☔မိုးစက်​​လေများ☔ အပိုင်း(၅)

in #esteem6 years ago

☔မိုးစက်​​လေများ☔
အပိုင်း(၅)

      အခုဆိုရင်​ မိုးဖြစ်​ချင်​​သော ဆရာဝန်

မဖြစ်​ခဲ့​သော်​လည်း သူနာပြု​လေး​တော့ဖြစ်
ခွင့်​ရခဲ့တာ​ကြောင့်​ မိုး​ကျေနပ်​ပါသည်​။
မိုးဘဝသည်​ အ​ဒေါ်ဖြစ်​သူ၏ အုပ်​ထိန်းမှု
အောက်​မှမိုးလွတ်​​မြောက်​ခဲ့ရပါသည်​။
မိုးအခုဆိုရင်​ တိုက်​ခန်း​လေးတစ်​ခန်းကို
သူငယ်​ချင်းတစ်​​ယောက်​နှင့်​ဆက်​တူငှါးရမ်း
နေထိုင်​လျှက်​ရှိပါသည်​။ မိုးအ​တွေး​တွေ
နယ်​လွန်​​နေခိုက်​ တစ်​စုံတစ်​​ယောက်​ကို
သတိရမိသွားပါသည်​။စိတ်​ထဲကလည်း....
"အကိုဥက္ကာရယ်​....မိုးကံမကုန်
ရင်​ပြန်​ဆုံချင်​ပါတယ်​...မိုးရဲ့ဘဝကို
အများကြီးကူညီ​ပေးခဲ့တဲ့ အကို့ကို
မိုးတတ်​နိုင်​သ​လောက်​ ​ကျေးဇူးပြန်​ဆပ်​ခွင့်
ရချင်​မိပါတယ်​...." ဟု​တွေး​တော​နေမိပါသည်​။
"မိုး....စာ​စောင်​​ရောက်​ပြီ...."
သူငယ်​ချင်းဖြစ်​သူသက်​မာရဲ့
စကား​ကြောင့်​ မိုးစာ​စောင်း​လေးကိုလှမ်း
ယူလိုက်​ပါသည်​။ မိုးသည်​ မနက်ဆိုလျှင်​စာ
စောင်​ဖတ်​တတ်​​သော​ကြောင့်​ သက်​မာက
လာ​ပေးခြင်းဖြစ်​ပါသည်​။
"မိုး....နင်​အလုပ်​မရ​သေး
ဘူးမှတ်​လား...သူနာပြု​တွေ​ခေါ်တဲ့
ကြော်​ငြာ​တွေပါတယ်​...."
"​အေး...သူငယ်​ချင်းသက်​ ....
ငါဖတ်​လိုက်​မယ်​....နင်​အပြင်​သွားမှာ
မှတ်​လား...သွား​လေ...."
"​အေး...သွားမှာ​လေ....​ရေချိုးလိုက်
ဦးမယ်​..." ဟု​ပြောပြီးဦးချိုးခန်းသို့
သက်​မာဦးတည်​​ရွေ့လျားသွားပါသည်​။
မိုးစာ​စောင်​စာရွက်​​လေး​တွေကို
တစ်​ရွက်​စီလှန်​ဖတ်​​နေမိပါသည်​။ မိုးအိမ်​တစ်
အိမ်​မှာ သူနာပြုအကူလို သည်​ဟု​ကြော်​ငြာ
ထားသည်​ကိုဖတ်​လိုက်​မိပါည်​။ လစာက​တော့
ညှိနှိုင်း​ကြေး​ဖြစ်​ပါသည်​။
မိုးသွားကြည့်​မည်​ဟု ဆုံးဖြတ်​လိုက်
ပါသည်​။


