အသက်30ရောက်ရင်

in #esteem6 years ago

အသက် ၃၀ မှာ လူအများစုဘာလုပ်လေ့ရှိကြတာလဲ?

အသက်၃၀ ရောက်ပြီဆိုတာနဲ့  ပုံမှန်အားဖြင့်အကျပိုင်းဘက်ကိုရောက်နေပါပြီ။သင်စွန့် စားမှုတွေအများကြီးလုပ်လို့ မရတော့သလို သင်ငယ်စဉ်ကဆိုးသွမ်းခဲ့တာတွေ, အကျင့်ဆိုးတွေကိုဖျောက်လို့ မရနိုင်တော့ပါဘူး။အသက်၃၀ရောက်ပြီဆိုတာနဲ့ လူတွေလုပ်လေ့လုပ်ထရှိတဲ့အရာတွေကိုကြည့်ရအောင်

💰မိမိဘဝကိုတန်ဖိုးမြှင့်ပေးတဲ့သူတွေနဲ့ တူတူနေကြတယ်။သူတို့ နဲ့ အချိန်တွေကိုကုန်လွန်စေတယ်
လေ့လာချက်တွေအရ အသက်၃၀ပြည့်တာနဲ့ လူတွေဟာ သူတို့ အပေါ်မကောင်းတဲ့သူတွေနဲ့ ဆက်ဆံမှာမဟုတ်တော့ဘူး မိမိချစ်ခင်တဲ့သူတွေနဲ့ သာတူတူနေထိုင်ကြတော့တာပါ။
" အလုပ်ဘဲလုပ်မနေနဲ့ , အမှတ်တရတွေကိုဖန်တီးပါ။သင်အသက်အရွယ်ရလာလေလေ အဓိပ္ပါယ်ရှိတဲ့ relationship တစ်ခုတည်ဆောက်ဖို့ ခက်ခဲလာလေလေပါဘဲ။သင့်မိဘတွေအသက်ကြီးလာတာကိုလည်းမမေ့ပါနဲ့ ။သူတို့ ကိုပိုဂရုစိုက်ပါ။ချစ်ခင်ပါ။မိဘထက်တန်ဖိုးရှိတဲ့အရာ လောကကြီးမှာဘယ်အရာမှမရှိပါဘူး

💰မိမိစိတ်ဆန္ဒအရမ်းပြင်းပြတဲ့ မိမိအရမ်းဖြစ်ချင်တဲ့ရည်မှန်းချက်တွေ အိမ်မက်တွေကို အကောင်အထည်ဖော်ကြတော့တယ်
အသက် ၂၀ ကျော် ဆယ်ကျော်သက်အချို့ ဟာရည်မှန်းချက်ကြီးကြီးမားမားနဲ့ သူတို့ ရဲ့ပထမဆုံးသောလခစားအလုပ်ကိုစလုပ်တယ်။ဒါပေမယ့်သူတို့ ဒီအလုပ်တွေကိုစိတ်မဝင်စားပါဘူး။သူတို့ ဖြစ်ချင်တဲ့အရာတွေ စုဆောင်းနေတဲ့အရင်းအနှီးတွေမပြည့်ခင်ကာလအတွင်းမှာ လခစားအလုပ်က ယာယီပါဘဲ
၃၀ ပြည့်ပြီဆိုတာနဲ့  လခစားအလုပ်လေးကိုတင်းတိမ်မနေပါနဲ့ ။အသက် ၃၅ရောက်ပြီဆိုရင် ကိုယ်ပိုင်လူပ်ငန်းတစ်ခု စတင်ဖို့ အချိန်ကောင်းဖြစ်ပါတယ်။ဗီယာဝေါင်ဟာ အသက်၄၀ မပြည့်ခင်အချိန်ထိ ဖက်ရှင်လောကထဲကိုမဝင်ရောက်သေးပါဘူး။ဒါပေမယ့် အခုမှာတော့ သူမဟာ ကမ္ဘာ့ထိပ်တန်း ဒီဇိုင်နာတယောက်ဖြစ်နေပါပြီ

