ကျွန်နော်အတွေး ကျွန်နော်အမြင် ကျွန်နော်၏ သုံးသပ်ချက်များ   အပိုင်း ( 2 )

in #esteem6 years ago

image
မနက်မိုးလင်းကနေအစပြုပြီး ညလူသံတိတ်တဲ့အချိန်ထိပေါ့ဗျာ တချို့လူတွေဟာ မနက်မိုးလင်း အိပ်ရာကနေနိုးထတဲ့အချိန်ကစပြီး မရပ်မနား မမောနိုင် မပန်းနိုင် စကားများစွာကို စိတ်ကူးပေါက်ရာ ပြောနိုင်ကြပါတယ်……………
တချို့လူတွေကျပြန်တော့ မိုးလင်းကနေအိပ်ချိန်အထိ အခန်းထဲ လူရှိနေတယ် မထင်ရလောက်အောင်တိတ်တဆိတ် ငြိမ်သက်စွာနဲ့ နေတက်ကြပါတယ်………………
ဒီလူနှစ်မျိုးနှစ်စားကို ကျွန်နော် အတွေးအမြင်နဲ့ ပေါ့ပါးစွာ ရင်ဖွင့်ပြချင်ပါတယ်……………
မနေ့ကညကရေးတင်တဲ့အကြောင်းထဲမှာ လူနှစ်မျိုးနှစ်စားနဲ့ပတ်သက်ပြီးတော့ ရေးမယ်ဟု အတွေးပေါ်လာခဲ့သော်လည်း တကယ်ရေးချလိုက်တော့ စိတ်ထဲပေါ်လာတာတွေကို ရင်ဖွင့်ဖြစ်ခဲ့ပါတယ်……………
ရင်ဖွင့်ရေးချလိုက်တော့လည်း စိတ်ထဲတင်းနေတဲ့အကြောမျှင်တွေက လျော့လို့သွားခဲ့ရပါတယ်……………
ယခုလည်း ဒီလူနှစ်မျိုးနှစ်စားနဲ့ပတ်သက်သောအကြောင်းလေးကို စိတ်ထဲတွေးမိ မြင်မိ ခံစားမိသလိုလေးပဲရေးချလိုက်ပါရစေခင်ဗျာ………………

