ဘဝကိုဖန်​ဆင်း​ပေး​သော အချစ်​​တေးတစ်​ပုဒ်

in #esteem6 years ago

image
ကျွန်​မတို့လည်းထမင်းဝိုင်းနှင့်ကြုံနေသည့်အတွက်လောကဝတ်အရခေါ်ကျွေးလေ၏ နှစ်​​ယောက်​စလုံး တစ်​လုံးမှမ​ပြောပဲ စိတ်​မ​ကောင်းတဲ့ မျက်​လုံး​လေးနဲ့ ​မေ​သော်​တာကို ပိုင်​​လေးလို့​တော့ မ​ပြောနဲ့​နော်​ ပိုင်​​လေးက အဲလိုမဟုတ်​ဘူး ပိုင်​​လေးက အဲလိုဆိုးသွမ်းတဲ့လူ မဟုတ်​ဘူး

"ညီမ​လေး တကယ်​​တော့​လေ

"ဟဲ့ ထက်​မြက်​​ရေ ငါလည်း ​ပြောစမ်းပါဦး

ငိုယိုပြီး ​ပြေးလာတဲ့ ​ဒေါ်နှင်းကြည်​။မိ​ထွေးသာ​ပြောတယ်​ အ​ရေးကြုံ​တော့ ဖိနက်​​တောင်​ မပါပဲ​ပြေးလာသည်​။

"အဟင့်​ အဟင့်​ ထက်​မြက်​ရယ်​ ပိုင်​​လေး.လူသတ်​လိုက်​လို့ဆို ဟုတ်​လား ​ပြောပာဦး ထက်​မြက်​ရဲ့ ပါးစပ်​ပိတ်​မ​နေနဲ့ ဖဲဝိုင်းက​နေကြားခဲ့တာ ဟုတ်​ရဲ့လား သိရိကို ​စော်​ကားမို့ လုပ်​တဲ့​ကောင်​ကို သတ်​လိုက်​တာဆို

"ဘာ လူသတ်​တာ

ပြောရင်းနဲ့ ​မေ​သော်​တာ ​မြေကြီး​ပေါ်ကို ထိုင်​ချလိုက်​သည်​။ ​ထိုင်​ချလိုက်​တာနဲ့တူတူ မျက်​ရည်​စတို့ ဝဲတက်​လာသည်​။

"​သော်​ ကိုယ်​ရှိတယ်​​နော်​ ကိုယ်​တို့ အမှုလိုက်​လို့ ရတာပဲ​လေ ​နော်​ ​သော်

"မိ​သော်​တာ ငိုလိုက်​ ငိုလိုက်​ တင်းခံမထားနဲ့ ​​သော်​တာ ငိုချလိုက်

"အီးးးးဟီးးးး အီးးးးဟီးးးး

မေ​သော်​တာ ငိုချလိုက်​သည်​။

ပိုင်​ဖြိုးရဲ့ ရည်းစားမကျ သူငယ်​ချင်းမကျ သိရိကို ​စော်​ကားမို့ လုပ်​တဲ့​ကောင်​နဲ့ ချရင်းနဲ့ ဓားနဲ့ထိုးမိသွားချင်းဖြစ်​သည်​။ ​နောက်​​တော့ သူကိုယ်​တိုင်​ပဲ ရဲကို ဖုန်းဆက်​လိုက်​သည်​။ ​မေ​သော်​တာတို့ အမှုလို​က်​ရင်း ​လေးလ​ကျော်​​ကျော်​ကြာလာသည်​။ ​နောက်​ပိုင်း​ရောက်​​တော့ ​ဒေါ်ကြင်​ကြင်​ သူ့​မြေးနဲ့ ​မေ​သော်​တာကို သ​ဘောတူလိုက်​သည်​။

"အန်​တီတို့ ​လောင်းထားသလို ကမ္ဘာက သမီးဆီကို လာခဲ့တယ်​ သမီးနိုင်​တယ်​ပဲထားပါ သမီးတို့ကို အန်​တီသ​ဘောတူလိုက်​ပြီ သမီး​မောင်​​လေး ကိစ္စလည်း အန်​တီဆက်​လိုက်​​ပေးမယ်​ သမီး​ကျေနပ်​တယ်​မလား

ကော်​ဖီဆိုင်​​လေးမှာ ထိုင်​စကား​ပြော​နေကြသည်​။

"ကျွန်​​တော်​ မ​ကျေနပ်​ဘူး
ဒေါ်ကြင်​ကြင်​နဲ့​မေ​သော်​တာတို့နှစ်​​ယောက်​ ကမ္ဘာလွှမ်းကို ကြည့်​လိုက်​သည်​။

"ဟုတ်​တယ်​​လေ ဘာလို့ ​လောင်းကစားလုပ်​တာလဲ ဒါက​တော့ လွန်​တယ်​​လေ ​သော်​ အရမ်းလွန်​တယ်​​နော်

"ဟုတ်​ပါပြီ ငါ့​မြေးရယ်​ အဖွကိုယ်​တိုင်​ မင်းတို့ကို သ​ဘောတူပါတယ်​ ဟုတ်​ပြီလား ​လေးလ​တောင်​ အဖွားဆီကို တစ်​​ခေါက်​မှမလာဘူး ​နေနိုင်​လိုက်​တာ အဖွားကလွမ်း​နေတာ

"မဟုတ်​ပါဘူး အဖွားရဲ့ အမှု​တွေနဲ့​ကော ရှုပ်​​နေတာမို့ပါ

"ဟုတ်​ပါပြီကွယ်

"အဖွား ကျွန်​​တော်​ ခုတ​လော ​သော်​တို့အိမ်​မှာပဲ ​နေလိုက်​မယ်​​နော်​ ​သော်​ အားငယ်​​နေမှာ

"အင်းပါ ငါ့​မြေးသ​ဘော

"မဟုတ်​တာ ကမ္ဘာ အဖွားနဲ့ပဲ သွား​နေပါ မဟုတ်​​တောင်​ လင်​မယား​တွေလား အ​မေးခံ​နေရတာ

"ဟား ခုလို အဖွားအိမ်​မှာ​သွား​နေ​တော့ ကွဲသွားတာလားေ​မး​နေအုံးမယ်
image
"ဟာ အန်​တီကလည်း

"အဖွား ပြန်​​တော့မယ်​ ကမ္ဘာရုံးလာ​တော့​နော်​ ​မေ​သော်​လည်း အလုပ်​ပြန်​ဝင်​​ပေါ့

"ဟုတ်​ကဲ့ အဖွား

ဒေါ်ကြင်​ကြင်​ ပြန်​သွား​သော်​လည်း ​မေ​သော်​တာတို့က​တော့ ဆက်​ထိုင်​​နေသည်​။

"​သော်​ ဒါက​တော့ လွန်​တယ်​​နော်

"မလွန်​ပါဘူး ခုချိန်​ထိ ​သော်​က​တော့ မတင်​မကျ​လေး​တွေ ​ရှိ​သေးတယ်​ သွား ဟိုဘက်​ကို ​သော်​နားမထိုင်​နဲ့

"ဟား ဘာ ​သော်​ ပို​တောင်​လွန်​သွားပြီ​နော်​ ကိုယ်​ကို ​လောင်းကြတာက​တော့

"ဒါက​တော့ ဒီလို​လေး​တွေ ရှိတယ်​​လေ

"ကိုယ်​ရဲ့ ခံစားချက်​ကို ကစား​နေတာလား

"​သော်​ အဲလိုမဟုတ်​ပါဘူး ​သော်​လည်း မတက်​နိုင်​လို့ပါ

"မရဘူး မရဘူး ဒီလို ကိုယ်​ကိုကစား.....

