ချစ်ခြင်းမေတ္တာ

in #esteem6 years ago

image

ချစ်ခြင်းမေတ္တာ

တစ်ခါတရံမှာ အတိတ်ကအချစ်ရေးမှာ
ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်
အချစ်ကိုနောက်တစ်ခါ ခံစားဖို့
ကြောက်ရွံ့နေတတ်သလို
ပတ်ဝန်းကျင်မှာရှိတဲ့ အဆင်မပြေတဲ့
အချစ်ရေးတွေကိုကြောက်ရွံ့ပြီး
အချစ်တွေကို မရှာဖွေရဲဘဲဖြစ်နေ
တတ်ပါတယ်။ တကယ်တော့
စာချစ်သူတို့ရေ… လူတိုင်းလူတိုင်းမှာ
ချစ်ခြင်းအစစ်ကိုပိုင်ဆိုင်ခွင့်ရှိသလို
တစ်ကြိမ်တစ်ခါအသည်းကွဲယုံနဲ့
အချစ်ကိုမထိုက်တန်ဘူးလို့ မယူဆသင့်ပါဘူး။ သင့်အနေနဲ့ အချစ်စစ်အချစ်မှန်ကို
ဘာကြောင့်ခံစားခွင့်ရှိတာလဲ
ဆိုတာလေးကို
ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၁။ သင့်မှာ လှပတဲ့မျက်နှာတစ်ခုနဲ့အတူ
သင့်ဘဝထဲကလူတွေကို ပျော်ရွှင်စေတဲ့နှလုံးသားတစ်စုံရှိပါတယ်။ သင့်ရဲ့စိတ်ပိုင်း
ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအလှနှစ်ခုကို
တန်ဖိုးထားမြတ်နိုးတဲ့သူတစ်ယောက်နဲ့
ထိုက်တန်ပါတယ်။သင်ဟာသင့်ဘေးနားကလူတွေကို နှလုံးသားနဲ့ရင်းပြီးချစ်တဲ့အတွက်
သင်ကိုယ်တိုင်အတွက်လည်း
စစ်မှန်တဲ့အချစ်တွေကိုရရှိဖို့ထိုက်တန်ပါတယ်။

၂။ လူအများစုဟာ ပျော်ရွှင်မှုတွေကို
ဝေမျှချင်တာရယ် ပျော်ရွှင်မှုတွေကို
ရရှိချင်တာရယ်ကြောင့်ဘဝလက်တွဲဖော်ကို ရှာဖွေကြပါတယ်။ တစ်စုံတစ်ယောက်နဲ့
ဝေမျှစရာ ဘဝအတွေ့အကြုံတွေ၊
ကြင်နာမှုတွေ၊ အသိပညာတွေဝေ
မျှတာနဲ့အမျှသင်ဟာလည်း
ပိုပြီးရင့်ကျက်လာပါတယ်။ ဒါကြောင့်
သင်ရွေးချယ်လိုက်တဲ့ဘဝလက်တွဲဖော်ဟာ
သင့်ဘဝကိုဖြည့်စွက်ချက်တစ်ခု
ဖြစ်လာနိုင်ပြီပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့
အဲဒီလိုချစ်ခြင်းတစ်ခုနဲ့
သင်အမှန်တကယ်ကိုထိုက်တန်ပါတယ်။

၃။ လောကကြီးမှာ ပြီးပြည့်စုံတဲ့လူဆို
တာမရှိပါဘူး။ သင့်မိသားစု၊သူငယ်ချင်း
တွေဟာ သူတို့ကိုယ်တိုင်က ပြီးပြည့်စုံတဲ့
သူတွေမဟုတ်သလို သင့်ရဲ့အားနည်းချက်တွေကို အရှိအတိုင်းလက်ခံပြီး သင့်ကိုချစ်ခင်ကြသူတွေပါ။ ဒါကြောင့် သင့်ရဲ့အားနည်းချက်
တွေကို လက်ခံပေးတဲ့အပြင် အားနည်းချက်
တွေအတွက် သိမ်ငယ်စရာမလိုစေတဲ့
ချစ်ခြင်းမျိုးနဲ့ သင်ထိုက်တန်ပါတယ်။

image

၎။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို
နားလည်အောင်လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သင့်ကိုယ်သင်နားလည်ဖို့ပါပဲ။ သင်ဘဝမှာဘာတွေဖြစ်ချင်တယ်။
လက်တွဲဖော်ကောင်းတစ်ယောက်မှာ
ဘာတွေလိုချင်တယ်ဆိုတာကို ပိုပြီးနားလည်လာစေတယ်၊ သူနဲ့တွေ့ပြီးနောက်မှာ
သင့်ကိုယ်သင်ပိုပြီးနားလည်လာစေတဲ့
သင့်ကိုယ်သင်ပိုပြီးမြတ်နိုးလာစေတဲ့
ချစ်ခြင်းတစ်ခုနဲ့ သင်ထိုက်တန်ပါတယ်။