လူဆိုတာ လူတွေကြားထဲမှာ ရှင်သန်ရပ်တည်နေကြရတဲ့ သတ္တဝါလေးတွေဆိုတာကို လူတိုင်းနားလည်သဘောပေါက်ထားကြပါတယ်………………
ကိုယ့်ထ္မင်းကိုယ်စားပြီး ကိုယ့်နှာခေါင်းပေါက်နဲ့ အသက်ရှုထုတ်နေကြတယ်ဆိုပေမယ့်လည်း ပတ်ဝန်းကျင်မရှိလျှင် ဘယ်သူကမှ ကြာရှည်အသက်မရှင်သန်နိုင်ကြပါဘူး…………………
လူစိတ်ဆိုတာ တစက္ကန့်မှာ စိတ်မည်မျှပြောင်းလဲနေကြသလဲဆိုတာကိုတော့ အတိအကျမသိသော်လည်း သိနေတာတစ်ခုကတော့ ဘယ်တော့မှငြိမ်သက်နေခြင်းမရှိပါဘူး………………
မိုးလင်းကစပြီး မျက်စီနှစ်လုံးဖွင့်လိုက်တဲ့အချိန်ကစပြီး ညနေမိုးချုပ်လို့ လူအိပ်ချိန်အထိ မမောနိုင် ပင်ပန်းခြင်းမရှိ စကားများစွာ နေ့စဉ်မပျက်ပြောနေနိုင်ကြသူတွေကို ကျွန်နော် အံ့သြနေမိပါတယ်…………
သူတို့ပြောနေတာတွေကို ကြားနေရင် ဒီလောက်ထိအောင် နေ့စဉ်မပျက် မရိုးနိုင် မငြီးငွေ့နိုင်လောက်အောင် ဘာကြောင့် ပြောနေနိုင်ကြသလဲ………………
နေ့စဉ်ပြောနေကြတဲ့ စကားလုံးတွေဟာ ကျွန်နော်ပေါက်တက်ကရ ရေးချတင်ပြနေသောစာသားတွေလောက်ပင် အနှစ်မရှိ အကျိုးမရှိ တန်ဖိုးမဲ့စေနိုင်သော စကားများစွာတွေပါ………………
သူတို့ပြောနေကြတဲ့စကားလုံးအစမှာတော့ သတင်းစကားလို့မှတ်ယူရလောက်ပေမယ့် ကိုးဆယ်ကိုးရာခိုင်နှုန်းဟာ အကျိုးယုတ်စေနိုင်သော အတင်းဖျင်းစကားတွေပါလေ……………
ပွင့်လင်းစွာဖြင့် အတင်းဖျင်းစကားတွေပါလို့ရေးချလိုက်ပါရစေဗျာ………………
ရိုးရိုးကျင့် မြင့်မြင့်ကြံ ဟုတ်တာပြော မှန်တာလုပ် ဆိုတဲ့ ဒီကားလုံးတွေရဲ့အဓိပ္ပါယ်ကျယ်ပြန်ခြင်းတွေကို လူအတော်များများ စဉ်းစားစဉ်ခြင်သုံးသပ်ခြင်းမရှိကြပဲ စကားလုံးတွေကို ကြိုက်နှစ်သက်ကြလို့သာ မှတ်သားရေရွတ်နေကြတယ်လို့ ကျွန်နော် ထင်မြင်ယူဆမိပါတယ်………………
ဘာကြောင့်ဒီလိုယူဆလိုက်ရသလဲဆိုတော့ ရိုးရိုးကျင့်ရင် လူအထင်သေးတက်ကြပါတယ် မြင့်မြင့်ကြံပြန်တော့လည်း ငပေါကြီးပါကွာ နေတဲ့နေရာနွားတဲကုတ် စိတ်က ခုနှစ်ဆောင်တန်းက ခေါင်မိုးထက်မှာ ဟုတ်တာတွေကို ပြောရင် လူတွေရဲ့စိတ်ကအလိုမကျနိုင် မှန်တာတွေကိုလုပ်ရင် လူအမြင်ကပ်ကြပါတယ်ဗျာ………………
ဒါကအကြောင်းဆက်ဆက်ခြင်းရှိမရှိတော့မသိဘူးဗျာ ရေးရင်းပေါ်လာသော်လည်းရေးချနေမိတာပါလေ……………
ရိုးရိုးကျင့် မြင့်မြင့်ကြံ ဟုတ်တာပြော မှန်တာလုပ် ဒီစကားလေးကိုဖြေရှင်းချက်ပြန်ထုတ်ဦးမယ်ဗျာ………
ငါတို့ကတော့ရိုးရိုးသားသားနေထိုင်တာပဲ မကောင်းတဲ့စိတ်မမွေးဘူး မှန်တာကိုလုပ်ပြီးဟုတ်တာတွေကိုပြောနေတာလို့ သူတို့စိတ်ထဲရှိနေကြပါတယ်………………
ဒါပေမယမ့လည်း ဘယ်လိုပင်လူတွေကိုပြောပြော သတင်းစကားအစ အတင်ဖျင်းတွေ၌ သူတို့ရဲ့အတွင်းစိတ်ဆိုတာ ထင်ထင်ရှားရှားပေါ်လိုနေတယ်ဆိုတာ ပြောနေကြသောသူတွေမသိ ကြားနေရတဲ့ကျွန်နော်မှာတော့ ထိုသို့သာတွေးမြင်လိုက်မိပါတယ်ခင်ဗျာ…………………