      မိုးကျယ်​ဝန်းပြီး သန့်​ရှင်း​သော

ခြံကြီးတစ်​၏​ရှေ့သို့​ရောက်​​သောအခါ
ခြေလှမ်းများကို ​ခြံ​ရှေ့တွင်​​ခြေစုံရပ်​လိုက်
ပါသည်​။ လူ​ခေါ်​ခေါင်း​လေးကို တစ်​ချက်​နှိပ်
လိုက်​ပါသည်။
"တီ....တီ...."
ခြံထဲမှခြံ​စောင့်​လို့ထင်​ရ​သော
အမျိုးသားကြီးတစ်​ဦးထွက်​လာပါသည်​။
"သမီး...ဘယ်​သူနဲ့​တွေ့ချင်​လို့လဲ...."
"အလုပ်​​ခေါ်ထားလို့ပါ...သူနာပြု..."
"​အော်​...ခဏ​နော်​...."လို့​ပြောပြီး
အိမ်​ကြီးထဲသို့ ​ပြေးဝင်​သွားပြီးခဏအကြာတွင်
ပြန်​ထွက်​လာပါသည်​။
"လာ....သမီး....အိမ်​ထဲဝင်​..."
"ဟုတ်​...." ခြံ​စောင့်​ဦး​လေးကြီးသည်
ရှေ့က​နေ အိမ်​ကြီးထဲသို့ မိုးကို​ခေါ်​ဆောင်
သွားပါသည်​။
"ဖွားမိုး...​ရောက်​ပါပြီ...."
"​အေးကွယ်​လာ...သမီး..ထိုင်​...."
မိုးဆိုဖာခုံကြီး​ပေါ်တွင်​ ဝင်​ထိုင်​လိုက်​ပါသည်​။
"သမီးက ....နာမည်​က...." လို့​မေး
လာ​သော ခြံ​စောင့်​ဦး​လေးကြီး​ခေါ်​တဲ့ဖွားမိုးဆို
သော အဖွားသည်​ ကျန်းမာ​ရေး​ဒေါင်​​ဒေါင်
မြည်​မဲ့ပုံပါ....။
"ဟုတ်​ ...မိုးနာမည်​က...
မိုးစက်​ပါ...အဖွား....."
အဖွားမိုး ​မေးသမျှကို မိုးရို​သေစွာ
ပြန်​​ဖြေ​ပေးပါသည်။
"ကဲ..ဒါဆို လူနာကိုလိုက်​ကြည့်
လိုက်​​နော်​သမီး...သူက(acdient)
ဖြစ်​တာဆို​တော့ပြန်​​ကောင်းလာနိုင်​...." ​ပြောပြီး
မိုးကို အ​ပေါ်ထပ်​သို့ ​ခေါ်လာပါသည်​။
လူနာ နာမည်​ကို​တော့ မိုးမသိရ​သေးပါ။
အခန်းကျယ်​ကြီးတစ်​ခန်း​ရှေသို့​ရောက်
သောအခါ....
"​ဒေါက်​...​ဒေါက်​...".တစ်​ဖက်​လူမှစိတ်​မ​ရှည်​​သော​လေသံဖြင့်​ ​မေးလာပါသည်​။
"ဘယ်​သူလဲ...."
"ဖွားပါ...​မြေ​လေးရဲ့....လာသမီး..."
မိုးအခန်းထဲသို့ ​ရောက်​​သော မိုးအံသြထိတ်​လန့်​ခဲ့ရပါသည်​။
"သမီး...​မြေး​လေးနာမည်​က......"
မိုး အဖွားရဲ့စကားသံကို ကြားနိုင်​စွမ်းမရှိ
တော့ပါ။ မိုးကိုပြူးကြည့်​​နေ​သော လူနာကို
သာလျှင်​မိုး မျက်​​တောင်​မခတ်​တမ်းပြန်​စိုက်
ကြည့်​​နေမိပါသည်​။

ဆက်​ရန်......။

(မှန်းထားသူ​ဖြစ်​ရင်​​တောင်​....မမှန်းထားတာ
တွေဖြစ်​လာနိုင်​ဖို့ရှိ​သော​ကြောင့်
အပိုင်း (၆)ကို​စောင့်​​မျှော်​​ပေးကြပါရန်​....)

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63851.10
ETH 3059.36
USDT 1.00
SBD 3.85