ကမ္ဘာလွှမ်း ​ပြောလို့မဆုံးခင်​မှာပဲ ​မေ​သော်​တာ ထသွားသည်​။ခြေလှမ်း​တွေက ​တော်​​တော်​ကြဲလှသည်​။ ကမ္ဘာလွှမ်းလည်း သိလိုက်​တာမို့ တန်းလိုက်​သွားသည်​။

"သီရိ

သိရိတို့အတွဲကို မြင်​လိုက်​ခြင်းပင်​ သီရိအ​မေလည်း ပါလာသည်​။

"ဟို မမ ဟို​လေ

"​ဖြောင်း ​ဖြောင်းးးး

လျှင်​မြန်​လှတဲ့ ​မေ​သော်​တာရိုက်​ချက်​​ကြောင့်​ သီရိသတို့သား​လောင်း​ကော သူ့အ​မေပါ မကာကွယ်​နိုင်​လိုက်​။

"မမ

''နင်​​ကြောင့်​ ငါ့​မောင်​ ခု​ထောင်​ထဲမှာ နင်​က တခြား​ယောကျာင်္းနဲ့ ​ပျော်​ပါး​နေတယ်​ ငါ့​မောင်​ကို အ​လေးမထားတာလား ငါ့​မောင်​ ​မေတ္တာကို ​စော်​ကားတာလား

"ဟို​လေ မမ ဒါက ဒါက

"​မေ​သော်​တာ နင်​ကများ ငါ့သမီးကို

သီရိအ​မေ ​မေ​သောတာကို ပြန်​ရိုက်​လိုက်​​သည်​။လက်​ဝါးချက်​က ​မေ​သောတာနား မ​ရောက်​ခင်​ ဝင်​ကာလိုက်​တဲ့ ကမ္ဘာလွှမ်း ​။မေ​သောတာ​ရှေ့ ရပ်​လို့သလိုလုပ်​လိုက်​တာ​ကြောင့်​ ပုခုံးကိုသာ ရိုက်​မိလို​သည်​။

ဦးလေးကြီလည်းထမင်းဟင်းများကိုအားပါးတရပင်စားလေသည်။ စားသောက်ပြီး၍ရေနွေးသောက်နေရင်းဦးလေးကြီးကဖြစ်ခဲ့တဲ့နေရာလေး မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်အတွင်းကတောင်ပေါ်ကရင်ရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးပါ... ဒီဝတ္တုနဲ့ပတ်သတ်ပြီးအဲဒီဒေသမှာနေထိုင်ကြတဲ့လူမျိုးတွေရဲ့လူနေမှုစရိုက်ကိုအရင်ဆုံးပြောပြချင်ပါတယ်.. အဲဒီဒေသကကရင်လူမျိုးအများစုမှာကျမတို့သိကြတဲ့အတိုင်းဘားအံဖက်မှာနေကြတဲ့ပိုးကရင်များလိုအသားဖြူဖြူချောချောများမဟုတ်ကြပါ။ ကရင်မှန်သော်လည်းလူမျိုးစုတစ်ခုနှင့်တစ်ခုဘာသာစကားမတူပေ...အနည်းငယ်ကွဲပြားကြသည်။

သို့သော်အဲဒီကရင်လူမျိုးများမှာပွင့်လင်းရိုးသားသူများဖြစ်ကြပါသည်။
အလွန်ကျယ်ဝန်းပြီးစည်းရိုးမခတ်ထားသောတောရိုင်းခြံကျယ်ကြီးများပိုင်ဆိုင်ကြပြီးခြေတံရှည်အိမ်မြင့်ကြီးများနှင့်နေထိုင်တတ်ကြသည်...
အစားအသောက်စားရာတွင်လည်းအခြားလူမျိုးများကဲ့သို့ချေး(ဂျီး)မများတတ်ကြ...
ဖြစ်သလိုကြုံသလိုစားသောက်ကြပြီးအလွန်အနေအေးသူများလည်းဖြစ်သည်။
သို့သော်...ကျမတို့မစားဝံ့ကြသောပုတ်သင်ညို၊ဖားခုံညင်း၊ဖားပျံ၊လင်းနို့၊လင်းဆွဲစသည့်အကောင်များကိုလည်းဟင်းကောင်းတခွက်ပမာမြိန်ရည်၊ရှက်ရည်စားတတ်ကြသေး၏။

အစားကြူးသော်လည်းပင်ကိုယ်စိတ်ဓာတ်မှာကျမတို့ဗမာလူမျိုးများထက်သာသည်ကိုတော့ဝန်ခံရပေမည်။
ထိုကရင်လူမျိုးအများစုမှာဧကများစွာကျယ်ဝန်းသောတောခြံကြီးများတွင်ပိန္ဒဲ၊ဒညင်း၊ကြက်မောက်၊ဒူးရင်း၊ငှက်ပျောစသည့်ဥယျာဉ်ခြံဆန်ဆန်စိုက်ပျိုးလေ့ရှိကြသည်။
စိုက်သလောက်လည်းဖြစ်ထွန်းလှ၏...

တောအလုပ်များဖြစ်သည့်သစ်ခုတ်၊ဝါးခုတ်၊အကောင်ရှာ၊ပျားဖွတ်စသည့်ကြုံရာကျပမ်းဗမာအလုပ်သမားများ၎င်းတို့စိုက်ပျိုးထားသောစိုက်ပျိုးခြံများထဲသို့ရောက်သွားပါကပိုင်ရှင်ကိုခွင့်စရာမလိုပဲအသီးအနှံများကိုကြိုက်သလောက်အဝအလင်စားသုံးနိုင်ပါသည်။

သို့သော်အသီးအနှံများကိုအလဟသဖျက်ဆီးခြင်း၊အဝစားရုံမကအိမ်သို့ပြန်သယ်ခြင်း၊ပြန်ရောင်းချရန်ရည်ရွယ်ပြီးယူဆောင်ခြင်းတို့ကိုခွင့်မပြုတတ်ပေ။
ခိုးယူသွားပါကပိုင်ရှင်များသိလျင်ခြေလက်ဖြတ်ခြင်း၊စကားမပြောနိုင်အောင်လျှာဖြတ်ပစ်ခြင်းစသည့်မှတ်သားလောက်အောင်အပြစ်ပေးတတ်သည်...
စစ်တပ်နှင့်အလှမ်းဝေးသောအညိုရောင်နယ်မြေမို့်လည်းတိုင်တန်း၍ရသောနေရာလည်းမဟုတ်သောကြောင့်ကိုယ့်ဖက်ကအမှားမရှိအောင်တော့ဂရုစိုက်ရသည်။