၅။ အချစ်စစ်ဆိုတာ သင်တစ်ယောက်
တည်းဖြစ်မှာ စိုးရိမ်လို့ ချစ်သုကိုရွေးချယ်
လိုက်ရတာထက် သင့်ကိုပိုပြီး ရဲရင့်လာစေတဲ့သူ၊ သင့်ကိုပိုပြီးပျော်ရွှင်လာစေတာမျိုး၊
သူ့ရဲ့အချစ်ဟာ အခြားလူတွေသင့်ကို
ချစ်တဲ့အချစ်ထက် ပိုပြီးသာလွန်တာမျိုးပဲ
ဖြစ်သင်ပါ့တယ်။ ကမ္ဘာပေါ်မှာ ရှိသမျှ
ချစ်ခြင်းမေတ္တာတွေအားလုံးကို
သင်တစ်ယောက်တည်းပိုင်ဆိုင်ထားသလို ခံစားရစေတဲ့သူတစ်ယောက်ရဲ့
ချစ်ခြင်းနဲ့ သင်ထိုက်တန်ပါတယ်။

၆။ လူတိုင်းလူတိုင်းမှာ စိတ်မလုံခြုံမှုတွေ
အားနည်းချက်တွေရှိပါတယ်။
အရင်ကအချစ်နဲ့ ပတ်သက်ပြီးစိတ်ထဲမှာ
မလုံခြံမှုတွေကိုလည်း အနည်းနဲ့အများ
ခံစားရတတ်ပါတယ်။ ဒါပေမဲ့အချစ်ရေး
တစ်ကြိမ်တစ်ခါ အဆင်မပြေတာနဲ့ပဲ
သင့်ကိုယ်သင်ကံဆိုးသူကြီးအဖြစ်
သတ်မှတ်ထားလို့မရပါဘူး။ သင်ဟာ
အတိတ်ကနာကျင်ခြင်းတွေအားလုံးကို
ကုစားပေးမယ့်သူ၊ အချစ်စစ်အချစ်မှန်ရဲ့
သဘောတရားကို နားလည်လာစေ
မယ့်ချစ်သူနဲ့ ထိုက်တန်ပါတယ်။

၇။ သင်ပိုင်ဆိုင်ထားတဲ့အချစ်ဟာ
သင့်အမှားတွေကို ပြုပြင်ဖို့ အခွင့်အရေး
တစ်ခုပေးမယ့်အပြင် သင့်ရဲ့
တန်ဖိုးတွေကို ပိုမိုမြင့်မားလာအောင်
မြှင့်လာအောင် ကူညီပေးနိုင်တဲ့အချစ်တစ်ခု၊
ကမ္ဘာလောကမှာ ရှိတဲ့သူတွေထက်
ထူးခြားလှပတယ်လို့ ခံစားလာစေတ
ဲ့ချစ်ခြင်းတစ်ခုနဲ့ ထိုက်တန်ပါတယ်။

စာဖတ်သူတို့ရေ…

“သစ်ပင်မှန်ရင် အမြစ်နဲ့မကင်းသလို
လူမှန်ရင်အချစ်နဲ့ မကင်းဘူး” ဆိုသလိုပဲ
လူတိုင်းလူတိုင်းဟာ အချစ်ကို ကြုံတွေ့
နေရမှာပါပဲ။ သင်ပိုင်ဆိုင်ထားတဲ့ချစ်ခြင်းဟာ သင့်ဘဝကိုပိုမိုကောင်းမွန်တဲ့ အခြေအနေ
တစ်ခုကို ပံ့ပိုးမပေးနိုင်ဘူးဆိုရင်
သင့်အနေနဲ့ အမှန်တကယ်ထိုက်တန်တဲ့
ချစ်ခြင်းကို ပိုင်ဆိုင်သင့်နေပါပြီနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ
ရေးသားတင်ဆက်သည်။

photo : google

image

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61869.35
ETH 2414.51
USDT 1.00
SBD 2.63