျိုးအမြတ်များများရမယ်လို့ မထင်ပါနဲ့ ။ကျွန်တော်တို့ စိတ်ရှည်ရမယ်။ ဖြေးဖြေးချင်း အချိန်ယူပြီးလုပ်ဆောင်ရပါမယ်။

💰လူတွေကိုကူညီရမယ်
ကျွန်တော်တို့ မှာပင်ကိုယ်စွမ်းရည်တွေ အတွေ့ အကြုံတွေ ဗဟုသုတတွေများစွာရှိပါတယ်။သင်သူတပါးကိုကူညီရင် သင်အောင်မြင်မှာအသေအချာပါဘဲ

💰 မိမိမှာအရည်အချင်းရှိတယ်လို့ ယုံကြည်ထားရမယ်
သင့်ကိုယ်သင် အခြားသူတွေနဲ့ ဘယ်တော့မှမနှိုင်းယှဉ်ပါနဲ့ ။ကြိုးစားသူတိုင်းအတွက် နေရာတစ်နေရာဟာ အမြဲရှိစမြဲပါ

💰ကားတွေ အိမ်တွေမဝယ်ပါနဲ့ 
ကားတွေ အိမ်တွေဝယ်ဖို့ က မိမိရည်မှန်းချက်ဖြစ်ပေမယ့်လဲ စီးပွားရေးစတင်လုပ်ကိုင်ပြီဆိုတာနဲ့ အဲ့ပကာသနတွေကိုခဏမေ့ထားရပါမယ်။ ဒီအရာတွေထက် ဘယ်လိုရင်းနှီးလုပ်ကိုင်မယ် ဘယ်လိုကြိုးစားမလဲဆိုတာတွေကိုခေါင်းထဲထည့်ထားပါ

💰မိမိဝါသနာပါရာ အလုပ်ကိုသေချာရွေးချယ်ပါ
အောင်မြင်ဖို့ ဆိုရင် မိမိစိတ်ဝင်တစားရှိတဲ့အလုပ်ကိုလုပ်ရပါမယ်။စွန့် ဦးတီထွင်လုပ်ကိုင်သူတွေ စတင် လုပ်ကိုင်သူတွေ ဟာ အလုပ်ကြိုးစားကြရတယ်။အလုပ်ကို အချိန်တွေအကြာကြီးစိတ်နှစ်လုပ်ဆောင်ရတာဖြစ်တဲ့အတွက် မိမိတကယ်စိတ်မဝင်စားတဲ့အလုပ်ဆိုရင် ဘယ်လိုမှအောင်မြင်မှာမဟုတ်ပါဘူး။

💰ပြဿနာတွေကိုဖြေရှင်းနိုင်ရမယ်
ကျွန်တော်တို့ အဓိကထားလုပ်နေတဲ့ဈေးကွက်တွေ ပစ္စည်းတွေရှိမှာဘဲ။ အဲ့လိုလုပ်ရမှာ customer တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ကအရေးကြီးဆုံးပါဘဲ။တကယ်လို သင်လုပ်ဖို့ ကြံရွယ်ထားတဲ့အလုပ်ကိုတခြားသူတယောက်ကလုပ်နှင့်နေပြီလား? အာ့ဆိုရင် သူနဲ့ ကွဲကွဲပြားပြားလုပ်ဆောင်နိုင်မယ့်နည်းလမ်းကိုရှာပြီးတိုးတတ်အောင်လုပ်ဆောင်ပါ။ သင်ပုံစံတူကူးချလိုက်တာနဲ့ ရှံးနိမ့်နေပြီးသားပါဘဲ

💰မိမိငွေကြေးနဲ့ ဆိုင်တဲ့ အစီအစဉ်တွေရေးချပါ
ကျွန်တော်တို့ တနေ့ ချမ်းသာရမယ်ဆိုတဲ့ရည်မှန်းချက်ဆီကိုဘယ်လိုသွားမှာလဲ? သွားတဲ့လမ်းတစ်တလျှောက်မှာလဲ ဘယ်လိုရည်မှန်းချက်ငယ်လေးတွေကိုချမှတ်ထားမှာလဲ? အချိန်လေးပေးပြီး ကျွန်တော်တို့ ရဲ့ ဦးစားပေးအရာတွေ ရင်းနှီးမြှပ်နှံမှုအစီအစဉ်တွေ အနားယူတဲ့အခါ လုပ်ဆောင်မယ့်အစီအစဉ်တွေကိုရေးဆွဲကြရမယ်။ကျွန်တော်တို့ ရေးဆွဲသမျှအရာတွေအားလုံးဟာ ကျွန်တော်တို့ နဲ့ ကိုက်ညီမှုရှိရပါမယ်

💰အိပ်ရာစောစောထရမယ်
သင်အိပ်ရာစောစောထရင် အချိန်တွေအများကြီးပိုမယ်။အားကစားလုပ်နိုင်မယ်။အခြားသောအရာတွေအများကြီးလုပ်နိုင်ပါတယ်။လေ့လာတွေ့ ရှိချက်တွေအရ အောင်မြင်တဲ့သူအများစုဟာ အိပ်ရာစောစောထလေ့ရှိသူတွေဖြစ်ပါတယ်

Success

factsweshouldknow

Toptenteam

image

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69500.15
ETH 3394.50
USDT 1.00
SBD 2.75