အဆိုပါကရင်လူမျိုးများကားကိုယ်ကရိုးရိုးသားသားဆက်ဆံလျင်အလွန်ဖော်ရွေတတိကြသလို၊သူတို့ကိုလိမ်လျင်လည်းရက်ရက်စက်စက်ပြန်တုန့်ပြန်တတ်ကြသည်...
သို့သော်...တောအလုပ်လုပ်ကြသောဗမာလူမျိုးများကလည်းလူလည်ကျရာ၌နှစ်ယောက်မရှိပေ...သူတိ့စိုက်ပျိုးထားသောသီးနှံများကိုမရ ရအောင်ခိုးယူရောင်ချတတ်ကြသလို၊ပိုငိရှင်မိသွား၍ခြေပြတ်၊လက်ပြတ်ဖြစ်သွားကြသောလူများလည်းမနည်းပေ။

ဤသို့ခိုးယူခြင်းကိုစိတ်ချစေရန်အတွက်ခြံမစောင့်လိုသောအချို့ပိုင်ရှင်တော်တော်များများကသရဲတစ္ဆေများမွေးထားတတ်ကြသည်။
မွေးထားသောသရဲကလည်းခြံထဲသို့ဖြတ်သွားသောလူတိုင်းကိုအသားလွတ်လိုက်ကာခြောက်လှန့်ခြင်းမဟုတ်...
သီးနှံသူခိုးများကိုနေက်လုံးဝမလာရဲအောင်ခြောက်ထုတ်ခြင်းဖြစ်သည်။
image
သူတို့စိုက်ပျိုးခြံဆိုသည်ကားကျနော်တို့လူနေရပ်ကွက်ကဲ့သို့စည်းရိုးကာထားသောစနစ်တကျမသတ်ထား...
တခြံနှင့်တစ်ခြံသက်ဆိုင်ရာနယ်နိမိတ်အဖြစ်အပင်ကြီးများစိုက်ပျိုးထားပြီးအချင်းချင်းနားလည်မှုဖြစ်စည်းခတ်ထားသောသဘောဖြစ်၏...
အဆိုပါတောင်ပေါ်ကရင်လူမျိုးများ၏မနှစ်သက်ဖွယ်အကျင့်တစ်ခုကား၎င်းတို့မိသားစုဝင်တဦးဦးသေဆုံးသွားပါကသင်းချိုင်းသို့ဝေးဝေးလံလံသွားမမြှုပ်ကြပဲ...သူတို့၏အနီးအနားခြံထဲမျာပင်မြှုပ်ပစ်တတ်ကြသည်။

ကျနော်တို့မိသားစုသည်လည်းကရင်လူမျိုးများကြားတွင်ရှားရှားပါးပါးတောခြံပိုင်ရှင်ဗမာလူမျိုးများဖြစ်ကြသည်
..
ကျနော်တို့ခြံမှာဧက၇၀ခန့်ကျယ်ပြီးဝါးပိုး၊ပိန္ဒဲ၊ဒူးရင်း၊တောင်ထန်းဖက်စသည်တို့ကိုအဓိကစိုက်သည်..
တစ်နှစ်တစ်နှစ်ခြံမှထွက်သောသီးနှံဖိုးသည်ကျနော်တို့မိသားစုစီးပွားရေးကိုအတော်လေးပြေလည်စေသည်။

အဖေကိုယ်တိုင်ကခြံကိုဦးဆောင်လုပ်ကိုင်ပြီးကျနော်တို့ညီအစ်ကိုနှစ်ယောက်ကတော့နောက်လိုက်သက်သက်ပေါ့။
ကျနော်တို့ခြံဘေးကပ်လျက်တွင်စောသာဖိုးခေါ်ကရင်အိုကြီးနှင့်တပည့်ကရင်လေး၃ယောက်နေထိုင်ကာခြံစိုက်ကြ၏..
စောသာဖိုးသည်သီးသန့်နေထိုင်တတ်ပြီးသဘောကောင်းလှသူဖြစ်၏..

တောပစ်ဝါသနာပါသောကြောင့်ခြံထဲတွင်ပစ်ခတ်ရတတ်သောဂျီသား၊တောဝက်သား၊မျောက်သားစည့်တောကောင်သားများကိုလည်းရသည့်အခါတိုင်းသူ့တပည့်ကလေးနှင့်လာပို့ပေးခိုင်းလေ့ရှိသည်။
စောသာဖိုးနှင့်ကျနော်တို့ခြံစည်းရိုးအဖြစ်ဒညင်းပင်များကိုလည်းခြံနယ်နိမိတ်များအဖြစ်တန်းစီစိုက်ထား၏..
ဒညင်းပင်များကတော့ကျနော်တို့အပိုင်ပါ..

နှစ်ဖက်ပိုင်ရှင်များကလည်းဆွေမျိုးများပမာခင်မင်လျက်ရှိသောကြောင့်ပြသနာတစုံတရာမရှိခဲ့ပေ.။
သို့သော်လအနည်းငယ်အကြာတွင်စောသာဖိုးတစ်ယောက်အကြီးအကျယ်နေမကောင်းဖြစ်ကာသူ့တပည့်ကလေးများနှင့်အတူခြံကြီးကိုရောင်းချပြီးအမျိုးများရှိရာဘားအံဖက်သို့အပြီးအပိုင်ထွက်သွားလေ၏...
ခြံကြီးကိုတော့ဗမာမိသားစုတစ်စုကိုရောင်းချခဲ့ခြင်းဖြစ်သည်...
ထိုဗမာမိသားစုရောက်လာပြီးပြသနာစတက်ခြင်းဖြစ်သည်။
ပိုင်ရှင်သစ်ရောက်လာသောကြောင့်ထုံးစံအတိုင်းအဖေကသူတို့ခြံသို့သွားရောက်နှုတ်ဆက်၏။

သို့သော်သူတို့မိသားစုကကျနော်တို့မိသားစုကိုပျုပျုငှါငှါမရှိလှပေ...ရန်သူများပမာခပ်စိမ်းစိမ်းပင်ဆက်ဆံကြသည်။
ဗမာအချင်းချင်းပင်သော်လည်းသူတို့ဆက်ဆံပုံမှာအတော်လေးရန်သူဆန်နေ၏....
ရက်အနည်းငယ်အကြာတွင်ခြံနယ်နိမိတ်အဖြစ်စိုက်ပျိုးထားသောဒညင်းပင်တန်းသည်သူတို့အပိုင်ဖြစ်ကြောင်းဆိုလာသည်

အဖေကအရင်ပိုင်ရှင်ဟောင်းနှင့်နှိုင်းယှဉ်ပြီးအမျိုးမျိုးရှင်းပြသော်လည်းလက်မခံပေ။
ထိုဒညင်းပင်တန်းကဝင်ငွေမည်မျှရကြောင်းသိနေ၍သူတို့ကလည်းအလျော့မပေး...
ကြာတော့အဖေဒေါကန်လာသည်...သူပိုင်သည့်အပင်မို့အသီးခူးရမည့်အချိန်ရောက်လျင်သူသာခူးမည်အကြောင်းအပြတ်ပြောလိုက်သည်..