လူစိတ်ဆိုတာ တည်ငြိမ်နေခြင်းရှိနေမှာ လိုရာကို လိုအပ်သလို လုပ်ဆောင်နိုင်ပါလိမ့်မယ်……………
စိတ်ငြိမ်းချမ်းနိုင်ဖို့ဆိုတာ တည်ငြိမ်သောစိတ်နေစိတ်ထားမရှိပဲနဲ့တော့ ငြိမ်းချမ်းခြင်းဆိုတာ မဖြစ်လာနိုင်ပါဘူးလေ…………………
လူဘဝမှာ ပျော်ရွှင်မှုဆိုတာထက် စိတ်ချမ်းသာခြင်းကသာ အဓိကအကျဆုံး အခြေခံလိုအပ်ချက်ပါ……………
စိတ်ချမ်းသာမှုရှိနေမယ်ဆိုရင် လူဘဝခဏလာလည်တဲ့ အချိန်တိုလေးအတွင်းမှာ ပျော်ရွှင်ဖွယ်ရာ နေ့ရက်များစွာနဲ့ စိတ်ဟာ အေးချမ်းနေပါလိမ့်မယ်…………………
လူတွေနေ့စဉ်နေ့တိုင်းပြောနေကြပါလိမ့်မယ် ကိုယ်လုပ်မှကိုယ်စားရမယ် ကိုယ်မှာဘာမှမရှိရင် ကိုယ်ပဲငတ်နေပါလိမ့်မယ် စသည့်စကားတွေပေါ့ဗျာ……………
ဒီစကားမှားသလားဆိုတော့ မမှားပါဘူး လူတိုင်းကိုယ်လုပ်မှကိုယ်ရပါလိမ့်မယ်…………
ဒါပေမယ့် မှန်သလားလို့မေးလျှင် ဒီအဖြေမမှန်ပါဘူးဟု ပြန်ပြောရပါလိမ့်မယ်……………
ငွေဆိုတဲ့အရာကို မကြိုက်မနှစ်သက်သော ပုထုဇဉ်လူရယ်လို့မရှိပါဘူး……………
လူတိုင်း သူ့အသက်အရွယ်နဲ့အလိုက် အတိုင်းအထွာလေးတွေနဲ့ မက်မောနေတက်ကြပါတယ်……………
အရာများစွာကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ လူစိတ်ကို အမြဲလှည့်စားနေသော ငွေဆိုတဲ့အသက်မရှိဘူးဆိုတဲ့အရာကို ထိန်းချုပ်ဦးဆောင်ပြုနိုင်ရပါလိမ့်မယ်………………
ကျွန်နော်ဆိုလိုချင်တာက ပိုက်ဆံဆိုတဲ့အရာကို လူစိတ်က အနိုင်ယူထားနိုင်ရမယ်…………
ပိုက်ဆံကလူကိုအနိုင်ပိုင်းထားနိုင်သွားပြီဆိုရင်တော့ ငွေပြုသမျှ ပြုနေရမယ် ငွေကခိုင်းစေသမျှကို လူစိတ်ကလိုက်လုပ်နေကြရပါလိမ့်မယ်………………
ငွေကလူကို ပြန်လည်ခိုင်းစေလာပြီဆိုရင်တော့ လူအများကြားတွင် ငါဆိုသော ထောင်လွှာခြင်းတွေ အစဉ်မပျက် အမြဲလိုလို ဖြစ်နေပါလိမ့်မယ်…………………
ကျွန်နော်ရေးချတင်ပြနေတဲ့အကြောင်းအရာလေးတွေဟာ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖြစ်နေတာကိုတော့ကျွန်နော်သိနေပါသော်လည်း ဒီလိုလေးရေးချဖို့အရေး နေထိုင်သောနွားတင်ကုတ်ပတ်ဝန်းကျင်အဆက်မပျက်ဆှုညံခြင်းတွေကြားက ရေးချတင်ပြနေရခြင်းကြောင့်ပါခင်ဗျာ……………
author: @thura

Sort:  

နွားတင်းကုတ်ထဲကနေ စာရေးနေတာပေါ့

ဟုတ်တော့ဟုတ်တယ်
ဒါပေမယ့် နွားတင်ကုတ်ကမှစာရေးလို့အဆင်ပြေလိမ့်မယ်
တကယ်နွားတင်ကုတ်အစစ်က နှောက်ချေးနံ့ပဲထွက်လိမ့်မယ်
ဒီမှာစာရေးရတာ အာရုံကိုနစ်ထားလို့မရဘူး
စာကောင်းကောင်းရေးနိုင်ဖို့ ပြောင်းမှဖြစ်တော့မယ့်ကိန်းပဲဗျာ

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ကွာ

အဲ့လိုပဲသဘောထားမိပါရဲ့

အချို့လူတွေကငွေဒဏ်မခံနိုင်ကြဘူးအစ်ကိုရဲ့

ငါတော့လူဒဏ်ကိုခံနိုင်ရည်ရှိအောင်လေ့ကျင့်နေရတယ်ဝေ့

ရှိကောင်း မရှိကောင်းဆိုတဲ့အထဲမှာ ပတ်ဝန်းကျင်လဲပါမယ်ထင်တယ်အစ်ကို

အေးဟုတ်မယ်ဟ
နင်ပြောမှပဲဒီစာသားလေးသဘောကျမိတယ် ဟဲဟဲ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59605.87
ETH 2518.81
USDT 1.00
SBD 2.44