Women 's life in myanmar
သမီးမိန်းကလေးတွေ မွေးထားတာ ဘာလုပ်ဖို့လဲ?
မနေ့က မေမေက သမီး၂ယောက်နဲ့ပုံ Cover
Photo change လိုက်တယ်။ အဲ့ပုံအောက် cmtမှာ "သမီးချောလေးတွေမွေးထားတာ သမက်
ကောင်းကောင်းရွေးနော်" တဲ့ :3
အဲ့ဒီမန့်ဟာ ကိုယ့်မျက်စိထဲ ကန့်လန့်ကြီးပြေးဝင်
လာတယ်။ What the hell ပါပဲ။
ကိုယ်တို့ရဲ့ society ကြီးက မိန်းကလေးတွေအတွက် အရာအားလုံးသည် လင်ယူသားမွေးနဲ့ တိုင်းတာ
နေကြတာဟာ အတော်ကို စိတ်ပျက်စရာကိစ္စပဲ...။
သမီးလေးမွေးထားတယ် စကားတတ်စ မပီကလာပီကလာ အရွယ်ထဲကဘယ်လိုစကြသလဲ? "မီးမီးကြီးလာရင် ယောက်ျားယူမှာလား
အပျိုကြီးလုပ်မှာလား?" အဲ့ဒါ စ စရာလို့လည်း
မမြင်မိပါဘူး။တစ်ယောက်မဟုတ် နှစ်ယောက်မဟုတ် ခဏခဏစနေကြတဲ့အခါ သိတတ်စအရွယ်ထဲက
ကလေးခေါင်းထဲကို လင်ယူခြင်းမယူခြင်းဟာ
အရေးကြီးတယ်ဆိုတဲ့ အသိကို မသိမသာရိုက်သွင်း
လိုက်သလိုပဲ။
အရွယ်လေးရောက်လာတော့လည်း ဆူကြ
ကြိမ်းကြတဲ့ စကားတဲ့ "နင်တော့ဒီအချိုးနဲ့ဆို
ယောက်ျားရရင် ယောက်ျားရိုက်ခံရမှာပဲ၊ ယောက္ခမနှိပ်စက်ခံရမှာပဲ" ဟယ်...အဲ့ဒါ အသုံးမကျရင်ဆူတဲ့စကားတဲ့လား? ဒါဆို မိန်းမတွေ အချိုးပြေဖို့အသုံးကျဖို့ဟာ သူများဘဝတွေကို ပေးဆပ်ဖို့သက်သက်ပဲလား၊ ကိုယ့်အတွက်ကိုယ်မဟုတ်ဘူးလား?
မိန်းကလေးတွေ အသက် ၂၅ကျော် ၃၀ ဝန်းကျင်မှာမှယောက်ျားမရသေးရင် ရည်းစားမရှိနေရင်
အပျိုကြီး မစွံတော့ဘူး လင်ရချင်ရက်နဲ့မရတော့ဘူးတို့် တွဲနေတာကြာပြီ မယူကြသေးဘူးလားတို့ ဆိုတာ
စနောက်စရာစကားမှ မဟုတ်တာ။
သမီးမိန်းကလေးမွေးထားရင် ဗိုင်းကောင်း
ကျောက်ဖိထားပြီး အချိန်တန် လင်ကောင်းပေးစား သမီးမိန်းကလေးဆိုတာ ရောင်းကုန်ပဲတို့ဆိုတဲ့ အတွေးအခေါ်တွေကို ဘိုးတော်ဘုရား လေးဖက်ကုန်းတဲ့ခေတ်ထဲမှာ မထားခဲ့နိုင်ကြဘူးနော်။ လင်ဆိုးမယား
တဖားဖားဖြစ်မှာစိုးတဲ့ စေတနာကို နားလည်ပါတယ်။ မကောင်းတဲ့ယောက်ျားမရစေချင်ရင် မကောင်းတဲ့
ယောက်ျားတွေကို ရှောင်တတ်အောင်၊ လူ့အထာနပ်
အောင်၊ ကိုယ်ပိုင်ရပ်တည်မှုရှိအောင်၊ အလေးစားခံရ
အောင် သင်ပေးရမယ့်အစား လင်ကောင်းသားကောင်း ရရေးကို ဦးစားပေးနေတော့ အခုနောက်ပေါက်
ချာတိတ်မတွေ ဘာဖြစ်လဲသိလား? သူတို့စိတ်ထဲ
ကောင်းတဲ့ယောက်ျားလို့ တစ်ထစ်ချယုံရင် တလောကလုံးနဲ့ပဲ စစ်ခင်းရခင်းရ၊ ဘယ်သူ့ဆီကကျော်ရခွရ ethic မရှိ၊ သိက္ခာမရှိ၊ မာနမရှိ ပုဆိုးစဆွဲအတင်းလိုက်တော့တာ။
ဘာအလုပ်မှ စိတ်မဝင်စားဘူး။ သင်တန်းတွေ မိဘထားလို့သာတက်မယ်၊ သင်တန်းမှာ
ဘာသင်လဲထက် ဘယ်ကောင်လေးချောလဲ
ဘယ်သူကလာကြိုက်လဲက ပိုအရေးကြီးမယ်။
အချိန်တန် လင်ကောင်းကောင်းရမယ်လို့
ယုံကြည်ချက်ရှိတယ် ကိုယ်တိုင်က ဘာသောက်သုံးမှမကျဘူး။ မျှော်လင့်ချက်ပန်းတိုင်သည် လင်ကောင်းရဖို့ပဲ။ အရင်းစစ် အမြစ်မြေကတဲ့
ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကြီးကိုက မိန်းကလေး
တွေကို ထူးချွန်ထက်မြက်အောင် ပံ့ပိုးခြင်းမရှိပဲ
ယောက်ျားယူလိုက်ရင် ပြီးပြီဆိုတဲ့
တလွဲဆံပင်ကောင်း သောက် logic တွေကို
ရိုက်ထည့်ထားတာပဲ။
သမက်ကောင်းကောင်းရွေးရအောင်လည်း
မအေနဲ့ပေါင်းမှာမှ မဟုတ်တာ။ ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အရည်အချင်းရှိအောင်မလုပ်ပေးကြပဲ
မိဘက သင့်တော်ရာရွေးပေးမှ အဆင်ပြေမယ်
ထင်နေကြရင် ကိုယ်တိုင်တောင် ချစ်လို့မှ ယူထားကြ
ပြီး ဘယ်လိုတွေဖြစ်ပျက်ကြရသလဲ
စဉ်းစားကြည့်ကြစေချင်တယ်။ အိမ်ထောင်ပြုတာဟာ ကံစမ်းမဲနှိုက်သလိုပဲ။ မမြင်ရတဲ့အရာတွေအတွက် တလွဲအတွေးခေါ်တွေနဲ့ရှင်သန်ကြစေမယ့်အစား သေချာတဲ့ ရပ်တည်နိုင်မှု.ခွန်အားတွေသာ ပေးတတ်ကြရင် အတော်လေး နေပျော်စရာကောင်းမယ်ထင်တယ်။
what happened to caption?
Congratulations @thuraaunghtet! You have received a personal award!
1 Year on Steemit
Click on the badge to view your Board of Honor.
Congratulations @thuraaunghtet! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!