တဖက်ခြံရှင်ကလည်းခူးရဲခူးကြည့်ဟုပြောလာသည်...
ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းကျနော်တို့နှင့်ဟိုဖက်ခြံကလူစိမ်းမိသားစုတို့စကားမပြောကြတော့..သူတို့ခြံထဲတွင်လည်းသရဲမွေးထားသည်ဟုလူပြောများလာသည်...ကျနော်တို့ကလန့်နေသော်လည်းအဖေကတော့ခပ်အေးအေးပင်...
ဟုတ်တယ်လေ..ကိုယ့်ကိုကြည့်မရလို့သရဲနဲ့သတ်ခိုင်းနေရင်ဒုက္ခ...

ဒီလိုနဲ့ဒညင်းချိန်ရောက်လာတော့နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည့်ဒညင်းပင်တန်းမှထိပ်ဆုံးဒညင်းပင်ကိုတက်ခူးရန်ပြင်ဆင်နေခိုက်အပင်အောက်ခြေတွင်နှစ်ပေခန့်ရှိဝါးတိုင်ကလေးများစိုက်ထားပြီးမလှမ်းမကမ်းတွင်တခုခုတူးပြီးမြှုပ်ထားသလိုမြေသားမို့မို့လေးတွေ့လိုက်ရသည်..
မြေပုံလေးပေါ်တွင်လည်းနီရဲရဲညှီစို့စို့အရည်များရှိနေ၏..
ကျနော်တို့ညီအစ်ကိုနှစ်ယောက်ကလန့်နေသော်လည်းအဖေကစိုက်ထားသောဝါးတိုင်ကလေးများကိုဆွဲနူတ်ပစ်ပြီးအပင်ပေါ်သို့တက်သွား၏...

အဖေအပင်ပေါ်တက်နေချိန်တခြားအပင်မှလူလိုလို၊မျောက်လိုလိုအလွန်မြန်လှသောအကောင်တစ်ကောင်အဖေရှိရာအပင်သို့အလျင်အမြန်ခုန်ကူးလာသည်မသဲမကွဲကိုမြင်လိုက်ရသည်။
အဖေဒညင်းသီးနှစ်ဆယ်ပြည့်အောင်မခူးရသေးအပင်ပေါ်မှခြေလွတ်၊လက်လွတ်ပြုတ်ကျလာသည်..

ဘယ်လိုမှပြန်မထနိုင်သောကြောင့်ကျနော်တို့ညီအစ်ကိုနှစ်ယောက်လည်းပြေးထူလိုက်၏...
အဖေ့ကိုကူတွဲပြီးတဲဆီသို့ပြန်မည်ဆဲ့ဆဲဒညင်းပင်ပေါ်မှတဟီးဟီးခြောက်ကပ်ကပ်ရယ်သံကြီးပေါ်လာ၏...
ကျနော်လှည့်ကြည့်လိုက်တော့ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်ကိုအပင်ဖျားတွင်ခွထိုင်လျက်တွေ့လိုက်ရသည်။...။..။

အချိန်ကားညနေ၄နာရီခန့်...တောတောင်ရိပ်ကြောင့်အလင်းအားတော့နည်းလာ၏။

ဤသို့ဖြင့်ကျနော်တို့မြို့ရှိတိုက်နယ်ဆေးရုံလေးသို့အဖေ့ကိုတင်ပို့လိုက်ရသည်။
ပေနှစ်ဆယ်ခန့်အမြင့်မှပြုတ်ကျသောကြောင့်အဖေမှာတင်ပါးဆုံရိုးအက်သွားပြီးထိုင်၍ပင်မရတော့ချေ။
ဆေးရုံတွင်နှစ်ပတ်ခန့်အဖေနားနေရ၍ကျနော်တို့လည်းအဖေ့အတွက်စောင့်ရှောက်ပေးနေရသောကြောင့်ခြံထဲရှိအလုပ်များကိုပင်ဒီအတိုင်းရပ်ထားရသည်...
အဖေကတော့ခြံအလုပ်သမားဘဝနှင့်နှစ်၃၀နီးပါးလုပ်လာခဲ့သည့်သက်တမ်းတလျောက်တစ်ခါမှမဖြစ်ဖူး၍အံ့သြနေသလိုဒေါသလည်းထွက်နေ၏။

ကျနော်တို့ညီအစ်ကိုနှင့်အမေကတော့ဒညင်းပင်ခြေရင်းမှာစိုက်ထားသည့်ဝါးတုတ်ကလေးများ၊တခုခုမြှုပ်ထားသလိုဖြစ်နေသောမြေပုံမို့မို့များနှင့်နီနီရဲရဲအရည်ပျစ်များအကြောင်းကိုသာအဖေ့ကွယ်ရာတွင်ပြောနေမိသည်။
အဖေ့ရှေ့တွင်တော့မပြောရဲပေ....အဖေကသရဲ၊တစ္ဆေ၊စုန်း၊အောက်လမ်းစသည်တို့ကိုအယုံအကြည်မရှိသူဖြစ်သည်။

အမေကတော့မိန်းမသားပီပီအောက်လမ်းဖြင့်ပြုစားတာလို့ယုံကြည်နေသည်...ဆေးရုံတွင်နှစ်ပတ်ခန့်နေပြီးနောက်အဖေကိုအိမ်သို့ပြန်ခေါ်လာခဲ့သည်...အိပ်ယာထဲမှတော့မထနိုင်သေး..
အဖေမရှိသော်လည်းကျနော်တို့ညီအစ်ကိုနှစ်ယောက်ခြံထဲဆင်းကာရပ်ထားသောအလုပ်များကိုပြန်ဆက်လုပ်ရလေသည်..
ဒညင်းပင်များကိုလိုက်စစ်တော့အသီးများပြွတ်ခဲနေသောဒညင်းပင်တန်းမှာသိသိသာသာအသီးများလျော့နည်းနေ၏...
ဟိုဖက်ခြံကခိုးခူးထားကြောင်းသေချာနေပြီ။
ထိပ်ဆုံးအပင်အောင်မှာတော့ထုံးစံအတိုင်းဝါးတုတ်စိုက်ထားသောမြေမို့မို့လေးများနှင့်အရည်နီနီပျစ်ပျစ်များကိုအရင်လိုပြန်တွေ့ရသောကြောင့်အပင်ပေါ်သို့မတက်ရဲ့တော့ပါ။

ရက်နည်းနည်းကြာလာတော့အဖေ့အခြေအနေကပိုဆိုးလာသည်
ထမင်းလည်းအရင်လိုသိပ်မစားတော့ပဲစကားလည်းနည်းလာသည်။
မျက်လုံးကလည်းတစုံတယောက်ကိုကြောက်လန့်နေသလိုကျီးကန်းတောင်းမှောက်လျောက်ကြည့်နေသည်။
အမေကစိုးရိမ်ပြီးအသိဗေဒင်ဆရာတွေဆီလိုက်မေးတော့လည်းဗေဒင်ဆရာအားလုံးလိုလိုကအောက်လမ်းပညာဖြင့်ပြုစားတာဖြစ်ကြောင်းတညီတညွှတ်တည်းဖြေကြသည်...