💰အနာဂတ်ကိုသိပ်ပြီးတွေးမပူတော့ဘူး
မန်ဆင်က အသက် ၂၀ ကျော်ကာလအတွင်းမှာတွေးခဲ့ ပူပန်ခဲ့တာတွေက ၃၀ ကျော်တာနဲ့ ဟာသတစ်ပုဒ်လိုဘဲလို့ ပြောခဲ့ပါတယ်။
" သင့်စိတ်အခြေအနေ , သင့်ခံစားချက် , သင့်ရဲ့လူမှုဆက်ဆံရေးတွေကောင်းနေသေးတယ်ဆိုရင် သင်နောက်၅နှစ်အတွင်းဘာဖြစ်မလဲဆိုတာ ကြိုတင်ခန့် မှန်းလို့ မရဘူး။သင်မျှော်လင့်ထားသလိုဖြစ်လာမှာမဟုတ်ပါဘူး။ရှေ့ ကိုကြိုပြီးခန့် မှန်းတာတွေရပ်လိုက်တော့ , ခုဘာဖြစ်မလဲ နောင်ဘာဖြစ်မလဲဆိုတာတွေကိုစိတ်ထဲမှာစွဲမနေနဲ့ ။ဘာလို့ လဲဆိုတော့ အရာရာတိုင်းကပြောင်းလဲနေတယ်။မိမိဘဝဘယ်ဆီကိုဦးတည်မယ်ဆိုတာ မသိနိုင်ဘူး" လို့ သောမတ်က ရေးသားခဲ့ဖူးပါတယ်။ရည်မှန်းချက်တွေ ထားတာကောင်းပါတယ်။အဲ့အရာတွေနဲ့တ်သတ်ပြီးစိတ်မဆင်းရဲပါနဲ့ ။ဖိအားမများပါနဲ့ ။သင့်မှာသင်ယူစရာတွေအများကြီးရှိတယ်။မမျှော်လင့်ထားတဲ့နည်းလမ်းတွေနဲ့ ရှေ့ ဆက်လို့ ရတယ်ဆိုတာ သိထားရပါမယ်

💰ကလေးလိုချင်ပြီလား? ကလေးယူတော့မှာလား ? မယူဘူးလား ဆုံးဖြတ်ကြမယ်
လူအများစုကတော့ ကလေးလိုချင်ကြတာပါဘဲ။အရေးကြီးတာက အချိန်မနှောင်းခင် ကလေးယူသင့်တယ်။မိဘက အသက်၄၀ကျော်မှကလေးယူရင် ကလေးနဲ့ မိဘကြားက အသက်အရမ်းကွာတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။

💰ကျန်းမာရေးကိုပိုပြီးအလေးထား ပိုပြီးဂရုစိုက်လာကြတယ်
လူဆိုတာ လုပ်ဆောင်စရာတွေ အလုပ်တွေနဲ့ ရှုပ်ထွေးနေရတဲ့သူတွေပါ။ဦးစားပေးအနေနဲ့ အားကစားလုပ်ရပါမယ်။အားကစားပုံမှန်လုပ်မယ် သင့်တင့်မျှတတဲ့အစားအသောက်တွေစားမယ်ဆိုရင် ဒါဟာ သင့်အတွက် အကျိုးရှိလှတဲ့ရေရှည် ရင်းနှီးမြှပ်နှံမှုပါဘဲ။အလုပ်ဘဲအချိန်ပြည့်လုပ်မနေပါနဲ့ ။သင်တစ်ချိန်နောင်တရမှာ အသေအချာပါဘဲ

💰အသက်၃၀ ကျော်တာနဲ့ အနာဂတ်အတွက် ငွေကြေးပြင်ဆင်မှုတွေကို စတင်ဆောင်ရွက်တယ်
အသက် ၂၀ ကနေ အကြွေးတွေ နဲ့ လုံးထွေးနေခဲ့ရတယ်။အသက် ၃၀ ကျော်အကြွေးတွေကျေပေမယ့် လက်ထဲမှာဘာမှမရှိဘူးဆိုပေမယ့် နောက်မကျသေးပါဘူး။အောင်မြင်မှုကတော့ အကြွေးရှင်းသွားတာပါဘဲ။ဒါပေမယ့် ငွေကိုစတင်စုဆောင်းပြီးရင်းနှီးမြှပ်နှံဖို့ အထူးလိုအပ်လာပါပြီ။

💰 အရင်လိုဘဝကိုပျော်ပျော်ကြီးနေတုန်းဘဲ
အသက် ၂၀ လို ဆယ်ကျော်သက်တယောက်မဟုတ်တော့တာနဲ့ မပျော်ရတော့ဘူးလို့ ဘယ်သူမှ ပြောမထားပါဘူး။အသက် ၃၀ ကျော်တာနဲ့ ငွေနောက်လိုက်ရမယ့်အချိန်မဟုတ်တော့ဘူးဆိုတာသိထားပါ။ မိမိကိုယ်ကိုလက်ခံရမယ်။မိမိအတွက်ပျော်ရွှင်မှု စိတ်ချမ်းသာမှုကိုရှာဖွေရမယ်။မိမိဇနီးမယား မိသားစုအတွက်အချိန်ပေးပါ။မိမိချစ်ရတဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေနဲ့ အချိန်ကိုကုန်လွန်စေပါ။

#Whenyouare30
#Success
#Toptenteam
image

Sort:  

Congratulations @toptenmotivation! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @toptenmotivation! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.21
TRX 0.14
JST 0.030
BTC 69618.00
ETH 3376.33
USDT 1.00
SBD 2.76