ဆယ်ဂျီဘီရဲ့ရလဒ်ကောင်း

in #esteem5 years ago (edited)

icqm7uekyi.png
(screenshot)
ကျုပ် စတီးမစ်မှာ ပေါက်တက်ကရတွေကို စာဆီဖွဲ့လို့ တွေးချင်တာတွေတွေးပြီး ရေးချင်တာတွေ မရေးခြစ်ခဲ့တာ နေ့ရက်တွေဟာ ကြာခဲ့ပြီလေ။ဂိမ်းဝါသနာအိုးတွေ ဂိမ်းကစားရင်း သူတို့အတွေ့အကြုံနဲ့ လုပ်ဆောင်ချက်များကို ရေးခြစ်နေကြတယ်။အချို့က ပညာသားပါသော အတွေးအခေါ်စာများ စသည့် စသည့် လေးနက်သောအကြောင်းအရာများ ဒီလိုလူတွေကြားထဲ ကျုပ်ရေးနေကြ ပေါက်တက်ကရ အရေးအသားများနဲ့ ပေါက်ပန်းလေးဆယ် လျှောက်ရေးခြစ်နေတဲ့အကြောင်းအရာတွေကိုတောင် နှပ်မှန်အောင် တစ်ရက်တစ်ပုဒ်မတင်ပြနိုင်ခဲ့ဘူး။နေ့ရွှေ့ ညရွှေ့နဲ့အင်တာနပက်ဖွင့်ပြီး ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့်နဲ့ တယ်လီနောကနေပြီး ကံစမ်းမဲပေါက်တဲ့10gb ခုနှစ်ရက်သုံးနိုင်တဲ့ အင်တာနက်ခလေးနဲ့snaptubeကနေ ကိုနေမျိုးဇင်ရဲ့ ပြည်သူအပေါ် ကိုယ်ကျိုးစွန့်ပြီး ပြည်သူ့တွေဘက်က ရဲရဲဝံ့ဝံ့ မာမာမတ်မတ်ရပ်တည်ကာ မှန်တာပြော ဟုတ်တာလုပ် မတရားမှုတွေကို တရားသောနည်းလမ်းဖြစ် ဖြေရှင်းပေးနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို ကြည့်ရှု နားထောင်ရင်း အင်တာနက်ဆယ်ဂျီဗီ ကုန်လွန်သည်အထိပါပဲ။ကိုနေမျိုးဇင်အကြောင်းကိုတော့ မရေးတော့ပါဘူး။ဘာကြောင့်ဆိုတော့ သူ့ရဲ့အကြောင်းအရာတွေက လေးနက်လွန်းလေတော့ ပေါက်တက်ကရရေးနေတဲ့ ကျုပ်လိုအရေးအသားမျိုးနဲ့ အဆင်ပြေမှမဟုတ်လို့ပါပဲ။သူ့အကြောင်းကိုတော့ နိုင်ငံအရေးကိုစိတ်ဝင်စားသူတိုင်း မသိတဲ့သူ မရှိပါဘူး။ကိုနေမျိုးဇင် ပြည်သူတွေဘက်ကနေပြီးဘာတွေလုပ်ဆောင်ခဲ့သလဲ ဘယ်လောက်ထိအောင်မြင်မှုတွေရခဲ့သလဲဆိုတာကိုတော့snaptubeကနေ ကိုနေမျိုးဇင်ဆိုပြီး မြန်မာလိုအလွယ်တကူရိုက်ပြီး ကြည့်ရှု နာဆင်နိုင်ပါတယ်။
"အဲ"
မဆိုင်းမတွ ကျုပ်ထပ်ပြီးကြွားလုံးထုတ်လိုက်ဦးမယ် ဒီနေ့လည်း တယ်လီနောကနေ ကံစမ်းမဲထပ်ပေါက်တယ်ဗျ။1gbရတယ် ဒါလည်း ခုနှစ်ရက်သုံးလို့ရတယ်။သုံးခဲ့ပြီးသော10gbထဲက ရရှိလိုက်တာကတော့ ဗိုလ်ကြီးနေမျိုးဇင်က ပြည်သူတွေဘက်ကနေပြီး မတရားမှုတွေကို တရားသောနည်းလမ်းဖြင့် ဆောင်ရွက် အောင်မြင်ခဲ့တဲ့အကြောင်းအရာတွေဟာ မသိသေးသော ကျုပ်အတွက် ရလဒ်ကောင်းတစ်ခုပါလို့ ရေးသားရင်းဖြင့်…………
author:@thura
photo:screenshot

Sort:  

Congratulations @thura! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 1000 replies. Your next target is to reach 1250 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

ကျေးဇူးတင်ပါတယ်ပဲပြောလိုက်တော့မယ်ဗျာ

Telenorနဲ့အကျိုးပေးတယ်။ကျော်တို့ဆို ဘာမှမရဖူးဘူး

Posted using Partiko Android

ဆယ့်ငါးရက်အတွင်းမှာ ဆယ်ဂျီဘီတစ်ခါ ဝမ်းဂျီဘီနှစ်ခါရဖူးသွားပြီဟ
ဂျီဘီတစ်ရာပေါက်တဲ့သူလည်းရှိနေကြတယ်။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57292.40
ETH 3073.43
USDT 1.00
SBD 2.32