ပေးလိုက်သောယတြာများလိုက်ချေတော့လည်းဘာမှမထူး..ရက်ပိုကြာလာသောအခါအဖေ့အခြေအနေကတော်တော်ဆိုးလာသည်.
ညနေဖက်နေဝင်သည်နှင့်အိမ်ထဲမှထွက်ပြေးမလိုအတင်းကုန်းထတတ်လေသည်...
image
ကျနော်တို့ညီအစ်ကိုနှစ်ယောက်အတင်းချုပ်ထားသောအခါ
"ငါ့ကိုဆံပင်ရှည်နဲ့လူနီကြီးတစ်ယောက်ကသတ်တော့မယ်..သူ့နေ့တိုင်လာတယ်...ငါသေတော့မယ်"
ဟုအော်ဟစ်ကာရုန်းကန်နေ၏။
ပယောဂဆရာများပင့်ပြီးပြတော့လည်း

"ဟိုဖက်ကတိုက်ထားတဲ့မကောင်းဆိုးဝါးအကောင်ကသိပ်ကြီးတယ်..ကျနော်တို့ပညာနဲ့မရနိုင်ဘူး..အခန့်မသင့်ရင်ကျနော်တို့ပါသေသွားလိမ့်မယ်"

ဟုပြောကာပြန်ပြေးသွားကြသည်ကတော်တော်များသည်။
အဖေလည်းအရမ်းပိန်လာပြီးစကားပင်မပြောနိုင်တော့...
ငါမကြာခင်သေရတော့မယ်ဟူ၍သာ..တွင်တွင်ပြောနေလေသည်။
ကျနော်တို့ညီအစ်ကိုလည်းအဖေ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရုံမှတစ်ပါးဘာမှမတတ်နိုင်ကြ...အမေကတော့တငိုငိုတရီရီဖြစ်နေလေသည်...အဖေ့ကိုဒီအတိုင်းကြည့်ပြီးလက်လွှတ်လိုက်ရတော့မည်ဟုကျနော်အားငယ်စွာတွေးမိသည်။
ထိုသို့စိတ်ဆင်းရဲနေကြသည့်တစ်နေ့တွင်ခြံထဲသို့အသက်၅၀ခန့်ခရီးသွားဦးလေးကြီးတစ်ယောက်ရေလာတောင်းသောက်သည်။

"တုမောင်တို့အိမ်မှာအမှောင့်ပယောဂတစ်ခုခုဝင်နေပုံရတယ်ထင်တယ်"
..အဆက်အစပ်မရှိပဲကောက်ကာငင်ကာမေးလာသည်။
ကျနော်နှင့်အမေလည်းအံ့သြနေသောကြောင့်ဦးလေးကြီးက

"ဘယ်လိုမှမထင်ကြပါနဲ့..စိတ်ထဲမှာထင်လို့မေးကြည့်တာပါ"

"ဟုတ်ပါတယ်...ဆရာကြီးရယ်..ကျမအမျိုးသားကိုကယ်ပေးပါရှင်..ဆရာကြီးကျေးဇူးမမေ့ပါဘူး"အမေလည်းအံ့သြတကြီးဆောင်းပန်သည်။

"ဆရာကြီးမခေါ်ပါနဲ့လေ..ကျနော်ကဆရာမဟုတ်ပါဘူး..တတ်ထားသလောက်လေးနဲ့တွေ့ရင်ကူညီတဲ့သဘောပါ...ကဲလူနာဘယ်မှာလဲ..ကြည့်ရအောင်"

ဦးလေးကြီကိုအဖေ့အခန်းထဲခေါ်လာလိုက်သည်။အဖေသည်စကားမပြောနိုင်သော်လည်းဦးလေးကြီးကိုတွေ့လျင်ဝမ်းသာသလိုမျက်လုံးများတောက်ပလာသည်ကိုတွေ့ရသည်....

"နေသာသလိုနေပါကိုလှမောင်..ခင်းဗျားကကျနော့ကိုသိမှာမဟုတ်ဘူး...ကျနော်ကတော့ခင်ဗျားကိုသိပါတယ်ဗျာ.."ဟုပြုံးရွှင်စွာပြောလာသည်..

ဒီနေ့ကတော့ခင်ဗျားမှာဖြစ်နေတဲ့ရောဂါမှန်သမျှအမြစ်ပြတ်အောင်ကျနော်တာဝန်ယူပြီးကုပေးမယ်ဗျာ...ဟုတ်ပြီလား
ကျနော့နာမည်လဲမှတ်ထားပါဦး...ကိုညိုကြီးတဲ့ဗျာ"
ဦးလေးကြီးကသူ့ကိုယ်သူမိတ်ဆက်လိုက်သောအခါအဖေကဝမ်းသာအားရမျက်ရည်များကျမတတ်ခေါင်းညိတ်ပြလေ၏။

ထို့နောက်ဦးညိုကြီးကအဖေမကြားအောင်ကျနော်နှင့်အမေဖက်လှည့်ကာခပ်တိုးတိုးပြော၏...

"ဒီလူနာအတွေ့စောလို့ဗျ...မဟုတ်ရင်အများဆုံးနေရဆယ်ရက်ပဲ" ဟုပြောလိုက်သောအခါအမေမှာရင်ဘတ်ပင်ဖိထားရလေသည်..ကျနော်ကတော့ယုံချင်သလို၊မယုံချင်သလိုနဲ့ပေါ့။
ဒုက္ခရောက်နေပါတယ်ဆိုလာလိမ်စားမယ့်လူလားဟုသံသယဖြစ်နေမိသည်...
ကျနော့အတွေးကိုဦးညိုကြီးကလည်းသိနေသည်လားမသိ...

"တူမောင်ကဦးလေးစကားကိုသိပ်မယုံဘူးပဲ..အင်းလေခေတ်လူငယ်ပဲ..ဒါတွေအယုံအကြည်မရှိတာတော့မဆန်းပါဘူးလေ...
ဒါပေမယ့်..ဘာမှမပူနဲ့မင်းအဖေလူကောင်းတစ်ယောက်လိုပြန်ဖြစ်လာအောင်ဦးအာမခံတယ်..ဒါမကောင်းတဲ့အောက်လမ်းပညာနဲ့တိုက်ထားတာလို့"ရဲရဲတောက်ပြောလာသည်...
ကျနော်လည်းသံသယစိတ်ကိုဖျောက်ပြီးအဖေ့အတွက်စိတ်ကိုဒုန်းဒုန်းချလိုက်လေသည်။

ညနေခင်းမရောက်ခင်ဦးညိုကြီးကရေချီုးသန့်စင်ကာအိမ်ရှိဘုရားကျောင်းဆောင်ကိုသူ့စိတ်တိုင်းကျသန့်ရှင်းရေးလုပ်နေ၏.....ကျနော်တို့လည်းအဖေ့ကိစ္စနှင့်အလုပ်ရှူပ်နေကြောင့်မြတ်စွာဘုရားရှင်ကိုဆွမ်းပင်မကပ်အားသည်မှာကြာလေပြီ။

