"ဘဝအတွက်​​အောင်​မြင်​​အောင်​စာဖတ်​ပါ"

in #esteem7 years ago

image
credit from google photo

ဘဝအတွက်​​အောင်​မြင်​ချင်​ရင်​​တော့....အ​ချောင်​ခိုမ​နေဘဲ... ဗဟုသုတများလား​အောင်​ စာဖတ်​​ပေးပါ။

'တပည့်တော်တို့ က ကျောင်းမနေခဲ့ရဘူး၊
အတန်းလည်း ဘာမှ ဟုတ္တိပတ္တိ အောင်ခဲ့တာ မဟုတ်ဘူးဘုရား၊ ဒါ့ကြောင့် ဘယ်အရာပဲလုပ်လုပ် အောင်မြင်မှာ မဟုတ်ပါဘူး၊ ဒီတစ်သက်တော့ ခေါင်းဆောင်လည်း ဖြစ်မှာမဟုတ်တော့ပါဘူး'

အသိတစ်ချို့ဆီကနေ မကြာမကြာ ကြားကြားနေရတတ်တဲ့ ခွန်အားမဲ့ စကားတွေ ဖြစ်ပါတယ်

တကယ်တော့ လူတစ်ယောက်ဟာ
ဘာမှ စိတ်ဓာတ်ကျစရာ စိတ်အားငယ်စရာ
မလိုပါဘူး

လူတစ်ယောက် အောင်မြင်တာ မအောင်မြင်တာ
ခေါင်းဆောင်ဖြစ်တာ မဖြစ်တာ
ဘဝတိုးတက်တာ မတိုးတက်တာတွေဟာ 'အတန်းတွေ အောင်တာ မအောင်တာ၊
ဘွဲ့ဒီဂရီတွေ ရခဲ့တာ မရခဲ့တာတွေနဲ့ မဆိုင်သလို ဘွဲ့ဆိုတဲ့ပေတံ အတန်းဆိုတဲ့ပေတံတွေနဲ့ 
တိုင်းတာသတ်မှတ် ဆုံးဖြတ်လို့ လည်း မရပါဘူး

တိုင်းတာသတ်မှတ် ဆုံးဖြတ်ရင်
မှားပါလိမ့်မယ်

အမေရိကန်သမ္မတ အေဗရာဟင် လင်ကွန်းကို လူတိုင်းလိုလိုမဟုတ်တောင် အများစုကတော သိကြပါတယ်
သူဆိုရင် ကျောင်းတစ်နှစ်ပဲ တက်ခဲ့ဖူးတာပါ

ဒါပေမယ့် လင်ကွန်းဟာ
အမေရိကန်သမ္မတ ဖြစ်ခဲ့ပါတယ်

ဘာ့ကြောင့်လဲ

အမေရိကန်သမ္မတ လင်ကွန်းဟာ
ကျောင်းတစ်နှစ်ပဲ တက်ခဲ့ရပေမယ့် အရာရာကို အလျော့မပေး စိတ်ဓာတ်မကျဘဲနဲ့ 
သူကြိုးစားခဲ့ပါတယ်

အဓိကကတော့
လင်ကွန်းဟာ ကျောင်းတစ်နှစ်ပဲ တက်ခဲ့ရတယ်ဆိုပေမယ့် စာတွေ အများကြီး ဖတ်ခဲ့ပါတယ်

လင်ကွန်းအနေနဲ့ ဘယ်လောက်ထိအောင် စာတွေ ဖတ်သလဲဆိုရင် စာအုပ်တစ်အုပ် ရဖို့ 
မိုင်းနှစ်ဆယ် လမ်းလျှောက်သွားခဲ့ပြီး စာအုပ်ငှါးဖတ်ခဲ့ရတဲ့ အထိပါ

မိမိတို့ ဟာ အမေရိကန်သမ္မတ လင်ကွန်းထက် အများကြီး ကံကောင်းပါတယ်
အခွင့်ရေးတွေလည်း အများကြီး လင်ကွန်းထက် သာပါတယ်

မိမိတို့ အနေနဲ့ စာဖတ်ချင်လား
မိမိတို့ အနီးနားမှာ စာအုပ်တွေ အများကြီး ရှိပါတယ်

ခြေလှမ်း ငါးလှမ်းလောက် လှမ်းလိုက်တာနဲ့ 
စာကြည့်တိုက်ထဲဝင်ပြီး (ယခု မိမိနေနေတဲ့ 
သန်လျင်၊သီတဂူဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်) မှာ စာအုပ်တွေ အများကြီး ရှိပါတယ်၊ ရွေးချယ်ပြီး
ဖတ်လို့ ရတဲ့ အခွင့်ရေးတွေ မိမိတို့ မှာ ရှိပါတယ်
ဒါဟာ လင်ကွန်းထက်စာရင် မိမိတို့ ကံကောင်းတာပါ

'စာဖတ်နော်၊
အားတဲ့အခါ အချိန်တွေကို အလကား မဖြစ်စေနဲ့ ၊
စာမေးပွဲတွေ အောင်မှ ဘဝတိုးတက်တာ မဟုတ်ဘူး၊
ဘွဲ့ဒီဂရီတွေရမှ ဘဝတိုးတက်တာ မဟုတ်ဘူး၊
စာဖတ်နေတဲ့ လူတစ်ယောက်ဟာလည်း အရာရာ အောင်မြင်တယ်၊ လူတွေရဲ့အလယ်မှာ ဘယ်တော့မှ အောက်တန်းမကျဘူး၊ ဒါ့ကြောင့် စာမေးပွဲကျလို့ ဆိုပြီး စိတ်တွေ ညစ်မနေနဲ့ ၊ စာပဲ ဖတ်နေ၊ လူတွေရဲ့ အထက်မှာ နေရတယ်၊ လူတွေရဲ့ အလေးပေးခြင်းကိုလည်း ခံရတယ်' လို့ 
မိမိနဲ့ အသက်ရွယ်တူကောင်လေး ကောင်မလေးတစ်ချို့ကို အကြံပြုဖြစ်ပါတယ်

အတန်းမအောင်ခဲ့လို့ 
ဘွဲ့တွေမရခဲ့လို့ ဆိုပြီး စိတ်တွေ ညစ်မနေပါနဲ့ 
အချိန်ကုန်ခံပြီး စိတ်ဓာတ်တွေ ကျမနေပါနဲ့ 

လက်ရှိပစ္စုပ္ပန်အချိန်လေးမှာ စာဖတ်ပါ
အချိန်ရှိသရွေ့ အားရင် စာဖတ်နေပါ

ဒါဆိုရင် ခေါင်းဆောင်ကောင်း တစ်ယောက်
ဘဝတိုးတက် အောင်မြင်သူတစ်ယောက်
ထိပ်တန်းရောက်သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ 
မြေကြီးလက်ခတ်မလွဲ
မိမိအနေနဲ့ ယုံကြည်နေမိပါတယ်
စာအုပ်​စာ​ပေ..လူ့မိတ်​​ဆွေုဖစ်​တဲ့အတွက်​....​အောင်​မြင်​တဲ့
သူ​တွေဟာ....စာအုပ်​ကိုအမြဲဖတ်​​နေရပါမည်​။...ဘဝတိုးတက်​​အောင်​ကြိုးစားကြပါ။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62255.52
ETH 2449.42
USDT 1.00
SBD 2.63