ဆေးသောက်နည်း

in #esteem6 years ago

ဆေးသောက်လျှင် ရေနှင့်သောက်ရသည်ကို မသိသူမရှိပေ။ သို့သော် ဤလွယ်ကူ၍ အရေးကြီးသောကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင်ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကိုထိခိုက်နိုင်သည်။ သင် ဆေးသောက်တတ်ပါသလား
ဆေးသောက်လျှင် ရေနှင့်သောက်ရသည်ကို မသိသူမရှိပေ။ သို့သော် ဤလွယ်ကူ၍ အရေးကြီးသောကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင်ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကိုထိခိုက်နိုင်သည်။
ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့်၊ သကြား စသည်)တို့ကိုဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။ ဆေးအာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိကဆေးမှုန့်၏ အစာအိမ်အူလမ်းကြောင်းတွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင်သေးငယ်သော၊ ထောင်သောင်းမကသော အမှုန်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲပျော်ဝင်နေမှ သွေးထဲ
စုပ်ယူခံနိုင်မည်။ဆေးသောက်ပြီး ရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမို မြန်ဆန်မည်။
ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတစ်ခွက်သောက်ခြင်းဖြင့် စောလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကိုရေများများနှင့်သောက်ချခြင်းဖြင့် အာနိသင် မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊
ဆေးတောင့် တို့သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။
(ဥပမာ အက်စ်ပရင်၊ ပရိုဖင်။ အကိုက်အခဲပျောက်ဆေးမျိုးစုံ၊ ပရီနိုစလုံဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)

လှဲလျက်မသောက်ရ
“ဆေးသောက်သည့် အခါ မတ်တပ်ရပ်လျက် သို့မဟုတ် ထိုင်လျက် ဆေးသောက်ရမည် ။ လှဲ လျက်ဆေးမသောက်ရ။ ဆေးသောက်ပြီး ချက်ချင်းမလှဲရ။ အနည်းဆုံး ၃ မိနစ်၊ ၅ မိနစ် ဆက်လက်ထိုင်နေသင့် သည်။ နာတာရှည်ရောဂါသည်နှင့်အစာမျိုခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

အိပ်ခါနီးသောက်လျှင်
အိပ်ခါနီးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး ၂မိနစ်၊ ၃ မိနစ် ခန့်သွားလာလှုပ်ရှားပြီးမှ
အိပ်သင့်သည်။

နွားနို့နှင့်မသောက်သင့်
ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နှင့် ဖက်တီးအက်စ်ပါသည့် အတွက်ဆေးမှုန့်လေးများ၏ ပတ်ပတ်လည်တွင် အမှေးပါးတစ်ထပ်ဖြစ်ပေါ် လုပ်ဆောင်းထားတတ်သည်။ ထို့ပြင်နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်း များနှင့် ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်သည်။
ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊ ဘိလပ်ရည်တို့နှင့် ဆေးကို
မသောက်ရ။ ရေနွေးနွေးနှင့်သာ သောက်သင့်ပါသည်။ဆာလ်ဖာဆေးဝါးသောက်လျှင် ကျောက်တည်ခြင်းမှကာကွယ်ရန် အထူးသဖြင့် ရေများများ ပိုသောက်ရမည်။ အနည်းဆုံး ရေတစ်ပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရအင်၊ ကျောက်ကပ်ကာကွယ်ရာရောက်မည်။
အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများသောက်လျှင် ရေများများသောက်ရန် လိုအပ်သည်။ သို့မှသာကိုယ်ပူကျပြီး ချွေးများများထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။

သို့သော် မည်သည့် ဆေးကို သောက်သည်ဖြစ်စေ ရေများများသောက်ရမည်ဟူ၍ကား မဟုတ်ပေ။ အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅ မိနစ်ခန့်ကြာမှ ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းရစေရန် ဆေးပေးသူ ကို ဆေးသောက်ရမည့် အချိန် နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။

(တရုတ်ပြည်၊ ကျုံစန်းဆေးတက္ကသိုလ်မှ ၂၀၀၇ ခု၊ မေလထုတ်၊မိသားစုဆရာဝန်မဂ္ဂဇင်း)မှ ကောက်နုတ်ဘာသာပြန်သည်။)

ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)

FB_IMG_1526341007126.jpg
Do you drink
If you drink water, drink and did not know who. However, this is easy. Forget the important chain length, as well as compromise the esophageal.
The pills are normally the main washing powder and powder, Sugar, etc.) and press. Shaped. Length fast, slow, strong, Mild washing powder for your stomach depends intestinal route. Pills before being absorbed into the blood, stomach and small intestine route Thousands of small particles that are dissolved in the liquid has broken from the blood
To be able to absorb. ရေများများသောက် drink and drive will be absorbed into the blood infection faster.
Therefore, you do not drink a glass of warm water before drinking Saw track is wet. And drink plenty of water and be able to effect quick smart. ရေသောက်နည်း pills
The capsule, esophageal, Injuries can stomach wall.
(Eg aspirin, various programming elements. Pain relievers, Reno Security, Cancer Ruby Dora dark, etc.)

လွဲလ် I သာက်
"When medication must drink standing or sitting. Do not drink. I did not drink immediately. At least 3 minutes, Should sit 5 minutes more. Those chronic disease and swallowing difficult you should drink the liquid.

If you drink အိပျခါနီး
အိပျခါနီး Drink drank 2 minutes, if necessary After about 3 minutes of movement
Should be sleeping.

and should not drink milk
Drug and should not drink milk. Milk proteins and fatty acids in the powder around the four of membranes tend to result in a fall. In addition, milk contains rich calcium supplement, Phosphorous, The iron reacts with certain pharmaceutical products ought to be difficult to dissolve in salts which can be changed.
In addition, the broth, tea, coffee, green tea, Drinks, Aerated water and medicines
သာက်. You should drink only warm water and drink. Sulfur medicine to prevent kidney especially if you must drink more water. At least a half a bottle of water should be drunk on the same day (1500- mm). So that blood spilled, Urine, Would also protect the kidneys.
Painkillers, If you drink fever doses required ရေများများသောက်. So that the body temperature can Prevent shock risen more dense concentration.

any drugs or drink or ရေများများသောက် not say. Some cough drink drinking water takes about 5 minutes. Therefore, to attain good length inquired of the sure ways to drink must comply with the records.

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 64839.49
ETH 3551.25
USDT 1.00
SBD 2.32