ဦးညိုကြီးကခြံထဲရှိတောပန်းများခူးကာပန်း၊ဆီမီး၊ရေချမ်းကပ်လှူ၏...အမွှေးနံ့သာများဖြင့်ပူဇော်၏...ညစာတော့မစားပါရှစ်ပါးသီလယူထားကြောင်းပြော၏..
ကျနော်တို့မိသားစုကိုလည်းရေမိုးချိုးသန့်စင်ခိုင်းပြီးဘုရားရှင်ထံ၌ငါးပါးသီလဆောက်တည်ခိုင်း၏...
ပြီးနောက်ညအိပ်ယာဝင်ချိန်အထိသရဏဂုဏ်သုံးပါးကိုနူတ်မှတတွတ်တွတ်ရွတ်ရန်မှာကြားထား၏။

သူကတော့ဘုရာေးကျာင်းဆောင်ရှေ့တွင်ပရိတ်ကြီး၁၁သုတ်၊ဓမ္မစကြာနှင့်ပဌာန်းပါဋိတော်များကိုရွတ်ဖတ်လျက်ရှိသည်...ဘုရားကျောင်းဆောင်မှထွန်းထားသောဖယောင်းတိုင်ကုန်လျင်အသစ်ပြန်လည်ထွန်းညှိ၏...
ကျနော်တို့မိသားစု၏ပူလောင်နေသောစိတ်အစဉ်သည်ဦးညိုကြီး၏ရွတ်ဖတ်နေသောတရားတော်များကြောင့်ပြောမပြလောက်အောင်တည်ငြိမ်အေးငြိမ်းသွားသည်...အရာရာကိုရင်ဆိုင်ဝံ့သောသတ္တိများလည်တိုးပွားလာသလိုခံစားရသည်။

မြတ်စွာဘုရား၏တရားရေအေးသည်ဤမျှလောက်စွမ်းပကားကြီးမားလှကြောင်းကျနော်တို့မေ့နေလေသည်။
ဦးညိုကြီးကားတစ်ညလုံးမအိပ်ပဲရွတ်ဖတ်လျက်ရှိသည်၊ဘုန်းကြီးကျောင်းမှရဟန်းသံဃာတော်များအသံမစဲမဟာပဌာန်းရွတ်ဖတ်သကဲ့သို့ဖြစ်နေ၏...
မနက်မိုးလင်း၍အိပ်ယာထသောအခါကျနော်ဆို့မိသားစုသည်လန်းဆန်းတက်ကြွလျက်ရှိသည်...အံ့သြစရာအကောင်းဆုံးကားအဖေသည်သာမန်လူကောင်းကဲ့သို့စကားပြောနိုင်၍အစားအသောက်များလည်းပြန်လည်စားသောက်လာနိုင်သည်။

ကျနော်တို့မိသားစုလည်းဦးညိုကြီးကိုရှိခိုးမတတ်ကျေးဇူးတင်မသည်...
သူတော်ကောင်းနှင့်ဆုံမိလေခြင်းဟူ၍လည်းယုံကြည်နေမိကြသည်။
ဦးညိုကြီးကတော့ကျနော်တို့မိသားစုပျော်နေသည်ကိုကြညိ့ပြီးပြုံးကာခေါင်းညိတ်နေ၏။

"အမှောင့်ပယောဂကပ်နေတဲ့ပုဂ္ဂိုလ်နဲ့ဒီညနေမှာတွေ့ရမယ်"ဟုဦးညိုကြီးကပြော၏..

"အရင်ကဆရာတွေပြောသွားတာအဲဒီအကောင်ကတော်တော်ကြီးတယ်ဆိုဦးလေး" ကျနော်လည်းသိချင်တာမေးလိုက်မိသည်။

"ဘယ်လောက်ပဲကြီးနေပါစေတူမောင်ရယ်..မြတ်စွာဘုရားရှင်ရဲ့တန်ခိုးအာဏာစက်ကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး...ငါ့တူမယုံရင်စောင့်ကြ ည့်နေပါ"ဟုပြန်ရှင်းပြသည်..
ကျနော်တို့ကိုလည်းသရဏဂုံ၃ပါးမပြတ်ပွားများနေရန်မှာကြားထား၏..
ညနေနွားရိုင်းသွင်းချိန်ရောက်သော်ဦးညိုကြီးနှင့်ကျနော်တို့မိသားစုသည်ဒညင်းပင်ရှိရာသို့ထွက်လာခဲ့သည်။
ဒညင်းပင်သို့ရောက်သော်ဦးညိုကြီးက ထိပ်ဆုံးအပင်ပေါ်သို့မော့ကြည့်ပြီး

"ကိုင်း..အပင်ပေါ်ကပုဂ္ဂိုလ်ဆင်းလာခဲ့တော့..ဒီနေ့ဒီအပင်ကနေသင်ထွက်သွားဖို့အချိန်ကျပြီ"ဟုခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။
ဦးညိုကြီးကကျနော်တို့ကိုခပ်လှမ်းလှမိး မှကြည့်နေရန်လှမ်းပြောသည်။

ကျနော်တို့ကြည့်နေစဉ်မှာပင်ဒညင်းပင်ပေါ်မှလူကောင်ထွားထွားအကောင်းကြီးတစ်ကောင်ကမျောက်ဝံကဲ့သို့သစ်ကိုင်းတစ်ကိုင်းခုန်ကူးပြီးဦးညိုကြီးရှိရာသို့ဒညင်းသီများဖြင့်ပစ်ပေါက်လေ၏..ဦးညိုကြီးကားမတ်တပ်ရပ်ပြီးအေးအေးဆေးဆေးမျက်လွှာချကာဒီအတိုင်းငြိမ်နေသော်လည်းအားကုန်းလွှဲပေါက်သောဒညင်းသီးများတစ်လုံးမှလာမထိချေ...

ထိုလူထွားကြီးကားအဝေးမှရန်ပြုမရသဖြင့်ဒညင်းကိုင်းတစ်ကိုင်းကိုဆွဲချိုးပြီးဦးညိုကြီးကိုရိုက်ရန်မြေပေါ်ပြေးဆင်းလာသည်။
နားရွက်ရှည်ကြီးများ...အမွှေးရှည်ကြီးများနှင့်ဒေါသထွက်နေသောဘီလူးပြိတ္တာကြီးမှာဦးညိုကြီးအနားသို့ပင်ကပ်မရချေ..အနောက်သို့ပြန်လန်လန်သွားသည်။
ကျနော်တို့ကားကြည့်နေရင်းအသက်ပင်မရှူရဲကြချေ...

အံ့သြစရာကောင်းသည်ကဦးညိုကြီးကားမျက်လွှာသာချနေပြီးအကောင်ကြီးကိုဘာမှပြန်မလုပ်သောကြောင့်ပင်။
အကောင်ကြီးအော်သံကားတတောလုံးဟိန်းနေလေ၏..
အတ်နကြာသော်ဦးညိုကြီးမျက်လုံးပွင့်လာပြီးအကောင်ကြီးကိုစိုက်ကြည့်ပြီးတခွန်းပြောလိုက်သည်...ဘာပြောလိုက်လဲတော့မကြားလိုက်ရချေ....

