ဖိုက်တင်း

in #esteem6 years ago

image

ဖိုက်တင်း

ဆယ်တန်း ကျသွားတဲ့ ညီ / ညီမတွေ အတွက် ထပ်ဖြည့်ပြောချင်တာက ...
ကိုယ့်ကို နှိမ်သလို ဆက်ဆံတဲ့ ပတ်ဝန်းကျင်ကို စိတ်နာလို့
ကိုယ့်ကို ဆူတဲ့ ဆရာ / ဆရာမ တစ်ယောက်ကို စိတ်နာလို့
စတဲ့ အကြောင်းပြချက်တွေနဲ့
ကိုယ်က ဆယ်တန်း ပြန်မဖြေရင်
အဲ့ဒီ ပတ်ဝန်းကျင် နဲ့ အဲ့ဒီ ဆရာ / ဆရာမ ကတော့ ဘာမှ ဖြစ်မသွားပေမယ့်
ကိုယ်ပဲ နစ်နာမယ် ဆိုတာ ညီ / ညီမတို့လည်း သိမှာပါ ။
🙂
image
ဆယ်တန်း မအောင်ရင်

  • ကိုယ် လေ့လာချင်တဲ့ အဆင့်မြင့် ပညာတွေ လေ့လာဖို့
    ကျောင်းကောင်းကောင်း တက်ခွင့်တွေ ဆုံးရှုံးရမယ် ။
  • ဘယ်နေရာ သွားသွား အားနည်းချက်ကြီး တစ်ခုရှိနေသလို
    ခံစားနေရတဲ့ သိမ်ငယ်စိတ်တွေကို ဖျောက်ဖို့ခက်မယ် ။
    အတော်ကြိုးစားပြီးမှ ဒီစိတ်ကို ဖျောက်နိုင်လိမ့်မယ် ။
  • အလုပ်လျှောက်ရင်တောင် အနိမ့်ဆုံး ပညာ အရည်အချင်းနေရာမှာ
    ခံနေတဲ့ ကန့်သတ်ချက်လေးတွေရှိလို့
    ဒီ ဆယ်တန်းတော့ ငါ အောင် အောင် ပြန်ဖြေမှ ဖြစ်မယ် ။
    ငါ လုပ်နိုင်ပါတယ် ဆိုတဲ့ စိတ်လေး တစ်ခု လူငယ်တွေ ရသွားဖို့ အကို ဒီ စာရေးတာပါ ။ 🙂
    အဲ့ဒီ စိတ်လေး ရသွားစေချင်တယ် ညီ / ညီမတို့ ရေ ။

ဘယ်နားကို ဘယ်လက်နဲ့ အလွယ် ကိုင်လို့ ရနေချိန်မှာ
ဘယ်နားကို ညာလက်နဲ့ ပတ်ကိုင်နေရတဲ့ ဘဝမျိုးတွေ
လူငယ်တွေကို အကို မရောက်စေချင်လို့ပါ ။

ကြိုးစားလျက်နဲ့ ကျတာလား ?
မကြိုးစားမိလို့ ကျတာလား ? <<<
ဆိုတာ ကိုယ့်ကိုယ်ကို သေချာစမ်းစစ်ပါ ။
တကယ် သေချာ စိတ်ထည့်ပြီး ကြိုးစားရင်
ညီ၊ညီမတို့လို လူငယ်အားမာန်နဲ့ ယှဉ်လိုက်ရင်
ဆယ်တန်းဆိုတာ ခပ်ပါးပါးလေးပါ 🙂
သေချာပေါက် အောင်မှာပါ ညီ / ညီမတို့ ရေ ။
🙂

ကိုဇင်ဇေ
image

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 68228.72
ETH 3279.36
USDT 1.00
SBD 2.67