ဒီတစ်နေ့ရဲ့လုပ်ဆောင်မှုတချို့

in #esteem6 years ago

image
ဒီတစ်ရက် ကျွန်နော်စာရေးတင်တာနောက်ကျခဲ့ရတယ်………။
စာရေးနောက်ကျတဲ့အဓိကအကြောင်းရင်းကတော့ အထွေအထူးအကြောင်းကြောင့်တော့မဟုတ်ပါဘူးဗျာ……………။
ကျွန်နော်စာရေးဖို့အချိန်ကိုစောင့်နေရလို့ပါပဲ………။
ဘာကြောင့်အချိန်ကိုစောင့်နေရတာလဲလို့ စာဖတ်သူတွေဘက်က မေးကောင်းမေးနိုင်ပါလိမ့်မည်…………။
တွေးကောင်းတွေးပါလိမ့်မည်…………။
မေးသည်ဖြစ်စေ တွေးသည်ဖြစ်စေ ရင်ကိုဖွင့်ဟ ရပေဦးမည်………………။
image
ဒီနေ့ကျွန်နော်အပြင်အလုပ် အားလပ်တဲ့နေ့တစ်ရက်ပါ…………။
ဒါပေမယ့် စာရေးဖို့အချိန်ကို ညနက်သန်းခေါင်လောက်မှ ရေးမယ်ဟု ကိုယ့်အတွေးနဲ့ကိုယ် ချိန်ကိုက်ပြီး သန့်ရှင်းရေးမလုပ်တာ ကြာခဲ့ပြီးဖြစ်သော ကျွန်နော်ငှားနေတဲ့ နွားတင်းကုတ်လောက် ကြည့်ရှုချင်စဖွယ်မကောင်းလှသော အခန်းငယ်လေးကို ရှင်းလင်းခဲ့တာ တစ်နေ့သာကုန်ဆုံးလို့
နေဝင်မိုးချုပ်သွားခဲ့ပါပြီ……………။
image
ထိုအချိန်မှာ အိမ်သန့်ရှင်းလင်းခြင်း ပြီးဆုံးသွားခဲ့သော်လည်း မလျှော်ဖွတ်တာကြာပြီဖြစ်သော ကျွန်နော်ရဲ့အဝတ်စားတွေကို လျှော်ဖွတ်သန့်စင်ရန် ကျန်ရှိနေသေးတာပေါ့ဗျာ……………။
ညမိုးချုပ်ချိန်ရောက်တော့ ကျွန်နော်ခေတ္တလောက်တော့ အနားယူပါတယ်………။
စူပါကော်ဖီမစ်နှစ်ထုပ်လောက်ကိုဖောက်ပြီးတော့ ဖန်ခွက်တစ်လုံးထဲထည့် အသင့်ပွက်ပြီးသား ရေးနွေအနည်းငယ်ကို ကော်ဖီမစ်ထည့်ထားသော ဖန်ခွက်ထဲသို့ထည့်ကာ စီးဂရက်တစ်လိပ်နဲ့ တစ်ရက်သာ ရှင်းလင်းခဲ့သောအခန်းငယ်လေးအား ပြန်လည်ကြည့်ရှုခံစားရင်း အမောဖြေနေလိုက်ပါတယ်……………။
ဖန်ခွက်ထဲက ကော်ဖီမစ်နဲ့ စီးဂရက်တစ်လိပ်သောက်လို့ ပြီးဆုံးချိန်မှာတော့ လျှော်စရာအဝတ်အစားတို့ကို ဆိုလာမီးရောက်အောက်မှာ ဟန်ပါပါနဲ့ စတင်လျှော်ဖွတ်လိုက်ပါတော့တယ်……………။
ဒီလိုနဲ့ ဆိုလာမီးရောင်အောက်မှာ ဟန်ပါပါနဲ့ အဝတ်အစားတွေကို လျှော်ဖွတ်လိုက်တာ ညကိုးနာရီခွဲလောက်မှ အဝတ်စားအားလုံးလျှော်ဖွတ်ပြီးဆီးခဲ့ပါတယ်………………။
လျှော်ဖွတ်လို့ပြီးဆီးသွားပြီးဆိုတော့ ရေချိုးလိုက်တော့တာပေါ့ဗျာ………။
image
ဆယ်နာရီခွဲလောက်မှာထ္မင်းစား တီဗီကြည့် ပြီး တစ်နေ့တာပင်ပန်းနွမ်းနည်ခဲ့သမျှကို ပြေပျောက်ရေးအတွက်နဲ့ ဒီနေ့တစ်ရက် အချိန်မှီအောင် ပိုစ့်တင်ပြနိုင်ရေးအတွက် ခေတ္တခဏ အိပ်စက်အနားယူလိုက်ပါတယ်ဗျာ………………။
ညဆယ်နာရီခွဲလောက်မှာ အနားယူအိပ်စက်ရာမှနိုးထလိုက်ပြီး စာရေးပိုစ့်တင်ရန် စိတ်ကူးအတွေးတွေကို နယ်မြေချဲ့ထွင်းလိုက်သောအခါ ဒီနေ့ဘာလုပ်ခဲ့သလဲ?
ဒီတစ်ရက်သာ ဖြတ်သန်းခြင်း၌ မည်သည့် ခံစားမှုများ ဖြစ်ပေါ်လာခဲ့သလဲ?ဆိုတာကို မနက်ဖန်ည၌ နောက်ထက်ခေါင်းစဉ်တမျိုးနဲ့ ဒီအကြောင်းရဲ့ဆက်ဆက်မှုများရှိသော အကြောင်းကို ရေးချတင်ပြပါဦးမယ်ခင်ဗျာ……………။
စိတ်ကူးထဲပေါ်လာသလိုတွေ ရေးချလိုက်တာပါဗျာ………။
ဒီနေ့တစ်ရက် ဖြစ်ပေါ်တွေ့ကြုံသမျှကို ရေးချလိုက်ရင် ရှည်လျားသော စာတစ်ပုဒ်ဖြစ်သွားမှာကြောင့် ဒီလောက်နဲ့ပဲ စာကိုအဆုံးသတ်လိုက်ပါရစေခင်ဗျာ…………။
image
author:@thura
photo:my
photos:cedit google images

Sort:  

ရေးနိုင်လိုက်တာ ဒီလောက်အများကြီးကို

ဒီထက်ရှည်သွားရင်မျက်စီညောင်းသွားလိမ့်မယ်
ရေးရင်စာကိုအပြီးဖြတ်လိုက်ရတယ်ဗျာ

သိပ့်များလွန့်တဲ့အလုပ်တွေပဲ

ဒီလိုပဲလုပ်နေရတယ်ပါပဲဟာ

ကော်ဖီလည်းလျော့သောက် ဆေးလိမ်တွေလည်းတအားမသောက်နဲ့အစ်ကိုရေ

အေးပါကွာ
လျော့တော့သောက်နေတာပါပဲ
စာရေးတဲ့အချိန်လောက်တော့မသောက်ပဲကိုမနေနိုင်ဘူးလေ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59398.61
ETH 2510.08
USDT 1.00
SBD 2.43