အကောင်ကြီးကားဦးညိုကြီးစကားအဆုံး၌စူးစူးဝါးဝါးအာခေါင်ခြစ်အော်ကာတွန့်လိမ်သွားသည်..
အတန်ကြာသော်သတ္တဝါကြီးမှာဦးညိုကြီး၏ရှေ့သို့ပုဆစ်တုပ်ကာထိုင်၍ငြိမ်သွားလေ၏။
image
"သင်ကားမကောင်းဆိုးဝါးနာနာဘာဝတစ်ကောင်ဖြစ်တယ်..ယခုဖြစ်ရပ်မှာသင့်ကိုစေခိုင်းသူရှိတယ်ဆိုတာလည်းငါသိတယ်..ဒီတော့သူ့ကိုအခုသွားခေါ်ပါ"

အကောင်ကြီးကဘာပြန်ပြောလိုက်လဲမသိ...ဦးညိုကြီးကထပ်ပြောသည်။

"သင်မခေါ်ရဲရင်ငါကိုယ်တိုင်ခေါ်ရလိမ့်မယ်..သင့်ကိုလည်းငါ့တပည့်တွေကဆုံးမကြလိမ့်မယ်...သင်သွားပါတော့..."

စကားအဆုံးတွင်ပုဆစ်တုပ်ထိုင်နေသောအကောင်ကြီးကိုပိုအားကြီးသောအကောင်တစ်ကောင်ကောင်ကဆောင့်ဆွဲလိုက်သလိုနောက်တောစပ်ထဲသို့တရွတ်တိုက်ပါသွားလေသည်။
ဆွဲခေါ်သွားသူကိုတော့ညမိုးစုံးစုံးချုပ်နေပီဖြစ်သောကြောင့်သဲကွဲစွာမမြင်ရတော့ချေ...

ခဏအကြာဒညင်းပင်တန်းသို့ခြေံသံပြင်းပြင်းနှင့်မိန်းမကြီးတစ်ဦးလျောက်လာ၏...သေချာကြည့်လိုက်တော့..
အိုး...ဘေးခြံပိုင်ရှင်ရဲ့အမေအဖွားကြီးပါလား..

"ဪ....နင်ကိုး...ဒါနင့်ကိစ္စမဟုတ်ဘူး..နင်ဘာလာရှူပ်တာလဲ"အဖွားကြီးကဦးညိုကြီးကိုမေးလိုက်သည်။ဦးညိုကြီးကားဘာမှမပြော...

ဒါဆိုဦးညိုကြီးနဲ့အဖွားကြီးတို့ကအရင်ကတည်းကသိနေတာပေါ့...ကျနော်တွေးမိခြင်းဖြစ်သည်။

ထို့နောက်အဖွားကြီးခြံဘက်မှတောခြောက်သလိုဆူဆူညံညံအသံများပေါ်လာပြီးကျနော်ရှိရာဒညင်းပင်တန်းဘက်သို့ပြေးလာသောခြေသံများကြားလိုက်ရသည်။
သရဲတစ္ဆေများအော်သလိုအသံဆိုးကြီးများလည်းကြားလိုက်ရသည်။

ကျနော်တို့မိသားစုလည်းကြောက်လွန်း၍နေရာမှပင်ထွက်ပြေးချင်စိတ်ပေါ်လာကြသည်..ဦးညိုကြီး၏ဘေးပတ်လည်တွင်အရိပ်မည်းကြီးများလူးလွန့်ပြေးလွှားနေ၏...
ဒညင်းပင်ကြီးများကလည်းမုန်တိုင်းတိုက်သလိုယိမ်းနွဲ့လှုပ်ရှားနေ၏...
ညဖက်ကြီးကျီးပြိုသံကြီးလဲပေါ်လာ၏။

သို့သော်ဦးညိုကြီးအနားသို့ဘာကောင်မှကပ်မရချေ...
ဦးညိုကြီက
"အို...ကဝေမနင့်ဆိုးရွားတဲ့အောက်လမ်းအတတ်နဲ့ငါ့ကိုလာမစမ်းနဲ့...နင်လူနှစ်ယောက်ကိုသတ်ပြီးတာတောင်အားမရသေး..နောက်ထပ်သတ်ဖို့ကြိုးစားသေးတယ်...ဒီတစ်ခါတော့နင့်ကိုနတ်ကောင်းနတ်မြတ်များဒဏ်ခတ်ကြလိမ့်မယ်..."
ဟုပြောလိုက်သောအခါနားကွဲမတတ်ဆူညံနေသောအသံများစွာမီးကိုရေနဲ့ငြိမ်းလိုက်သလိုငြိမ်သက်သွား၏။
အပ်ကျသံပင်မကြားရတော့...ကျနော်တို့လည်းအံ့သြပြီးကြည့်နေစဉ်အဖွားကြီးကားမြေပေါ်လူးလိမ့်နေ၏...

ဒညင်းပင်တန်းကားထူးဆန်းစွာပင်အလင်းတန်းများပေါ်လာသည်။....။

"ကျမအမှားကြီးမှားပါပီ..အဘိုးရှင့်ခွင့်လွတ်ပေးကြပါ..သေရတော့ပါမယ်..."အဖွားကြီးကားမြေပေါ်တွင်လိမ့်နေ၏...

"နင့်ရဲ့အကုသိုလ်အပြစ်တွေကကြီးလွန်းတယ်..နင့်ကိုအဖိုးအပါအဝင်နတ်ဒေဝါတွေကခွင့်လွှတ်မှာမဟုတ်ဘူး..သူတို့နင့်ကိုအပြစ်ပေးဖို့စောင့်နေကြတယ်...
နင့်ရဲ့ယုတ်ညံ့တဲ့ပညာတွေကိုစွန့်လွှတ်ပါ.....
မဟုတ်ရင်နင့်ခေါင်းအစိတ်စိတ်ကွဲလိမ့်မယ်."ဦးညိုကြီးကပြောလေသည်။

"ဟုတ်ကဲ့ပါ...အသက်ကိုချမ်းသာပေးပါ...ပညာတွေကိုစွန့်လွှတ်ပါတယ်..."
အဖွားကြီးကပြောလိုက်သောအခါခုနကထက်ကြီးပြီးဆူးတင်းပုတ်ကိုင်ထားသောနတ်ဘီလူးကြီးတစ်ကောင်ကအဖွားကြီးကိုဆံပင်ကနေဆောင့်ဆွဲပြီးခေါ်သွားလေ၏...

တဖြည်းဖြည်းအဖွားကြီးလည်းအော်ဟစ်ရုန်းကန်ရင်းပါသွား၏။
ဒညင်းပင်တန်းမှအလင်းရောင်များလည်းပျောက်သွားကာပုံမှန်အမှောင်ကျရောက်လာသည်...
သို့သော်ညကတော့အေးချမ်းနေ၏....ပိုးကောင်အော်သံလေးများပင်ကြားနေရ၏...
ဦးညိုကြီးလည်းရပ်နေရာမှလှုပ်ရှားလာပြီးကျနော်တို့မိသားစုဆီလျောက်လာကာအဖေ့ပုခုံးကိုဖက်ပြီး

"ပြီးသွားပါပြီ ကိုလှမောင်..ဘာမှမဖြစ်တော့ပါဘူးဗျာ"
ဟုပြု့းရင်းပြောလာသည်။
ကျနော်လည်းနားမလည်တော့ဦးညိုကြီးကားခုနကအပြောအဆိုနဲ့တခြားဆီဖြစ်သွားလေသည်။
ဘာတွေဖြစ်ကုန်ပြီလဲမသိတော့....

