မိမနိုင်​ဖမနိုင်​ မိန်းမယုတ်

in #esteem7 years ago

image
မိမဆုံးမ ဖမဆုံးမ မိန်းမပျက်​ထက်​ဆိုးတဲ့ မိန်းမယုတ်​၊ ရောဂါရှိလို့ သူ့ကိုပဲ အားကိုးနေရလို့
အလုပ်ပင်ပန်းရှာလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူ့သမီးကို သူမဆုံးမတာမဟုတ်ပါဘူး နားလည်ပေးကြပါဆိုပြီး အင်တာဗျူးမှာ ပြောသွားတဲ့ အန်တီရေ... ဒီတစ်ခါတော့ နားလည်မပေးနိုင်တော့ဘူး ဘုရားကျောင်းကန် သံဃာရှေ့မှာ မြင်လို့ရှုလို့မကောင်းအောင် ဝတ်စားဆင်ယင်ထားတာကိုမှ ခွင့်လွှတ်ပေးရလောက်အောင် ကျမတို့တွေ အသဲမကောင်းဘူးရှင် အခုတော့သိလိုက်ပြီ သူကိုက ဝါသနာပါတာ ရှင်ကိုက မြှောက်ထိုးပင့်ကော်လုပ်ပေးနေတာ ဒီအတိုင်းပဲ ထင်တယ်ရှင်...

ဘယ်လောက်ဝေးဝေး
ရေစက်ရှိတဲ့သူတွေက
ကိုယ့်အနား အလိုလို ရောက်လာမှာပဲ....

ဘယ်လောက်နီးနီး
ရေစက်ကုန်သွားတဲ့ သူတွေကတော့
ခွဲကြရဦးမယ်....

ဘဝဆိုတာ...
အရာရာစိတ်တိုင်းကျတော့ မဖြစ်နိုင်ဘူး...

စိတ်မပျက်ပါနဲ့....
ဒုက္ခဆိုတာရှိလို့ သုခအမှန်ရှာရင်းနဲ့
သစ္စာကို ရှာတွေ့သွားကြတာပဲ
မဟုတ်လား...

လောကနိယာမတွေက
ရိုးရိုးလေးတွေးရင်
ရှင်းရှင်းလေးပေါ်လာတယ်....

ဆုံလာကြသမျှ တနေ့ခွဲရမယ်...
ဖြစ်လာတာမှန်သမျှ တနေ့ပျက်ရမယ်..
အနှေးနဲ့ အမြန်ပဲ...
ဆွဲထားလို့ ရရင်တောင် ခဏပါပဲ....

ဘာကိုမှ တရားသေစွဲမထားတဲ့သူဟာ
လွတ်လပ်တယ်....

ဘာကိုမှဆုပ်ကိုင် မထားတဲ့သူဟာ
ပေါ့ပါးတယ်...

အလိုက်သင့်လေးနေတတ်တဲ့ သူဟာ
ငြိမ်းချမ်းပါလိမ့်မယ်....

ဘာပဲဖြစ်ဖြစ်ပါ...
လက်ရှိတွေးနေတဲ့
အတွေးကိုကောင်းအောင်တွေး

လက်ရှိလုပ်နေတဲ့အလုပ်ကို
အကောင်းဆုံးလုပ်

လက်ရှိတွေ့နေတဲ့သူကို
အကောင်းဆုံးဆက်ဆံ

လက်ရှိအချိန်လေးကိုပဲ
အကောင်းဆုံး တတ်နိုင်သလောက်
ဂရုစိုက်နေရင် ရပါပြီ....

ဒါ ကိုယ့်အနာဂါတ်အတွက်
အကောင်းဆုံး အရင်းအနှီး ဖြစ်လာပါလိမ့်မယ်....

ကမ္ဘာပေါ်မှာ ငါတို့မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဆိုပေမယ့် လှူနိုင် ဒါန်းနိုင်တဲ့အရာမှာ ထိပ်ဆုံးကရပ်တည်နေတာတော့ ဂုဏ်ယူစရာပါ
ကိုယ့်ဘဝအနေစုတ်ပေမယ့် ရွှေထုတ်တဲ့မြပဝါဆိုသလို ဆင်းရဲပေမယ့် လှူနေ ဒါန်းနေရတာ
ကျေနပ်ပြီး စိတ်ချမ်းသာနေတဲ့ နိုင်ငံလေးပါ
ဟုတ်တယ် လှူနေ ဒါန်းနေရရင် အမြဲစိတ်ချမ်းသာတယ်။

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.034
BTC 115306.96
ETH 4494.25
SBD 0.86