ကြောက်စရာအကောင်းဆုံး

in #esteem8 years ago

မုသားစကားတွေ ....
ပြောပြီး လှည့်စားတတ်တဲ့ နှုတ်ခမ်းလေးတွေဟာ
ကြောက်စရာ အကောင်းဆုံးပါပဲ...

ကိုယ့်ကို တကယ်ခင်မင်သလိုလိုနဲ့ဟန်ဆောင်ခင်မင်မှု့ မျိုး နဲ့..
အသုံးချတတ်တဲ့ သူတွေ မျိုး တွေဟာလဲ
ကြောက်စရာ အကောင်းဆုံးသူတွေပါပဲ...

ရှေ့ကျ ချီးမွန်းသလိုလိုနဲ့..
ကိုယ့်နောက်ကွယ်မှာ အတင်းပြောတဲ့ သူတွေ မနာလို လိုက်ပြိုင်ဆိုင်တတ်သူတေဟာ လဲ
ကြောက်စရာ အကောင်းဆုံးပါပဲ...

သူအလိုရှိမှ ကောင်းတတ် ပြီး..
သူ လိုမရှိရင် မကောင်းတဲ့သူတွေ
လိုတမျိုး မလိုတမျိုးနဲ့ သူတွေဟာ
ကြောက်စရာ အကောင်းဆုံးပါပဲ...

နှုတ်ဖျားက ချိုသာပြီး မျက်လုးံက ကြံစည်တတ်တဲ့ မြေခွေး လို သူတေ ဟာလဲ
ကြောက်စရာ အကောင်းဆုးံ ပါဘဲ..

သူဌေး လိုလို ခွေး လိုလို ကြွားလုးံထုတ်ပြီး
အကြွေး ပတ်လည်ဝိုင်း နေတဲ့ မိတ်ဆွေမျိုး နဲ့
အလုပ်စပ်တူ လုပ်ကိုင်မိရင် ကိုယ့် လုပ်ငန်းအတွက် တစ်နေ့မှာ ကြောက်စရာ ကောင်းလာမှာပါဘဲ...

ပညာတတ် အသိဉာဏ်ရှိယောင်ဆောင်ပြီး
ဘာတစ်ခုမှ ဘဝ မှာ အခြေခိုင်အောင် မစီစဉ်
တတ်သူ လုပ်ရပ်တိုင်း ရလာဒ် မကောင်းတဲ့သူ ဟာလဲဘဝ နေထိုင်ဖြတ်သန်း မှု့ပုံစံမှာကြောက်စရာ ကောင်းလာမှာပါဘဲ..

စကားလုံးလှလှလေးတွေသုံးပြီး
လှည့်စားနေတဲ့သူတွေဟာ
ကြောက်စရာ အကောင်းဆုံးပါပဲ...လေ

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.074
BTC 63723.62
ETH 1680.06
USDT 1.00
SBD 0.42