တွန်းအားစိတ်

in #esteem6 years ago

image
ကျွန်နော်စာမရေးဖြစ်တာ ၃ရက်ရှိသွားခဲ့ပြီနော်။စာရေးဖို့အချိန်မပေးနိုင်လို့တော့မဟုတ်ပါဘူး။စာရေးနိုင်တဲ့အချိန်များစွာ ရှိနေလျက်ပါပဲ။စာရေးပို့စ်တင်နိုင်ဖို့အချိန်များစွာရှိနေပါလျက်နဲ့ ဘာကြောင့်မရေးတာလဲ။
စိတ်ကူးထဲမှာ ရှိနေတာလေးတွေကို ရေးချမယ်ဆိုရင်တော့ ရေးစရာများစွာရှိနေပါတယ်။ဒါပေမယ့် ကျွန်နော်မရေးနိုင်လောက်အောင် စိတ်ကဝန်လေးနေတယ်လေ။အဓိကအကြောင်းရင်းကတော့ စတင်းဈေးကျနေပါတယ်ဆိုတဲ့ကြားက နောက်ထက်ကို ဈေးကကျဆင်းသွားလေတော့ စာရေးဖို့ဝန်လေးနေခြင်း ဖြစ်တာ သိပ့်တော့အဆန်းတကျယ်တော့မဟုတ်ပါဘူးလေ။
image
စပေါ့ပေးနေကြတဲ့ သူဋ္ဌေးတွေတော့ ဘယ်လိုစိတ်တွေ ဖြစ်ပျက်နေမယ်တော့မသိဘူး ကျွန်နော်ကတော့ စာရေးဖို့ စိတ်တွေကို တည့်မက်နေရတယ်ဗျာ။စာမရေးဖြစ်တာ တစ်ရက်ကနေ နှစ်ရက် နှစ်ရက်ကနေသုံးဖြစ်လာတော့ မရေးလို့မဖြစ် ရေးကိုရေးချရပေဦးမည်ဟု ကိုယ့်ကိုကိုယ် စိတ်အားတင်းပြီး အားပေးနေရတယ်လေ။စာရေးဖို့စိတ်ပျက်နေလို့တော့မဟုတ်ပါဘူး။စာရေးချနိုင်ဖို့အားယူနေတဲ့သဘောပါ။ဘယ်ကိစ္စကိုမှ လွယ်လွယ်နဲ့ အရှုံးမပေးတက်သလို ခက်ခက်ခဲခဲနဲ့ ဒီနေ့ဒီချိန်အထိ ရှင်သန်ဖြတ်သန်းလာခဲ့ခြင်းမဟုတ်ပေမယ့်လည်း ပေးဆပ်ခဲ့ရတဲ့ အချိန်များစွာက အရင်းနှီးပါပဲ။အချိန်တစ်ခုကိုသာ ပေးဆပ်ခဲ့ရသော်လည်း အချိန်ဆိုတာ ငွေကိုခေါ်တယ်မဟုတ်လားဗျ။ယခုလိုစတင်းဈေးက တအိအိနဲ့ကျဆင်းနေတဲ့အချိန်မှာ ပြားဂဏန်းလောက်ကလည်း ကျွန်နော်အတွက်တော့မက်လောက်စရာပါပဲ။မကျေနပ်လို့လည်းမရတော့ ရသလောက်လေးနဲ့နှစ်သိမ့်နေမိပါတယ်ဗျာ။
image
ကျွန်နော်တို့အားလုံး ဘယ်အလုပ်ပဲလုပ်လုပ်ပေါ့ဗျာ။အဓိကအရေးကြီးတာကတော့ ကိုယ်လုပ်တဲ့အလုပ်မှာ တွန်းအားဆိုတာ သိပ့်ကိုအရေးကြီးပါတယ်။အဲ့ဒီတွန်းအားကလည်း တခြားအဝေးကြီးကိုတွေးပြီး ခက်ခက်ခဲခဲရှာဖွေနေစရာ မလိုအပ်ပါဘူး။ မိမိကိုယ်တွင်းထဲမှာသာ တွယ်ကပ်ကိန်းအောင်းနေပါတယ်။ကျွန်နော်တို့စိတ်တွေဟာ ခေတ္တခဏသာအခက်အခဲလေးအတွင်း အချိန်တစ်ခုရဲ့အခိုက်အတန့်လေးမှာ လေးလံထိုင်းမှိုင်းနေကြပါလိမ့်မယ်။ဒီလိုထိုင်းမှိုင်းနေသောစိတ်ကို အေးစက်ခြင်းမဟုတ်တဲ့ တည်ငြိမ်လေးနပ်သောစိတ်ဘက်သို့ ပြောင်းလဲနိုင်ရလိမ့်မယ်။လေးလံထိုင်းမှိုင်းသောစိတ်ကို ဒီအတိုင်းဖြစ်သလိုထားရှိလိုက်မယ်ဆိုရင် စိတ်ပျက်အားငယ်ခြင်းဘက်သို့ ကူးပြောင်းကာ စိတ်ဝေဒနာခံစားချက်များ ဖြစ်ပေါ်ကြုံတွေ့လာရုံမှ တခြားမရှိပါဘူးလေ။မိမိရဲ့ကိုယ်အတွင်းထဲမှာ ကိန်းအောင်းနေတဲ့ တွန်းအားဆိုသည့်စိတ်ကို အပြင်ကိုထုတ်ပြီး မိမိ၏ နေ့စဉ်လုပ်ကိုင်နေသော စာရေးခြင်းအလုပ်ကို နေ့စဉ်နေ့တိုင်း ရေးသားတင်ပြနိုင်ရေးအတွက် ကိုယ့်ကိုကိုယ် အားပေးရင်းဖြင့် ရှေ့ဆက်လျှောက်လှမ်းသွားနိုင်ရမည်။
author: @thura
photos: cedit google images

Sort:  

ဟမ်း..........နီတို့က စာမရေးတာ ပြိုင်နေကြသလားဘဲ

ဟုတ်ပါဘူးဗျာ ရင်တွင်းခံစားမှုတွေအန်ထုတ်နေတာပါဗျ

ညီမလေးလည်းစာမရေးဖြစ်တာနှစ်ရက်ရှိသွားပြီအစ်ကို

တစ်ရက်တစ်ပုဒ်ကတော့ရေးဖြစ်အောင်ရေးပါကွယ်

ကျွန်မလည်းအဲ့ဒီစိတ်အတိုင်းထားပြီးအလုပ်လုပ်နေပါတယ်

ဘာပဲပြောပြောအဲ့ဒီစိတ်ကကောင်ပါတယ်လေ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59605.87
ETH 2518.81
USDT 1.00
SBD 2.44