ဘာကြောင့်မအောင်မြင်တာလဲ📢📢📢

in #esteem6 years ago

ဘာ့ကြောင့် အောင်မြင်တာလဲ?


အောင်မြင်တဲ့သူတွေကိုကြည့်လိုက်။ မနက်ကနေ ညထိ အလုပ်ကြိုးစားတဲ့သူတွေပါ။ နေ့ စဉ် လုပ်ငန်းဆောင်တာတွေကိုသတ်မှတ်ထားပြီး သေချာလိုက်နာဆောင်ရွက်တဲ့သူတွေဖြစ်ကြပါတယ်။ ခင်ဗျား မနက်စောစောထမယ်၊ နေ့ စဉ်သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို တိတိကျကျလုပ်ဆောင်မယ်ဆိုရင် မကြာခင်မှာ တိုးတတ်မှုတွေ အောင်မြင်မှုတွေရလာမှာဘဲ။ ဘာ့ကြောင့်အောင်မြင်ကြတာလဲ?

အိပ်ရာစောစောထတယ်

  သင်ပုံမှန်အိပ်ရာထတဲ့အချိန်က ၈နာရီဆိုပါစို့ ။ ပုံမှန်ထပ် ၁နာရီစောပြီး အိပ်ရာထရင် မနက်၇နာရီမှာထရမယ်။ ဘာလို့ လဲ? သင်တနေ့ တာလုပ်ဆောင်စရာတွေ ပြင်ဆင်စရာတွေကို အချိန်ယူပြီး အေးဆေးပြင်ဆင်နိုင်တယ်။ စောစောအိပ်ရာထတဲ့ အကျင့်ကိုမွေးရမယ်။ သုတေသနပြုချက်တွေအရ မနက်အိပ်ရာစောစောထတဲ့သူတိုင်းဟာ သာ မန်လူတွေထက်ပိုပြီး အကောင်းမြင်စိတ်ရှိတယ်၊ လုပ်ငန်းပိုင်းဆိုင်ရာမှာ ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။လုပ်ဆောင်  ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းရှိသလို ကြီးတဲ့ပြဿနာကိုငယ်အောင် ငယ်တဲ့ပြဿနာကိုပပျောက်အောင် လုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်။

စိတ်ကူးတွေ အိမ်မက်တွေကို စိတ်ထဲမှာ မြင်နိုင်စွမ်း ( Visualize) ရှိတယ်

အိပ်ရာစောစောထတဲ့အခါ စိတ်ဟာ ပုံမှန်ထက်ပိုပြီး ရွှင်လန်းနေပါတယ်။ ဒါ့ကြောင့် တနေ့ တာသင့်ရဲ့လုပ်ငန်းဆောင်တာတွေကို စိတ်အေးအေးနဲ့သင့်ရဲ့အိမ်မက်တွေ အစီအစဉ်ဆွဲလို့ ရပါတယ်။ လုပ်ဆောင်စရာအကြောင်းတွေကိုတွေးတောနေလို့ ရပါတယ်။ တနေ့ တာကိုဘယ်လိုကောင်းအောင်လုပ်မလဲ? လုပ်ဆောင်စရာရှိတဲ့အရာအားလုံးကို တိတိကျကျ နဲ့ အကောင်းဆုံးနိုင်အောင် အချိန်ယူပြီး စီစဉ်ထားနိုင်တယ်။စီစဉ်ထားနိုင်တယ်။ ရည်မှန်းချက်တွေကို စိတ်ကူးထဲမှာ ပုံဖော်ခြင်း( visualisation) နဲ့ ကောင်းသောအတွေးကိုတွေးခြင်း ( positive thinking) ဟာ သင့်ရဲ့စိတ်ခံစားချက်ကိုတိုးတတ်ကောင်းမွန်စေပြီး တနေ့ တာကိုအကောင်းဆုံးစီမံနိုင်တယ်လို့ ဆိုပါတယ်။