အိမိပြန်ရောက်တော့ဦးညိုကြီးကရှင်းပြသည်။

"ဒညင်းပင်ခြေရင်းကစိုက်ထားတဲ့ဝါးတုတ်ကလေးတွေကရိုးရိုးဝါးမဟုတ်ဘူး....လူတွေသေတဲ့အခါအသုံးပြုတဲ့ဝါး.(တံစူးဝါး)လို့ခေါ်တယ်..။မြေပု့မို့မို့လေးကလည်းသေပြီးသားလူတွေရဲ့အရိုး၊ဆံပင်၊လက်သည်းတွေကိုမြှုပ်ထားတာ...ပြီးမှအဲဒီမြေပုံကိုသွေးပုံမှန်လောင်းပြီးသရဲမွေးတာပေါ့....ယုတ်ညံ့တဲ့အောက်လမ်းနည်းတွေပါ....
စုန်းအတတ်လည်းပါတယ်။

"အဲဒီမိန်းမကြီးနဲ့ဦးလေးနဲ့ကအရင်တည်းကသိတာလား"ကျနော်မေးလိုက်သည်။

"အင်း...ဆိုပါတော့သူကဝမ်းတွင်းစုန်းလို့ခေါ်လို့လည်းရတယ်..ပညာကြီးတော့တော်ရုံဆရာမနိုင်ဘူး..အရင်ကလည်းလူနှစ်ယောက်ကိုသူဒီလိုပဲပြုစားပြီးသတ်ဖူးတယ်...
ဒါပေမယ့်သေသွားတဲ့လူနှစ်ယောက်ကအတိတ်ကဝဋ်ကြွေးကံပါလာတော့ဘယိလိုမှမကယ်နိုင်ဘူး..
အခုသူကအပြစ်မရှိတဲ့သူကိုလာပြီးပြုစားတော့ဦးကလာပြီးစောင့်ရှောက်ရတာပါ"ဟုရှည်လျားစွာရှင်းပြလာသည်။

"ဦးမပြန်ခင်သေချာမှာချင်ခဲ့တာကဒီနေ့ကစပြီးမိသားစုအားလုံးရတနာသုံးပါးကိုမပြတ်နှလုံးသွင်းပါ...နူတ်ကရွတ်နေတာထက်..စိတ်ထဲကဆင်ခြင်နေတာပိုကောင်းပါတယ်။

လူတွေ ကပြောကြတယ်က့နိမ့်ရင်သရဲတစ္ဆေပြုစားတာခံရမယ်ကံမြက့်ရင်မခံရဘူေးပါ့...တကယ်တော့အဲဒီကံကကုသိုလ်ကံပါပဲ..ကုသိုလ်ကံမြင့်သလောက်မြင့်အောင်ကောင်းသထက်ကောင်းအောင်အမြဲကြိုးစားရပါမယ်။
အနည်းဆုံးတော့ငါးပါးသီလကိုလုံခြုံအောင်စေါင့်ထိန်းကြပါမေတ္တာတရားကိုလည်းလက်ကိုင်ထားကြပေါ့...အထူးပြောချင်တာကကိုလှမောင်တို့မိသားစုကတောထဲတောင်မှာနေတာဆိုတော့ဖြစ်နိုင်ရင်ဘုရားတရားများများလုပ်ပေးပေါ့...တောတောင်စောင့်နတ်တွေကိုလည်းအမျှဝေကုသိုလ်လုပ်ပေးဖို့မမေ့ကြနဲ့...
အရင်တည်းကဘုရားတရားကိုထိထိရောက်ရောက်မလုပ်ထားပဲဘေးတွေ့မှတရင်တော့ဘုရားလည်းမကယ်နိုင်ဘူးပေါ့ကွယ်...ဒါလေးတော့သတိထားကြပါ။

အဖေကကိုညိုကြီးကဘယ်လိုပုဂ္ဂိုလ်လဲဆိုတာသေချာမသိပေမယ့်ကျနော့အသက်ကိုကယ်ခဲ့တာကျေးဇူးတင်ပါတယ်...

"ဒိလိုပါပဲကိုလှမောင်ရာ..လုတွေကနိဗ္ဗာန်မရောက်မချင်းဒီလိုပဲဆုံတွေ့ရဦးမှာပါ...အရင်ဘဝကလည်းခင်ဗျားကကျနော့ကိုကယ်ခဲ့ဖူးတယ်ဗျ...ဒါကြောင့်ကျနော်လည်းပြန်ကယ်တယ်ပဲသဘောထားပါ..ခင်ဗျားကတော့မှတ်မိမှာမဟုတ်ဘူး
ကဲ...ရောင်နီလည်းသန်းတော့မယ်..ကျနော်လည်းကယ်စရာရှိသေးလို့ခွင့်ပြုကြဗျာ...သွားတော့မယ်။"

"ဦးညိုကြီးကဘယ်မှာနေတာလဲ"ကျနော်ကမေးလိုက်သည်
.ဦးကနေရာအတိအကျမရှိဘူးတူမောင်ရဲ့..ဒီလိုပဲကြုံရာသွားနေတာ...သံသရာကကျေးဇူးရှင်တွေကိုကျေးဇူးလိုက်ဆပ်နေတာ.....ပြီးတော့ရငိထဲမှာဘုရားတည်ထားဖို့လည်းမမေ့နဲ့...နော်"ဟုသေချာမှာကြားကာရောင်နီလာကာစမြူမှောင်များကြားထဲတိုးဝင်ပျောက်ကွယ်သွားလေသည်။

ကျနော်တို့မိသားစုစိတ်ထဲတွင်ဦးညိုကြီးသည်တန်ခိုးကြီးပုဂ္ဂိုလ်တစ်ဦးပင်လော...
နတ်ဒေဝါတစ်ဦးပင်လော..ဆိုသည်မှာယခုထိဝေခွဲမရသေးပါ..
သို့သော်....သူမှာကြားခဲ့သည့်အတိုင်းတော့ဘုရားတရားများကိုတော်တော်လေးယုံယုံကြည်ကြည်လုပ်ဖြစ်ခဲ့တော့နောက်ထပ်တော့ဘာအနှောင့်အယှက်မှမတွေ့ရတော့ပါ....။..။

နောက်ရက်များတွင်လည်းဘေးခြံကမိသားစုများကိုလုံးဝမတွေ့ရတော့ပါ။
ဘယ်ကိုထွက်သွားကြလဲမသိတော့။......။
နောင်နှစ်ပေါင်းများတိုင်အောင်ငြိမ်းအေးသောသီးနှံပေါသောပိုင်ရှင်မဲ့ခြံကြီးတစ်ခြံဖြစ်သွားပါတော့သည်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52