တရားထိုင်တယ်

တရားထိုင်တယ်ဆိုတာ အောင်မြင်တဲ့သူတွေရဲ့ အလေ့အကျင့်တခုလို့ ဆိုကြပါတယ်။တရားထိုင်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုရှိသလို ခန္တာကိုယ်အတွက်လည်း များစွာအကျိုးရှိပါတယ်။

နေ့ စဉ်စာဖတ်တယ်

ကမ္ဘာကျော်သူဌေးကြီးဖြစ်တဲ့ ဘီဂိတ်ဟာ စာ အရမ်းဖတ်ပါတယ်။ ဖေ့ဘုတ်သူဌေး ဇူကာဘက်ဟာလည်း ရက်သတ္တနှစ်ပတ်ကို စာတစ်အုပ် အပြီးဖတ်တယ်လို့ ဆိုပါတယ်။စာဖတ်တဲ့အလေ့အကျင့်ရအောင် ဘယ်လိုလုပ်မလဲ? နေ့ တိုင်း သင်စိတ်ဝင်စားတဲ့အရာကို ဖတ်ပါ။ အများကြီးဖတ်ဖို့ မလိုပါဘူး

ဇွဲ လုံ့ လအပြည့်ရှိတယ်

အောင်မြင်တဲ့သူတိုင်းကိုကြည့်လိုက်ပါ။သူတို့ ဟာ ဇွဲလုံ့ လရှိတဲ့သူတွေချည်းပါဘဲ။
သူတို့ ဟာ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲတဲ့သူတွေမဟုတ်သလို ဘဝင်​လည်းမမြင့်ကြပါဘူး။ အောက်ခြေမလွတ်ကြဘူး။အောင်မြင်တဲ့သူတွေဟာ သူတို့ ဘယ်သူလဲဆိုတာကိုသိတယ်။သူတို့ ရဲ့ရည်ရွယ်ချက်တွေကို တိတိကျကျသိတယ်။သူတို့ ရဲ့အားသာချက် အားနည်းချက်တွေကိုသိတယ်။

သူတပါးကို​​ပြောစကား​​တွေကို​နားထောင်ပေးတယ်

သင်ဘဝမှာအောင်မြင်ချင်ရင် နဲနဲဘဲပြောပြီး များများနားထောင်ပါ။လူတွေဟာ သင့်အကြောင်းထက် သူတို့ ကို သူတို့ ဘဲ အာရုံစိုက်ကြတာ ဂရုစိုက်ကြတာ လောကအမှန်တရားပါဘဲ။လူတွေဟာ အမြဲဘဲ သူတို့ ရဲ့စိတ်ကူးတွေ အိမ်မက်တွေ သူတို့ အကြောင်းဘဲပြောချင်ကြတာပါ။ သူတပါးကိုနားထောင်ပေးဖို့ မေ့နေကြတယ်။ လူမှုဆက်ဆံရေးသာမက စီးပွားရေးလောကမှာပါ အရေးပါလှတဲ့ ကျင့်ဝတ်တခုဖြစ်ပါတယ်

အချိန်မဖြုံးဘူး

ငွေတခုထဲက ချမ်းသာတဲ့သူတွေအတွက် အရေးကြီးတဲ့အရင်းအမြစ်တစ်ခုမဟုတ်ပါဘူး။ အချိန်ဟာလည်း နောက်ထပ် အရင်းအမြစ်တစ်ခုပါဘဲ။ အရေးပါလှတဲ့သင့်စိတ်ထဲမှာ အချိန်ဟာ အကြီးမားဆုံ့း သတ်မှတ်ထားရင် သင်အချိန်ရဲ့တန်ဖိုးကိုပိုပြီးသိလာသလို ပိုပြီး အကျိုးရှိရှိ အသုံးချတတ်လာမှာဖြစ်ပါတယ်။

 # Habitsofrichpeople
 # Success
 # Toptenteam

image

@toptenmotivation

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76